Sunday, August 9, 2015

ရခိုင်ပြည် တိုင်းရင်းသားရေးရာဝန်ကြီး မင်းပြားမြို့နယ်က ရီမြုပ်သီဆုံးသူ (၁၀) ယောက် အတွက် ထောက်ပံ့ငွေ လာရောက် ပီးအပ်

မင်းပြား (သြဂတ် ၇၊ ၂၀၁၅)

       ရခိုင်ပြည်၊ မင်းပြားမြို့နယ်မာ (၃၀-၇-၂၀၁၅) ရက်နိက အညာရီနစ်မြုပ် သီဆုံးလားခရေ လူ (၁၀) ယောက်အတွက် ရခိုင်ပြည်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးကိုကိုနိုင်က (၇-၈-၂၀၁၅) ရက်နိကခါ ထောက်ပံ့ငွေ လာရောက်ပီးအပ်ခရေလို့ သတင်းရဟိပါရေ။

         အညာရီ လောင်းမြုပ်လို့ သီဆုံးလားခရေ မင်းပြားမြို့နယ်၊ မြစ်နားရွာက (၉)ယောက်၊ အဝရွာက (၁)ယောက်၊ စုစုပေါင်း (၁၀)ယောက် အတွက် ထောက်ပံ့ဖေသာ ပီးအပ်ခစွာလို့ သိရပါရေ။

         ထောက်ပံ့ကြေး ပီးအပ်ပွဲ အခမ်းအနားကို အထက(ခွဲ)မင်းရွာ ကျောင်းမာ ယင်းနိ မိုးထ (၁၁) နာရီ အချိန်လောက်က ပြုလုပ်ခပြီးကေ သီဆုံးလားခလူ (၁)ယောက်စီ အတွက် ဖေသာ ကျပ် (၁)သိန်းစီကို ဝန်ကြီး ဦးကိုကိုနိုင်က ပီးအပ်ခပြီးကေ သက်ဆိုင်ရေ မိသားစုဝင်တိက လက်ခံရယူခရေလို့ သိရပါရေ။

       ယင်းနောက် မင်းပြားမြို့နယ် ဒုတိယမြို့နယ်ပညာရေးမှူး ဦးဦးမောင်သန်းက သီဆုံးလားရေ အထက(ခွဲ)မင်းရွာက ဒုတိယတန်း ကျောင်းသူ မမချေ (ခ) မစုသန်းဌေး (အသက်-၈ နှစ်) အတွက် ထောက်ပံ့ငွေ ကျပ် (၁)သိန်း ထောက်ပံ့ပီးခရေလို့ သိရပါရေ။

       နောက်ထပ် မင်းပြားမြို့နယ် ပြည်ခိုင်ဖြိုးပါတီကလည်း သီဆုံးလားလူ (၁၀) ယောက်အတွက် တယောက် ဖေသာ ကျပ် (၂)သောင်းစီ ထောက်ပံ့ပီးခရေလို့ သိရပါရေ။

      မင်းပြားမြို့နယ်မာ ဇူလိုင်လ အညာရီ မြင့်တက်လာမှုကြောင့် ရီလွတ်ရာကို လောင်းစီး ထွက်ပြီးကတ်စွာမာ လှိုင်းလီပြင်းလို့ လောင်းမြုပ်၊ ရီမြုပ်သီဆုံးလားလူ (၁၆)ယောက် ဟိခပါရေ။

      
မင်းပြား - သတင်း
   7 - 8 - 2015

No comments:

Post a Comment