Wednesday, March 30, 2016

"အားမာန်" ကျို့(ခ်)ရှင်း ကရာတေးအသင်းမှ မင်းပြားမြို့၌ နွေရာသီ ကရာတေးသင်တန်း ဖွင့်လှစ်လျှက်ရှိ

မင်းပြား (March 31, 2016)

မင်းပြားမြို့ရှိ လူငယ်များအတွက် မရှိမဖြစ် တတ်ထားသင့်သည့် ကရာတေးသင်တန်းကို "အားမာန်" ကျို့(ခ်)ရှင်း ကရာတေးအသင်းမှ မင်းပြားမြို့၊ ရာမောင်ခန်းမ၌ ဖွင့်လှစ်ပေးလျှက်ရှိကြောင်း သိရသည်။

သက်တန်းကာလမှာ အပတ်စဉ်တစ်ခုလျှင် (၃)လ ကြာမြင့်မည်ဖြစ်ပြီး တနင်္ဂနွေနေ့မှလွဲ၍ နေ့စဉ် ညနေ (၄)နာရီမှ (၆)နာရီထိ ရာမောင်ခန်းမ၌ လေ့ကျင့်သင်ကြားပေးလျှက် ရှိကြောင်း သိရသည်။

ယခု ဖွင့်လှစ်လျှက်ရှိသည့် အပတ်စဉ် (၂)သင်တန်းတွင် သင်တန်းသား/သူ (၁၅)ဦး တက်ရောက် သင်ယူလေ့ကျင့်လျှက်ရှိပြီး ယခင် အပတ်စဉ် (၁)၌ သင်တန်းသား/သူ (၈)ဦးအား Orange ခါးပတ် ပေးနိုင်ခဲ့ကြောင်း သင်တန်းမှူး ဆရာ ဦးသန်းထွန်းကဆိုသည်။

မင်းပြားမြို့ရှိ လူကြီး/ငယ်များအနေဖြင့် အဆိုပါ "အားမာန်" ကျို့(ခ်)ရှင်း ကရာတေးအသင်းမှ ဖွင့်လှစ်လျှက်ရှိသည့် ကရာတေးသင်တန်း၌ တက်ရောက်လိုပါက သင်တန်းမှူး ဆရာ  ဦးသန်းထွန်း (Ph:၀၉၉၆၃၅၉၃၅၁၃) ထံ ဆက်သွယ်မေးမြန်းကြောင်း သိရသည်။

မင်းပြား - သတင်း
31. 03 . 2016

မင်းပြားမြို့၌ ရခိုင်အမျိုးသားပါတီ၏ သဖောထားထုတ်ပြန်ချက်များကို ထောက်ခံကြောင်း ဆန္ဒဖော်ထုတ်မည်

မင်းပြား (March 30, 2016)

ရခိုင်အမျိုးသားပါတီ (ANP)၏ သဖောထား ထုတ်ပြန်ချက်များ (၁/၂၀၁၆) နှင့် (၂/၂၀၁၆) ကို ထောက်ခံကြောင်း ဆန္ဒဖော်ထုတ်ပွဲတစ်ရပ်ကို မင်းပြားမြို့၌ (၃-၄-၂၀၁၆) တနင်္ဂနွေနေ့ နေ့လည် (၁၂)နာရီအချိန်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

" ကျွန်တော်တို့ ရခိုင်လူမျိုးတွေအနေနဲ့ တန်းတူအခွင့်အရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့ အတွက် ရခိုင်အမျိုးသားပါတီ ANP ကို မဲပေးခဲ့ကြတာပါ။ အခု ရခိုင်ပြည်မှာ ရခိုင်အမျိုးသားပါတီက နေရာ အရေအတွက်အများဆုံး အနိုင်ရရှိပေမယ့် ရခိုင်ပြည် ဝန်ကြီးချုပ်နေရာကို မပေးခဲ့ဘူး။ ဒါကြောင့် ကျနော်တို့ ဆန္ဒဖော်ထုတ်ဖို့ လုပ်ရတာ ဖြစ်ပါတယ်။" ဟု ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်မည့် မင်းပြားမြို့မှ ဦးသိန်းစံကဆိုသည်။

မင်းပြားမြို့၌ ယခု ဆန္ဒထုတ်ဖော်မည့် ရည်ရွယ်ချက်မှာ ရခိုင်အမျိုးသားပါတီ၏ သဖောထား ကြော်ငြာချက်များအား အလေးထား ဆောင်ရွက်ပေးစေလို၍ ဖြစ်ပြီး (၃-၄-၂၀၁၆) ရက် တနင်္ဂနွေနေ့ နေ့လည် (၁၂)နာရီအချိန် မင်းပြားမြို့၊ မြို့မတောင်ကျောင်းမှ စထွက်ကာ ဦးဦးဘသိန်းမှ ဦးဆောင်၍ သတ်မှတ်လမ်းကြောင်းအတိုင်း ချီတက် ဆန္ဒဖော်ထုတ်သွားမည်ဖြစ်ကြောင်း သိရသည်။

မင်းပြား - သတင်း
30 . 03 . 2016

Thursday, March 24, 2016

ရခိုင်တေးသံရှင် ခိုင်ပြည်ကျော် မိသားစု ရှင်ပြုအလှူတော်မင်္ဂလာပွဲ၌ နာမည်ကြီး ရခိုင်အဆိုတော်များက စင်တင်တေးဂီတဖြင့် ဖျော်ဖြေမည်

မင်းပြား (March 25, 2016)

ရခိုင်ပြည်၊ မင်းပြားမြို့၊ ပြည်တော်သာရပ်ကွက်မှ အလှူဒါယကာ ဦးခိုင်ပြည်ကျော် (ရခိုင်တေးသံရှင်) ဇနီး ဒေါ်စုစုသန်း တို့၏ သားကြီး မောင်မင်းထက်ခိုင် ရှင်ပြုအလှူတော်မင်္ဂလာပွဲ၌ နာမည်ကြီး ရခိုင်အဆိုတော်များက စင်တင်တေးဂီတဖြင့် ဖျော်ဖြေမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရှင်ပြုအလှူတော်မင်္ဂလာပွဲ​တော်​ကို  (၂၇-၃-၂၀၁၆) တနင်္ဂနွေနေ့ နံနက်ပိုင်းတွင် မင်းပြားမြို့၊ ဓမ္မာရုံကြီး၌ ပြုလုပ်သွားမည်ဖြစ်ပြီး ၎င်းနေ့မတိုင်မီ (၂၆-၃-၂၀၁၆) စနေနေ့ ညနေ (၇)နာရီအချိန်တွင် မင်းပြားမြို့ ဓမ္မာရုံကြီးအနီး ဝင်္ကဘာကွင်း၌ နာမည်ကြီး ရခိုင်အဆိုတော်များက စင်တင်တေးဂီတဖြင့် ဖျော်ဖြေသွားမည်ဟု သိရသည်။

သို့ဖြစ်ပါ၍ မင်းပြားမြို့မှ ရခိုင်တေးသံရှင် ခိုင်ပြည်ကျော် မိသားစု ရှင်ပြုအလှူတော်မင်္ဂလာ ညဂီတဖျော်ဖြေဧည့်​ခံပွဲသို့ မင်းပြားသူ/သားများ အနေဖြင့် စိတ်အပန်းပြေ လာရောက် ကြည့်ရှုနိုင်စေရန်အတွက် သတင်းကောင်း ပါးအပ်ပါသည်။

မင်းပြား - သတင်း
25 . 03 . 2016

မင်းပြားမြို့ ကင်းဆိပ်ဈေးသစ်ဖွင့်ပွဲအခမ်းအနား ပြုလုပ်

မင်းပြား (March 25, 2016)

ရခိုင်ပြည်၊ မင်းပြားမြို့နယ်​၊ ကင်းဆိပ်ကျေးရွာ၌ ကင်းဆိပ်ဈေးသစ်ဖွင့်ပွဲကို (၂၄-၃-၂၀၁၆)ရက်နေ့ နံနက်ပိုင်းက ပြုလုပ်​ခဲ့ကြသည်ဟု သတင်းရရှိပါသည်။

အဆိုပါ ကင်းဆိပ်ဈေးသစ်ကို မင်းပြားမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဦးရွှေမောင်၊ မြို့နယ်စည်ပင်ကော်မတီဝင် ဦးမောင်သိန်းရွှေနှင့် ကင်းဆိပ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကြသည်ဟု သိရသည်။

ကင်းဆိပ်ဈေးသစ်သည် မင်းပြားမြို့နယ် ကင်းဆိပ်ကျေးရွာရှိ ကင်းဆိပ်-ခြိတ်တောင် ကွန်ကရစ်လမ်းမအနီးတွင် တည်ရှိပြီး ဆိုင်ခန်းတစ်ခန်းလျှင် (၉ ပေ x ၁၀ ပေ) ရှိသည့် ပျဉ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုး ဆိုင်ခန်းပေါင်း (၁၃၁)ခန်းနှင့် အသားဈေး၊ ဟင်းဈေး၊ ဈေးအိမ်သာ၊ ရေစင်တို့ ပါရှိကြောင်း သိရသည်။

ထို ကင်းဆိပ်​ဈေးသစ်ကို ပုဂ္ဂလိက လုပ်ငန်းရှင်များက ဆောက်လုပ်ကာ ဆိုင်သည်များမှ ဆိုင်ခန်းတစ်ခန်းလျှင် ကျပ် (၁၈)သိန်းဖြင့် ဝယ်ယူရကြောင်း သိရသည်။

အဆိုပါ ကင်းဆိပ်ဈေးသစ်ကို မင်းပြားမြို့နယ် ကင်းဆိပ်ကျေးရွာအုပ်စု၊ ကွင်းအမှတ် (၁၃၂၅)၊ ဆိတ်ချောင်းကွင်း၊ ဦးပိုင်အမှတ် (၂၉/၄)၊ မြေဧရိယာ (၀.၄၇၉) ရှိ ဦးသာထွန်း (ဘ) ဦးမောင်စောဦး၏ လယ်မြေကို အခြားနည်း အသုံးပြုခွင့်လျှောက်ထားပြီး ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဆောက်လုပ်၍ စည်ပင်သာယာရေးအဖွဲ့ပိုင် ဈေးအဖြစ်အပ်နှံကာ ဈေးမြေမှ ကောက်ခံရရှိငွေကို အဖွဲ့ရန်ပုံငွေစာရင်းသို့ ပေးသွင်းရမည်ဖြစ်၍ ကင်းဆိပ်ဈေးအဖြစ် တည်ဆောက်ခွင့်ပြုရန် အထောက်အထားများဖြင့် အဆင့်ဆင့် တင်ပြလာမှုအပေါ် (၂၅-၁-၂၀၁၆) ရက်က စာအမှတ်  ၁၄၄ /ဃ-၁/ ရခစ (၀၂၀)ဖြင့် ရခိုင်ပြည်အစိုးရအဖွဲ့ရုံး၊ စည်ပင်သာယာရေး ဝန်ကြီးဌာနမှ ခွင့်ပြုခဲ့ခြင်းဖြစ်​​ကြောင်း သိရသည်။

မင်းပြား - သတင်း
25 . 03 . 2016

မင်းပြားမြို့ ကင်းဆိပ်ဈေးသစ်ဖွင့်ပွဲအခမ်းအနား ပြုလုပ်

မင်းပြား (March 25, 2016)

ရခိုင်ပြည်၊ မင်းပြားမြို့နယ်​၊ ကင်းဆိပ်ကျေးရွာ၌ ကင်းဆိပ်ဈေးသစ်ဖွင့်ပွဲကို (၂၄-၃-၂၀၁၆)ရက်နေ့ နံနက်ပိုင်းက ပြုလုပ်​ခဲ့ကြသည်ဟု သတင်းရရှိပါသည်။

အဆိုပါ ကင်းဆိပ်ဈေးသစ်ကို မင်းပြားမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဦးရွှေမောင်၊ မြို့နယ်စည်ပင်ကော်မတီဝင် ဦးမောင်သိန်းရွှေနှင့် ကင်းဆိပ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကြသည်ဟု သိရသည်။

ကင်းဆိပ်ဈေးသစ်သည် မင်းပြားမြို့နယ် ကင်းဆိပ်ကျေးရွာရှိ ကင်းဆိပ်-ခြိတ်တောင် ကွန်ကရစ်လမ်းမအနီးတွင် တည်ရှိပြီး ဆိုင်ခန်းတစ်ခန်းလျှင် (၉ ပေ x ၁၀ ပေ) ရှိသည့် ပျဉ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုး ဆိုင်ခန်းပေါင်း (၁၃၁)ခန်းနှင့် အသားဈေး၊ ဟင်းဈေး၊ ဈေးအိမ်သာ၊ ရေစင်တို့ ပါရှိကြောင်း သိရသည်။

ထို ကင်းဆိပ်​ဈေးသစ်ကို ပုဂ္ဂလိက လုပ်ငန်းရှင်များက ဆောက်လုပ်ကာ ဆိုင်သည်များမှ ဆိုင်ခန်းတစ်ခန်းလျှင် ကျပ် (၁၈)သိန်းဖြင့် ဝယ်ယူရကြောင်း သိရသည်။

အဆိုပါ ကင်းဆိပ်ဈေးသစ်ကို မင်းပြားမြို့နယ် ကင်းဆိပ်ကျေးရွာအုပ်စု၊ ကွင်းအမှတ် (၁၃၂၅)၊ ဆိတ်ချောင်းကွင်း၊ ဦးပိုင်အမှတ် (၂၉/၄)၊ မြေဧရိယာ (၀.၄၇၉) ရှိ ဦးသာထွန်း (ဘ) ဦးမောင်စောဦး၏ လယ်မြေကို အခြားနည်း အသုံးပြုခွင့်လျှောက်ထားပြီး ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဆောက်လုပ်၍ စည်ပင်သာယာရေးအဖွဲ့ပိုင် ဈေးအဖြစ်အပ်နှံကာ ဈေးမြေမှ ကောက်ခံရရှိငွေကို အဖွဲ့ရန်ပုံငွေစာရင်းသို့ ပေးသွင်းရမည်ဖြစ်၍ ကင်းဆိပ်ဈေးအဖြစ် တည်ဆောက်ခွင့်ပြုရန် အထောက်အထားများဖြင့် အဆင့်ဆင့် တင်ပြလာမှုအပေါ် (၂၅-၁-၂၀၁၆) ရက်က စာအမှတ်  ၁၄၄ /ဃ-၁/ ရခစ (၀၂၀)ဖြင့် ရခိုင်ပြည်အစိုးရအဖွဲ့ရုံး၊ စည်ပင်သာယာရေး ဝန်ကြီးဌာနမှ ခွင့်ပြုခဲ့ခြင်းဖြစ်​​ကြောင်း သိရသည်။

မင်းပြား - သတင်း
25 . 03 . 2016

Monday, March 21, 2016

မင်းပြားမြို့၌ (OSS) စုပေါင်းရုံးသစ်ဖွင့်ပွဲ ပြုလုပ်

မင်းပြား (March 21, 2016)

ရခိုင်ပြည်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့၌ ဌာနဆိုင်​ရာ စုပေါင်းရုံးသစ်ဖွင့်ပွဲကို ယနေ့ (၂၁-၃-၂၀၁၆) နံနက်ပိုင်းက ပြုလုပ်ခဲ့ပြီး ရခိုင်ပြည် လူမှုရေးဝန်ကြီး၊ ရခိုင်ပြည် ဥပဒေချုပ်နှင့် ခရိုင်အုပ်ချုပ်ရေးမှူးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်ဟု သတင်းရရှိပါသည်။

အဆိုပါ One Stop Shop (OSS) စုပေါင်းရုံးသစ် (၃)ထပ် အဆောက်အဦးသည် မင်းပြားမြို့၊ ဈေးဟောင်းပိုင်းရပ်ကွက်၊ ရုံးတက်လမ်းရှိ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ခြံဝင်းအတွင်း တည်ရှိကာ အများပြည်သူ အဓိက ဆက်ဆံနေကြရသည့် ဌာနဆိုင်ရာများကို စုပေါင်း၍ သက်ဆိုင်ရာ ဌာနလုပ်ငန်းများကို တစ်နေရာတည်းတွင် ဆောင်ရွက်နိုင်မည်ဟု သိရသည်။

ဤစုပေါင်းရုံး၌ ပါဝင်သော ဌာနများမှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ စည်ပင်၊ မြေစာရင်း၊ လဝက၊ မီးသတ် ၊ ကျန်းမာရေး၊ ပညာရေး၊ လျှပ်စစ်နှင့်​ အခွန်ဦးစီးဌာနတို့ ဖြစ်ကြောင်း သိရသည်။

မင်းပြားမြို့နယ်ရှိ ပြည်သူများအနေဖြင့် အဆိုပါ ဌာနလုပ်ငန်းများနှင့် ဆောင်ရွက်စရာများ၊ သိရှိ မေးမြန်းစရာများ၊ အသိပေး တင်ပြစရာများရှိပါက အဆိုပါ စုပေါင်းရုံးသို့ သွားရောက် ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း သိရသည်။

မင်းပြား - သတင်း
21 . 03 . 2016

Saturday, March 19, 2016

ရွှေကရုဏာ စေတနာဆေးခန်းမှ ဦးဆောင်၍ မင်းပြားမြို့၌ လူနာ ၁၀၀၀ ကျော်အား အခမဲ့ ဆေးကုသပေးခဲ့

မင်းပြား (March 19, 2016)

ရခိုင်ပြည်၊ စစ်တွေမြို့ ရွှေကရုဏာ စေတနာဆေးခန်း နယ်လှည့်ဆေးကုသရေး အစီအစဉ်အဖြစ် မင်းပြားမြို့၌ ယနေ့ (၁၉-၃-၂၀၁၆) ရက်နေ့က လူနာ (၁၁၀၀)ခန့်အား အခမဲ့ ဆေးကုသပေးခဲ့ကြောင်း သတင်းရရှိပါသည်။

အဆိုပါ နယ်လှည့်ဆေးကုသရေး အစီအစဉ်အား စစ်တွေမြို့ ရွှေကရုဏာ စေတနာဆေးခန်းမှ ဦးဆောင်ကာ အများပြည်သူ စေတနာရှင်များ လှူဒါန်းငွေနှင့် စစ်တွေမြို့ပေါ်ရှိ စေတနာရှင် အထူးကု ဆရာဝန်များ၊ အထွေထွေရောဂါကု ဆရာဝန်များ ၃၀ ခန့်နှင့် သူနာပြု ၂၀ ကျော်တို့က မင်းပြားမြို့ ဓမ္မာရုံကြီး၌ ဆေးခန်းဖွင့်လှစ်ကာ ရောဂါဝေဒနာရှင်များအား အခမဲ့ ဆေးကုသပေးခဲ့ကြသည်ဟု သိရသည်။

ဤ ဆေးကုသရေး အစီအစဉ် အောင်မြင်စွာ ပြုလုပ်နိုင်ရေးအတွက် မင်းပြားမြို့၊ နာရေးကူညီမှုဖောင်ဒေးရှင်းအဖွဲ့မှ အဓိက ကူညီပေးခဲ့ကာ ဆေးကုသရေးတွင် မင်းပြားမြို့၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့၊ စေတနာ့သွေးလှူရှင်အဖွဲ့နှင့် စေတနာ့ ပရဟိတလူငယ်များကလည်း ဝိုင်းဝန်းကူညီပေးခဲ့ကြသည်ဟု သိရသည်။

ဤ နယ်လှည့်ဆေးကုသရေး အစီအစဉ်၌ သမားတော်ကြီးများ၊ ခွဲစိတ်အထူးကု ဆရာဝန်​ကြီးများ၊ သားဖွားနှင့်မီးယပ်အထူးကု၊ နား နှာခေါင်း လည်ချောင်း အထူးကု၊ ကလေးအထူးကု၊ စိတ်ရောဂါနှင့် အာရုံကြော အထူးကု၊ ကင်ဆာ အထူးကု၊ အရေပြား အထူးကု၊ ငှက်ဖျား အထူးကု၊ အရိုး အထူးကု ဆရာဝန်​ကြီးများ၊ သွားဆရာဝန်နှင့် အထွေထွေ ရောဂါကု ဆရာဝန်များက ရောဂါဝေဒနာရှင် (၁၁၀၀) ခန့်အား အခမဲ့ ဆေးကုသပေးနိုင်ခဲ့သည်ဟု ရွှေကရုဏာ စေတနာဆေးခန်း အကျိုးဆောင်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာချမ်းသာက ပြောသည်။

စစ်တွေမြို့ ရွှေကရုဏာ စေတနာ ဆေးခန်းမှ ဦးဆောင်၍ ယခုကဲ့သို့ နယ်လှည့်ဆေးကုသရေး အစီအစဉ်များကို ယခင်က စစ်တွေမြို့နယ် ကျေးရွာကြီးများ၌ လည်းကောင်း၊ မြောက်ဦးမြို့၌ လည်းကောင်း ပြုလုပ်နိုင်​ခဲ့ပြီး နောက်ထပ်လည်း ရခိုင်ပြည်ရှိ အခြားမြို့နယ်များသို့ နဟ်လှည့်ဆေးကုသမည့် အစီအစဉ်များရှိကြောင်း ဒေါက်တာ ချမ်းသာ ကပြောသည်။

ရွှေကရုဏာ စေတနာဆေးခန်းမှ ဦးဆောင်ကာ ယခုနှစ်အတွင်း ရွှေပါရမီဖောင်ဒေးရှင်းနှင့် ပူးပေါင်း၍ မျက်စိလူနာ ၄၃၅ ဦးအား ခွဲစိတ်ကုသပေးနိုင်ခဲ့ကာ မြန်မာနိုင်ငံ သွားဆရာဝန်အသင်းနှင့် ပူးပေါင်း၍လည်း သွားရောဂါ ဝေဒနာရှင် ၃၂၅ ယောက်အား အခမဲ့ ဆေးကုသပေးနိုင်ခဲ့ကြောင်း သိရသည်။

ရွှေကရုဏာ စေတနာဆေးခန်းသည် ရခိုင်ပြည်၊ စစ်တွေမြို့၊ ဝင်္ကပါကွင်းအနီး၌ တည်ရှိကာ တစ်ပတ်လျှင် ၆ ရက်ဖွင့်၍ (တနင်္လာနေ့ပိတ်၊ ဝါတွင်းကာလ ဥပုသ်နေ့ပိတ်) တစ်နေ့လျှင် ရောဂါဝေဒနာရှင် ၅၀ မှ ၁၀၀ အထိ အခမဲ့ ဆေးကုသပေးလျှက်ရှိကြောင်းလည်း သိရသည်။

ယခုကဲ့သို့ မင်းပြားမြို့နယ်ရှိ ရောဂါဝေဒနာရှင်များအား အခမဲ့ ဆေးကုသပေးခဲ့ကြပါသော ရွှေကရုဏာ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ စေတနာရှင် ဆရာဝန်များ၊ သူနာပြုများ၊ စေတနာရှင် အလှူရှင် ပြည်သူများ၊ အကျိုးဆောင်အဖွဲ့ဝင်များနှင့် မင်းပြားမြို့မှ ဝိုင်းဝန်းကူညီပေးခဲ့ကြသူများ အားလုံးကို ​လေးစားစွာဖြင့်​ ကျေးဇူးတင်ရှိပါကြောင်း မင်းပြား-သတင်းမှ မှတ်တမ်းတင်အပ်ပါသည်။

မင်းပြား - သတင်း
19 . 03 . 2016

Thursday, March 17, 2016

မင်းပြားမြို့တွင် ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာ ဆရာဖြစ်သင်တန်း ဖွင့်လှစ်မည်

မင်းပြား (March 18, 2016)

ဓမ္မရောင်ခြည်အဖွဲ့မှ ဆရာတော်များနှင့် သင်တန်းဆရာများက ဦးဆောင်ကာ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာ ဆရာဖြစ် သင်တန်းတစ်ခုကို ရခိုင်ပြည်၊ မင်းပြားမြို့၊ ကျိန်းတောင်တက်လမ်းအနီး၊ သီရိရတနာ (ချောင်းရှည်) ကျောင်းတိုက်၌ (၂၁-၃-၂၀၁၆) မှ (၂၅-၃-၂၀၁၆) ထိ (၅)ရက်တိုင်တိုင် ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

အဆိုပါ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာ ဆရာဖြစ် သင်တန်းသို့ တက်ရောက်လိုသူများ အနေဖြင့် နယ်မှလာရ၍ နေထိုင်စရာ အခက်အခဲရှိပါက သင်တန်းကာလအတွင်း နေထိုင်စရာ စီစဉ်ပေးမည်ဖြစ်ပြီး အစားအသောက်အတွက် မိမိတို့အစီအစဉ်ဖြင့် စားသောက် တက်ရောက်ရမည်ဟု သိရသည်။

အဆိုပါ သင်တန်းသို့ တက်ရောက်လိုသူများမှာ (၂၀-၃-၂၀၁၆) ရက်နေ့ကို နောက်ဆုံးထားပြီး မင်းပြားမြို့နယ် သံဃနာယက ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တ သဇ္ဇန (သီရိရတနာ ချောင်းရှည် ကျောင်းတိုက်) သို့ လာရောက် စာရင်းပေးသွင်းနိုင်ပါကြောင်း အသိပေး နှိုးဆြော်အပ်ပါသည်။

အသေးစိတ် သိရှိလိုပါက ဖုန်းနံပါတ် ၀၉၈၅၀၈၁၃၃ နှင့်  ၀၉၂၅၀၂၄၂၁၅၁ တို့ကို ဆက်သွယ် မေးမြန်းနိုင်ကြောင်း သိရသည်။

မင်းပြား - သတင်း
18 . 03 . 2016

ရွှေကရုဏာ စေတနာ့ဆေးခန်းမှ မင်းပြားမြို့သို့ လာရောက် ဆေးကုသပေးမည်

မင်းပြား (March 18, 2016)

ရခိုင်ပြည်၊ စစ်တွေမြို့ ရွှေကရုဏာ စေတနာဆေးခန်းမှ ဦးဆောင်ကာ စစ်တွေ ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ၊ အထွေထွေဆရာဝန်များနှင့်​ ပြင်ပမှ စေတနာ ဆရာဝန်များက မင်းပြားမြို့၌ (၁၉-၃-၂၀၁၆) စနေနေ့တွင် လာရောက် ဆေးကုသပေးမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

အဆိုပါနေ့တွင် မင်းပြားမြို့နှင့် အနီးပတ်ဝန်းကျင် မြောက်ဦး၊ မြေပုံ၊ ပေါက်တောမြို့နယ်များမှ လူနာများအား မင်းပြားမြို့ ဓမ္မာရုံကြီး၌ နံနက် (၁၀)နာရီမှ ညနေ (၄)နာရီထိ ဆေးကုသပေးမည် ဖြစ်ကြောင်း သိရသည်။

သို့ဖြစ်ပါ၍ ဆေးကုသမှုခံယူလိုသူများမှာ (၁၉-၃-၂၀၁၆) ရက် စနေနေ့ နံနက် (၇)နာရီ အချိန်မှစ၍ မင်းပြားမြို့ ဓမ္မာရုံကြီးသို့ လာရောက်စာရင်းပေးသွင်းကာ ဆေးကုသမှု ခံယူနိုင်ပါကြောင်း အသိပေး ကြော်ငြာအပ်ပါသည်။

မင်းပြား - သတင်း
18 . 03 . 2016

ဓာတ်ပုံ - Shwe Karuna

စာရေးဆရာ မင်းပြား မင်းသိန်းဇံ ရေးသားသည့် ရခိုင်ရိုးရာဝတ္ထု ရွှေလက်ဆောင်စာအုပ် ထွက်ရှိ

မင်းပြား (March 17, 2016)

စာရေးဆရာ ရခိုင်သမိုင်းသုတေသီ မင်းပြား မင်းသိန်းဇံ ရေးသားသည့် ရခိုင်ရိုးရာဝတ္ထု (Arakanese Folk Tales) ရွှေလက်ဆောင် စာအုပ်သစ် ထွက်ရှိကြောင်း သတင်းရရှိသည်။

ယခုအခါ ရခိုင်ပြည်၌ ရခိုင်ဝတ္ထုပြောဓလေ့သည် ပျောက်ကွယ်လုနီးပါး ဖြစ်လာသည့်အတွက် အဆိုပါ ရိုးရာယဉ်ကျေးမှုဓလေ့များကို ပြန်လည် ဖော်ထုတ်ပေးသည့်အနေဖြင့် စာရေးဆရာ ရခိုင်သမိုင်းသုတေသီ မင်းပြား မင်းသိန်းဇံက ရခိုင်ရိုးရာဝတ္ထု (၁၈)ပုဒ်ကို စုစည်းပြီး ရွှေလက်ဆောင်အဖြစ် ထုတ်ဝေလိုက်ခြင်း ဖြစ်သည်ဟု သိရသည်။

အဆိုပါ စာအုပ်တွင် ရခိုင်စကားပြောဖြင့် ရေးသားထားသည့် ရခိုင်ရိုးရာဝတ္ထုတို (၁၈)ပုဒ်နှင့် အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့် ရခိုင်ရိုးရာဝတ္ထုတို (၂)ပုဒ်ပါဝင်ကြောင်း သိရသည်။

ဤဝတ္ထုစာအုပ်တွင် ငပျင်းထွေ၊ ဖွတ်ခေါင်းနှိုက်၊ ကြောင်တောင်လိမ်နန့် သီအောင်လိမ်၊ အကွက်လည် ကြွက်ကယ်လို့ မောင်ပျင်းမယားရ၊  ခွီးစကားကို ကျားယုံလို့၊ မယားကိုယုံကေ စကားကို ကုန်စင်အောင် မပြောလီကေ့ စသည့် ဝတ္ထုများမှ ဘဝသင်ခန်းစာ ယူစရာများ ဆောင်စရာ ရှောင်စရာများကို သိရှိကာ သုတ/ရသစုံလင်စွာ ခံစားသိရှိရမည် ဖြစ်သည်။

စာအုပ်တန်ဖိုးမှာ တစ်အုပ် - ၁၅၀၀ ကျပ် ဖြစ်ပြီး ကျောက်တော်မြို့တွင် မဟာမုနိပြတိုက်၊ မြောက်ဦးမြို့တွင် နန်းရာကုန်းပြတိုက်၊ သျှစ်သောင်းဘုရားနှင့် ရတနာ့မာန်အောင် ၊ စစ်တွေမြို့တွင် လင်းစာပေ၊ ရန်ကုန်မြို့တွင် ရခိုင်သားကြီးစာပေ၊ ကျောက်ဖြူမြို့တွင် ဆရာဦးထွန်းသာ၊ ရသေ့တောင်မြို့တွင် ဆရာသားလှ၊ သံတွဲမြို့တွင် ဆရာတော် ကောသလ္လ (ဂဝေသီ) တို့ထံတွင် ဝယ်ယူနိုင်ကြောင်း သိရသည်။

မင်းပြားမြို့တွင် အလယ်ပိုင်း၊ မြောင်းဘွေလမ်းရှိ ဇေယျာလင်း ကွန်ပျူတာ/မိတ္တူဆိုင်တွင် လည်းကောင်း၊ ပြည်တော်ရပ်ကွက်၊ အောင်သစ္စာလမ်းရှိ စာရေးသူ မင်းပြား မင်းသိန်းဇံ (ဦးမောင်သိန်းဇံ) အိမ်၌လည်းကောင်း ဝယ်ယူနိုင်ကြောင်း သိရသည်။

ဤ ရခိုင်ရိုးရာဝတ္ထု ရွှေလက်ဆောင်စာအုပ်သည် စာရေးဆရာ ရခိုင်သမိုင်း သုတေသီ မင်းပြား မင်းသိန်းဇံ၏ (၁၉)အုပ်မြောက် စာအုပ်ဖြစ်ပြီး ရခိုင်ရိုးရာဝတ္ထုပြောဓလေ့ကို ပြန်လည်ထိန်းသိမ်းကာ ကလေးသူငယ်များအား ရခိုင်ရိုးရာဝတ္ထုများ ပြန်လည်ပြောပြလိုသူများ အ​နေဖြင့်​ ဝယ်ယူဖတ်ရှုသင့်သည့် စာအုပ်ကောင်းတစ်အုပ် ဖြစ်ကြောင်း သိရသည်။

မင်းပြား - သတင်း
17 . 03 . 2016

Wednesday, March 16, 2016

မင်းပြားမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး အပြောင်းအလဲ ဖြစ်

မင်းပြား (March 17, 2016)

ရခိုင်ပြည်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး အပြောင်းအလဲဖြစ်ကြောင်း သိရသည်။

၂၀၁၆ ခုနှစ်၊ မတ်လ (၁၄)ရက်နေ့ ရက်စွဲဖြင့် ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီးရုံးမှ မြို့နယ်အုပ်ချုပ်ရေးမှူး တစ်ရာကျော်အား ပြောင်းရွှေ့အမိန့်စာ ထုတ်ပြန်ခဲ့ရာ မင်းပြားမြို့နယ် အုပ်ချုပ်ရေးမှူးလည်း ပါဝင်ခဲ့သည်။

ယခုလက်ရှိ မင်းပြားမြို့နယ် အုပ်ချုပ်ရေးမှူးမှာ ဦးအောင်နိုင် (ပ/၃၅၉၅) ဖြစ်ပြီး အသစ် ရောက်ရှိလာမည့် မင်းပြားမြို့နယ် အုပ်ချုပ်ရေးမှူးမှာ ဦးကျော်စိုးမိုးထွန်း (ပ/၄၇၉၄) ဖြစ်ကြောင်း သိရသည်။

မင်းပြား - သတင်း
17 . 03 . 2016

Photos Credit: မြတ် သူ ထွန်း

Monday, March 14, 2016

မင်းပြားမြို့နယ်မှ လူငယ်တစ်ဦး ပါးစပ်အတွင်း ငပြေမဝင်သွား၍ သေဆုံး

မင်းပြား (March 14, 2016)

ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ ဖားပျော်(ချင်း) ကျေးရွာမှ အသက်(၂၀)ခန့်ရှိသည့် ချင်းတိုင်းရင်းသား လူငယ်တစ်ဦး၏ ပါးစပ်အတွင်းသို့ ငပြေမ ဝင်ရောက်သွား၍ သေဆုံးသွားခဲ့ရသည့် ဖြစ်ရပ်တစ်ခု (၁၄-၃-၂၀၁၆) မနေ့က ဖြစ်ပွားခဲ့သည်ဟု သိရသည်။

အဆိုပါ လူငယ်သည် ငါးရှာနေစဉ် ဖမ်းဆီးရမိသော ငပြေမတစ်ကောင်ကို ပါးစပ်အတွင်းငုံ၍ ငါးခေါင်းကို သွားဖြင့်ကိုက်ပြီး ဆက်လက် ငါးရှာနေခဲ့ရာ ထိုငါးက ရုန်းရင်းကန်ရင်းဖြင့် ထိုလူငယ်၏ လည်ချောင်းထဲသို့ ဝင်ရောက်သွားခဲ့ပြီး အသက်ရှူလမ်းကြောင်းပိတ်ကာ သေဆုံးသွားခဲ့ရခြင်းဖြစ်ကြောင်း မင်းပြားမြို့နယ် ပြည်သူ့ဆေးရုံမှ လက်ထောက်ဆရာဝန် ဒေါက်တာ တင်မြင့်ဦး၏ Facebook ၌ ဖော်ပြထားချက်အရ သိရပါသည်။

ထိုလူငယ်အား မင်းပြားမြို့ ပြည်သူ့ဆေးရုံသို့ ယူဆောင်လာချိန်တွင် အသက်ပါမလာခဲ့သောကြောင့် သေဆုံးရသည့် အကြောင်းရင်းကို သိရှိရန် ရင်ခွဲစစ်ဆေးကြည့်ရာ ပုံပါအတိုင်း လည်ချောင်းအတွင်းမှ ငပြေမကို တွေ့ရှိရကြောင်း ဖော်ပြထားသည်။

မင်းပြား - သတင်း
14 . 03 . 2016

Photo credit : Tinmyint Oo
Source: https://m.facebook.com/story.php?story_fbid=658720504268493&id=100003916485050

မင်းပြားမြို့၌ သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးသင်တန်း ဖွင့်လှစ်

မင်းပြား (March 14, 2016)

သဘာဝဘေးအန္တရာယ် ဖြစ်လာခဲ့ပါက ​ဘေးဒုက္ခသည်များအား စနစ်တကျ ကူညီကယ်ဆယ်နိုင်ရေးအတွက် သင်တန်းတစ်ခုကို ရခိုင်ပြည်၊ မင်းပြားမြို့၊ ကျိန်းတောင်တက်လမ်းအနီး သီရိရတနာ ချောင်းရှည်ကျောင်းတိုက်၌ (၁၄-၃-၂၀၁၆) မှ (၁၈-၃-၂၀၁၆) ထိ ဖွင့်လှစ် ပို့ချလျှက်ရှိသည်ဟု သတင်းရရှိပါသည်။

အဆိုပါ သင်တန်း၌ ကြက်ခြေနီတပ်ဖွဲ့ဝင် စေတနာ့ လုပ်အားရှင် သင်တန်းသား (၂၁)ဦးနှင့် သင်တန်းသူ (၉)ဦး၊ စုစုပေါင်း (၃၀)ဦး တက်ရောက်လျှက်ရှိပြီး ကျောက်တော်မြို့နယ်မှ (၃)ဦး၊ မြောက်ဦးမြို့နယ်မှ (၃)ဦး၊ မြေပုံမြို့နယ်မှ (၃)ဦး၊ မင်းပြားမြို့ပေါ်မှ (၁၃)ဦးနှင့် မင်းပြားမြို့နယ်မှ (၉)ဦး ဖြစ်ကြောင်း သိရသည်။

၎င်းသင်တန်းကို ရခိုင်ပြည်၊ မင်းပြားမြို့မှ သင်တန်း နည်းပြတစ်ဦး၊ ကျောက်တော်မြို့မှ တစ်ဦးနှင့် ဧရာဝတီတိုင်းမှ နှစ်ဦး စုစုပေါင်း သင်တန်းနည်းပြ (၄)ဦးက (၅)ရက်တိတိ သင်ကြားပို့ချပေးသွားမည်ဟု သိရသည်။

" ဒီသင်တန်းရဲ့ အဓိက ရည်ရွယ်ချက်က သဘာဝဘေးအန္တရာယ်တစ်ခုခု ဖြစ်လာခဲ့ရင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို စနစ်တကျ ကူညီလုပ်ဆောင်နိုင်ဖို့နဲ့ ကြက်ခြေနီ တပ်ဖွဲ့ဝင်တွေ စွမ်းဆောင်ရည် မြင့်မားစေဖို့အတွက် ဖြစ်ပါတယ်။"ဟု ဤသင်တန်း၏ သင်တန်းမှူးလည်းဖြစ်သူ မင်းပြားမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ ရေးထောက်အရာရှိ မျိုးဇော်ထွန်းဦးက ပြောသည်။

ဤသင်တန်း၌ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သော ဝေါဟာရအဓိပ္ပာယ်များ၊ ကြိုတင်အသိပေးစနစ် ၊ ကူညီကယ်ဆယ်ရေး စီမံခန့်ခွဲမှု၊ အရေးပေါ် လူနာသယ်ဆောင်နည်း၊ စွမ်းဆောင်ရည် မြင့်မားရေးသင်တန်း၊ အကြို လေ့လာဆန်းစစ်ခြင်းနှင့် စာရင်းဇယား ကောက်ယူခြင်း၊ သဘာဝဘေးအန္တရာယ် သီအိုရီ၊ အရေးပေါ် ဆေးပစ္စည်းနှင့် အစားအစာ၊ ရှေးဦးပြုစုသူတစ်ဦး၏ အခြေခံစံနှုန်းများ စသော သင်ခန်းစာများကို ထည့်သွင်းကာ သင်ကြားပို့ချသွားမည်ဟု သိရသည်။

ဤသင်တန်းဖြစ်မြောက်အောင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ ရေဘေး ပြန်လည်ထူထောင်​ရေး အသက်မွေးဝမ်းကျောင်း စီမံချက်၊ အရေးပေါ် တုန့်ပြန်ကယ်ဆယ်ရေးအဖွဲ့ Emergency Response Team (ERT) မှ ကူညီပံ့ပိုးပေးခြင်းဖြစ်ကြောင်း သိရသည်။

မင်းပြား - သတင်း
14 . 03 . 2016