မင်းပြား (သြဂတ် ၆၊ ၂၀၁၅)
ရခိုင်ပြည်၊ မင်းပြားမြို့နယ်က ရီဘေးဒုက္ခသည်တိ အတွက် ကျောက်ဖြူ တမြို့လုံး အလှူရှင်တိစုပေါင်းလို့ (၆-၈-၂၀၁၅) ရက်နိက အစားအစာ ရိက္ခာတိ လာရောက် လှူဒါန်းခကတ်တေလို့ သတင်းရဟိပါရေ။
ကျောက်ဖြူတမြို့လုံးက စုပေါင်းလို့ ပါဝင်လှူဒါန်းကတ်တေ ဆန်အိတ် (၄၈၆)အိတ်၊ ဆားအိတ် (၅၀)၊ မာမားခေါက်ဆွဲ အိတ်ကြီး (၅၅)အိတ်၊ ရီသန့် ၁၂ လုံးပါရေ အကတ် (၃၀၀)ကတ်၊ ငနီတူခြောက် (၁၀၀၀) ပိဿာ၊ ဖယောင်းတိုင် အထုတ် (၁၀၀၀) နန့် အဝတ်တိ ကို မင်းပြားမြို့နယ် ရွာ (၉) ရွာသို့ လူဦးရွီ အချိုးအစားအရ ထောက်ပံ့ပီးခကြောင်း၊ လူတယောက်ကို ဆန် (၈)ဘူး နှုန်းစီ ပီးခစွာဖြစ်ကြောင်း ကိုယ်တိုင် ကိုယ်ကျ လားရောက် ထောက်ပံ့ပီးခီရေ ကျောက်ဖြူက ကိုသန်းလွင် က ပြောပါရေ။
လားရောက် ထောက်ပံ့ခီကတ်တေ ရွာတိနန့် ဆန်အိတ် အရွီအတွက်က -
(၁) သေကံရွာ - ဆန် (၁၀၀) အိတ်
(၂) စက်ရုံမော်ရွာ - ဆန် (၅) အိတ်
(၃) အမ်းသားရွာ - ဆန် (၃၀) အိတ်
(၄) ဖားပြို(ရခိုင်) - ဆန် (၇၅) အိတ်
(၅) ဖေသာပြင် - ဆန် (၁၀၄) အိတ်
(၆) ကြက်ယက် - ဆန် (၄၂) အိတ်
(၇) အထက်ငှက်ပျောချောင်း - ဆန် (၇၀) အိတ်
(၈) ဒုံကြီး + (၉) ဒုံးသား - ဆန် (၁၀၅) အိတ်
ဖြစ်တေလို့ သိရပါရေ။
အဂုပိုင် မင်းပြားမြို့နယ်က အမျိုးတိ ဒုက္ခရောက်နီရေအချိန် စေတနာအပြည့်အဝနန့် အစားအစာ ရိက္ခာတိကို စုပေါင်းလှူဒါန်းပီးကတ်တေ ကျောက်ဖြူမြို့သူ/သားတိကို မင်းပြားမြို့နယ်သူ/သားတိ ကိုယ်စား ကျေးဇူး အများကြီးတင်ဟိပါကြောင်း မှတ်တမ်းတင်အပ်ပါရေ။
မင်းပြား - သတင်း
6 - 8 - 2015
No comments:
Post a Comment