Tuesday, July 28, 2015

မင်းပြားမြို့နယ်တခုလုံး အညာရီနစ်မြုပ် (၂၈-၇-၂၀၁၅)

  မင်းပြား (ဇူလိုင် ၂၈၊ ၂၀၁၅)

        ရခိုင်ပြည်၊ မင်းပြားမြို့နယ်မာ မိုး (၄/၅) ရက် ဆက်တိုက် ရွာသွန်းမှုကြောင့် (၂၆-၇-၂၀၁၅) ရက်နိကပင်စလို့ မင်းပြားမြို့နယ် တခုလုံးနီပါး အညာရီ ဖုံးလွှမ်းဒဏ်ကို ခံနီကတ်ရေလို့ သိရပါရေ။

       မင်းပြားမြို့နယ် မြောက်ပိုင်း၊ လေးမြို့မြစ်တလျောက် ရွာတိမာ အညာရီစွာ လူတရပ်နီးပါး၊ ရင်လောက်၊ ခါးလောက် မြင့်တက်လာရေ အတွက်နန့် အိမ်နိမ့်ရေ မိသားစုတိစွာ ဘုန်းကြီးကျောင်းမာတမျိုး၊ တောင်တိမာတဖုံ ရီလွတ်ရာမာ ယာယီ ခိုလှုံနီကတ်ရရေလို့ သိရပါရေ။

       မင်းပြားမြို့ထက်မာလေ့ (၂၇-၇-၂၀၁၅) ရက်နိကပင်​စလို့ ရပ်ကွက်အများစု ရီမြုပ်ခပြီးကေ (၂၈-၇-၂၀၁၅) ရက်နိမာ (ကမ်းနားလမ်းနန့်  ကျိန်းတောင်ခြီရင်း စွန်ရဲလမ်းရို့ကလွဲကေ) တမြို့လုံးနီးပါး ရီမြုပ်ပနာ (၂၇) ရက်နိကထက် ရီပိုလို့ မြုပ်စွာကို တွိရပါရေ။ ဌာနဆိုင်ရာ ကျောင်း/ရုံးတချို့လေ့ အညာရီမြုပ်စွာကို ခံနီရပါရေ။

        ဒေ အညာရီ နစ်မြုပ်မှုကြောင့် စပါးပျိုးပင်တိ ပျက်စီးပနာ လယ်သမားတိ စိတ်ဒုက္ခရောက်နီကတ်ရပါရေ။ လယ်သမား အများစုက စပါးကို ပျိုးပြီးခါမ စိုက်ကတ်ပါရေ။ စပါးပျိုးပင်တိက ကြီးလာလို့ စိုက်ဖို့တောင် အချိန်တန်နီပါယာ။ ဒေပိုင်အချိန်မျိုးမာ အညာရီကြီးကေ ပျိုးပင်တိ အားလုံး သီလီပါဖို့ယာ။ ပြန်လို့ ပျိုးဖို့လေ့ အချိန်မမီနိုင်ရေ အတွက်ကြောင့် ဒေနှစ်ခါ လယ်သမားတိ အခက်အခဲတိ အများကြီး ကြုံတွိနိုင်ပါရေလို့ မင်းပြားမြို့နယ်က လယ်သမားတယောက်က ပြောပါရေ။

        ဒေဂု အညာရီကြီးမှုစွာ ၂၀၁၅ ခုနှစ် မင်းပြားမြို့မာ ဒုတိယအကြိမ် ရီကြီးစွာဖြစ်ပြီးကေ ပထမအခေါက်ကထက် ရီမြင့်တက်ပနာ ပျက်စီးဆုံးရှုံးမှုတိ ပိုလို့အများကြီး ဟိနိုင်ပါရေ။

        ဒေဂု လက်ဟိ ဘင်္ဂလားပင်လယ်အော်မာ ဖြစ်ပေါ်နီရေ ဆိုင်ကလုန်း မုန်းတိုင်းကြောင့် နောက်ထပ် မိုးအများကြီးရွာလာနိုင်ပြီးကေ ဖြားကြီးရက်တိ ဖြစ်နီရေအတွက်နန့်​ ဒေထက်ပိုလို့ အညာရီမြင့်တက်လာနိုင်ရေလို့ အတွိအကြုံဟိရေ လူကြီးတိက ပြောနီကတ်ပါရေ။

      
မင်းပြား - သတင်း
  28 - 7 - 2015

       

No comments:

Post a Comment