Tuesday, August 4, 2015

စစ်တွေမြို့၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့က ဦးဆောင်လို့ မင်းပြား ရီဘေးဒုက္ခသည်တိအတွက် ထောက်ပံ့ပစ္စည်းတိ လာရောက်ပီးအပ်

မင်းပြား (သြဂတ် ၃၊ ၂၀၁၅)

       ရခိုင်ပြည်၊ မင်းပြားမြို့ ရီဘေးဒုက္ဂ္ခသည်တိအတွက် စစ်တွေမြို့၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့က ဦးဆောင်ပနာ ထောက်ပံ့ပစ္စည်းတိကို မင်းပြားမြို့ ရီဘေးဒုက္ခသည်များ ထောက်ပံ့ရေး အဖွဲ့သို့ (၃-၈-၂၀၁၅) ရက်နိက လာရောက်ပီးအပ်ခရေလို့ သတင်းရဟိပါရေ။

        စစ်တွေမြို့၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့က ဦးဆောင်ပြီးကေ  စစ်တွေမြို့မိ/ဖတိ၊ NGO တိ၊ အလှူရှင်တိ စုပေါင်းလှူဒါန်းရေ ဖေသာ ကျပ်သိန်း (၂၀၀) ကျော် တန်ဖိုးဟိရေ ပုဆိုး၊ ခြင်ထောင်၊ မုန့်ခြောက်၊ သဗုန်၊ ရီပုံး၊ ရီခွက်၊ ဆီးဝါး အစဟိရေ ပစ္စည်းအမျိုးအစား (၃၅) မျိုးကို လာရောက်ပီးအပ်ခစွာ ဖြစ်ပါရေ။

        ယင်း ထောက်ပံ့ပစ္စည်းတိကို စစ်တွေမြို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့က တာဝန်ဟိပုဂ္ဂိုလ်တိက  ရီ​ဘေးဒုက္ခသည်​များ ​ထောက်​ပံ့​ရေး စခန်း တည်​နီရာဖြစ်​​တေ ကျိန်း​တောင်​တက်​လမ်းနားက ဓမ္မိကာရုံ ဘုန်းကြီး​ကျောင်းမာ လွှဲပြောင်းပီးအပ်ခပြီးကေ မင်းပြား ရီဘေးဒုက္ခသည်များ ထောက်ပံ့ရေးအဖွဲ့ တာဝန်​ဟိလူတိက လက်ခံခရေလို့ သိရပါရေ။

       ယင်း ထောက်ပံ့ပစ္စည်းတိကို မင်းပြားမြို့နယ်က ရီဘေးသင့် ပြည်သူတိ လက်ထဲသို့ရောက်အောင် မင်းပြား ရီဘေးဒုက္ခသည်များ ထောက်ပံ့ရေးအဖွဲ့က တာဝန်ယူ ဖြန့်ဝီပီးလားဖို့ ဖြစ်ပါရေ။

       အဂုပိုင် မင်းပြား ရီဘေးဒုက္ခသည်တိအတွက် ထောက်ပံ့ပစ္စည်းတိကို အပင်ပန်းခံပနာ လာရောက်ပီးအပ်ခရေ စစ်တွေမြို့၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့က တာဝန်ဟိ ပုဂ္ဂိုလ်တိနန့် စစ်တွေမြို့မိ/ဖတိ၊ NGO တိ၊ အလှူရှင်တိကို မင်းပြားမြို့သူ/သား၊ ရွာသူ/သားတိကိုယ်စား ကျေးဇူးတင်ဟိပါရေ။

မင်းပြား - သတင်း
   3 - 8 - 2015

No comments:

Post a Comment