Friday, July 17, 2015
ဒေါက်တာ စံရွှေအောင် မင်းပြားမဲဆန္ဒနယ်က ဝင်ပြိုင်အနိုင်ရဟိရေးအတွက် ပထမအကြိမ် တွိဆုံဆွေးနွေးပွဲပြုလုပ်
မင်းပြား (ဇူလိုင် ၁၈၊  ၂၀၁၅)
       ၂၀၁၅ အထွေထွေရွီးကောက်ပွဲမာ ဒေါက်တာ စံရွှေအောင် (နယ်စပ်ရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် / တာဝန်ခံ ညွှန်ကြားရေးမှူးချုပ်) မင်းပြား မဲဆန္ဒနယ်က ဝင်ပြိုင် အနိုင်ရဟိနိုင်ဖို့အတွက် ပထမအကြိမ် တွိဆုံဆွေးနွေးပွဲကို (၁၇-၇-၂၀၁၅) ရက်နိ နိခင်းဖက်သားက မင်းပြားမြို့၊ ကင်းဆိပ်-ခြိတ်တောင်လားလမ်း ဘေးမာ တည်ဟိရေ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း ခန်းမမာ ပြုလုပ်ခရေလို့ သတင်းရဟိပါရေ။
        ယင်းတွိဆုံဆွေးနွေးပွဲသို့ မင်းပြားမြို့က မြို့မိမြို့ဖတိ၊ လူမှုရေးအဖွဲ့အစည်းတိက ပုဂ္ဂိုလ်တိ၊ စီးပွားရေးလုပ်ငန်းရှင်တိ၊ အောက်ရွာပိုင်း၊ အလယ်ပိုင်း၊ ဦးစိုးတင့်၊ ဈီးဟောင်းပိုင်း၊ ကင်းဆိပ် စရေ ရပ်ကွက်တိက မြို့သူ/သားတိ၊ စုစုပေါင်း လူ (၂၀၀)ကျော်လောက် တက်ရောက်ခကတ်တေလို့ သိရပါရေ။
         ဒေါက်တာ စံရွှေအောင်စွာ ဒေဂု ၂၀၁၅ အထွေထွေရွီးကောက်ပွဲမာ ကြံ့ခိုင်ရေးပါတီကဝင်ပနာ မင်းပြားမဲဆန္ဒနယ် တခုခုက ဝင်ပြိုင်ဖို့စီစိုင်ထားကြောင်း၊ မင်းပြားမြို့သူ/သားတိ အများဆန္ဒက သူ့ကို ပြည်နယ်လွှတ်တော်က ဝင်ပြိုင်စီချင်ကြောင်း၊ ယေဒါလေ့ ဒေါက်တာ စံရွှေအောင် အနီနန့် မင်းပြားမြို့သူ/သားတိဧ့ သဖောထား၊ ရခိုင်ပြည်သူ/သားတိဧ့ သဖောထားနန့် လက်ဟိ နိုင်ငံရေးအနီအထားမာ မူတည်လို့ မင်းပြားမဲဆန္ဒနယ်တခုခုက ဝင်ပြိုင်ဖို့ စီစိုင်ထားကြောင်း၊ ဖြစ်နိုင်စွာက ပြည်နယ်လွှတ်တော်နန့် ပြည်သူ့လွှတ်တော် တခုခုက ဝင်ပြိုင်ဖို့အနီအထားမာ ဟိကြောင်း၊ ဆွေးနွေးပွဲသို့ တက်ရောက်လာကတ်တေ မင်းပြားမြို့သူ/သားတိ အားလုံးက ဒေါက်တာ စံရွှေအောင်ကို လက်ခံကတ်တေအတွက်နန့် တွိဆုံဆွေးနွေးပွဲရလဒ်က အောင်မြင်မှုဟိရေလို့ ဆိုနိုင်ကြောင်း၊ မင်းပြားမြို့နယ် လူမှုကူညီရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်ဇော်ဝင်း က ပြောပါရေ။
        " ကျွန်​​တော်​ကနိုင်ငံ​ရေး အာဏာမရယူလိုသူတယောက် အနီနန့်မဟုတ်​ဘဲ အမျိုးသား နိုင်ငံရေးလှုပ်ရှားသူ တယောက်အ​နီနန့် ပြောရဖို့ ဆိုပါကေ ကျွန်တော်​ရို့ ရခိုင်အမျိုးသားပါတီ (ANP) စွာ အစိုးရဖွဲ့နိုင်ဖို့ အလားအလာဟိရေ ပါတီကြီးတခုမဟုတ်​တေ အတွက်​ကြောင့်​ လက်ဟိ ရခိုင်​ပြည်​အတွင်း ရင်ဆိုင်​နီရ​ရေ စိန်ခေါ်​မူတိကို​​ ဖြီရှင်းပီးနိုင်ဖို့ မထင်ပါ။
         ယင်းအတွက်နန့် ရခိုင်​ပြည်​အတွင်း ရခိုင်​လူမျိုးတိ ရင်​ဆိုင်​​ဖြီရှင်း​နီကတ်​ရရေ စိန်ခေါ်မှုတိကို နိုင်ငံတကာနန့် ဒါရိုက်​ နဖူးတွိဒူးတွိဆက်​ဆံမှု၊ ရခိုင်​လူမျိုးတိဧ့ စည်းလုံးညီညွတ်​မှု၊ အ​ခြီခံနန့် အဆင့်​မြင့်​ပညာ​ရေး၊ ကျန်းမာ​ရေး၊ လူမှုဖုံလုံရေး၊ ကပ်ဘေးအန္တရာယ်​ ရင်ဆိုင်ရေးအစီမံတိ၊​ အောက်​​ခြီလူတန်းစားတိ အလုပ်​အကိုင်​ အခွင့်အလမ်း ရဟိနိုင်ရေး အစစ အရာရာတိကို  ရင်ဆိုင် ​ကူညီ ဖြီရှင်းပီးနိုင်ဖို့ ရခိုင်​လူမျိုး​ ခေါင်းဆောင်​တယောက် အမှန်ပင် အရေးတကြီး လိုအပ်နီရေ အတွက်ကြောင့် ဒေဂုပိုင် ပါဝင်လှုပ်ရှားရစွာ ဖြစ်ပါရေ။ "
        တွိဆုံဆွေးနွေးပွဲမာ အဓိက မင်းပြားမြို့မာ လူပြောများနီရေ ဒေါက်တာ စံရွှေအောင် ကြံ့ခိုင်ရေးပါတီကနီလို့ မင်းပြားမဲဆန္ဒနယ်တခုခုက ဝင်ပြိုင်အနိုင်ရခကေ ရခိုင်အမျိုးသားပါတီ ဆုံးရှုံးမှု ဟိနိုင်/မဟိနိုင်၊ ရခိုင်အမျိုးသားပါတီ ပြိုကွဲနိုင်/မပြိုကွဲနိုင်၊ အစဟိရေ အကြောင်းအရာတိကို တက်ရောက်လာကတ်တေ မင်းပြားမြို့သူ/သားတိက ပွင့်ပွင့်လင်းလင်း တင်ပြ ဆွေးနွေးခကတ်တေလို့ သိရပါရေ။
        မင်းပြား မဲဆန္ဒနယ် (၄)နီရာထဲက  (၁)နီရာကို သူက အနိုင်ရလားရေ ဆိုပါကေလေ့ ကျန် (၃)နီရာစွာ အင်အားကြီး ရခိုင်အမျိုးသားပါတီက အနိုင်ရဟိဖို့ ဖြစ်နိုင်ရေအတွက်နန့် ရခိုင်အမျိုးသားပါတီ အတွက် ဆုံးရှုံးနစ်နာမှု မဟိနိုင်ကြောင်းကို တက်ရောက်လာကတ်လူ အားလုံးက နားလည် သဖောပေါက်တေအတွက်နန့် ဒေါက်တာ စံရွှေအောင်ကို လက်ခံခကတ်တေလို့ သိရပါရေ။
         ဒေါက်တာ စံရွှေအောင်စွာ ကြံ့ခိုင်ရေးပါတီက ဝင်ပနာ မင်းပြားမြို့ မဲဆန္ဒနယ် (၄)ခုထဲက ဇာမဲဆန္ဒနယ်က ဝင်ပြိုင်ဖို့ဆိုစွာ အတိအကျ မသိရသိပါ။ သူစွာ ပြည်နယ်လွှတ်တော်က ဝင်ပြိုင်ဖို့ကျခကေ မင်းပြားမြို့နယ် တောင်ပိုင်း အမှတ်(၂) မဲဆန္ဒနယ်က ဝင်ပြိုင်ဖို့ အလားအလာ များပြီးကေ အင်အားကြီး ရခိုင်အမျိုးသားပါတီက အနိုင်​ရ လွှတ်​​တော်​ ကိုယ်စားလှယ်​​လောင်း ဦးလှအောင်ညွန့်နန့် ပြိုင်ရဖို့ဖြစ်ပါရေ။ ပြည်သူ့လွှတ်တော်ကရာ ဝင်ပြိုင်ဖို့ကျခပါကေ အင်အားကြီး ရခိုင်အမျိုးသားပါတီက အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစစ်နိုင်နန့် ပြိုင်ကတ်ရဖို့ ဖြစ်ပါရေ။
မင်းပြား - သတင်း
  18 - 7 -2015
No comments:
Post a Comment