Thursday, March 17, 2016

ရွှေကရုဏာ စေတနာ့ဆေးခန်းမှ မင်းပြားမြို့သို့ လာရောက် ဆေးကုသပေးမည်

မင်းပြား (March 18, 2016)

ရခိုင်ပြည်၊ စစ်တွေမြို့ ရွှေကရုဏာ စေတနာဆေးခန်းမှ ဦးဆောင်ကာ စစ်တွေ ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ၊ အထွေထွေဆရာဝန်များနှင့်​ ပြင်ပမှ စေတနာ ဆရာဝန်များက မင်းပြားမြို့၌ (၁၉-၃-၂၀၁၆) စနေနေ့တွင် လာရောက် ဆေးကုသပေးမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

အဆိုပါနေ့တွင် မင်းပြားမြို့နှင့် အနီးပတ်ဝန်းကျင် မြောက်ဦး၊ မြေပုံ၊ ပေါက်တောမြို့နယ်များမှ လူနာများအား မင်းပြားမြို့ ဓမ္မာရုံကြီး၌ နံနက် (၁၀)နာရီမှ ညနေ (၄)နာရီထိ ဆေးကုသပေးမည် ဖြစ်ကြောင်း သိရသည်။

သို့ဖြစ်ပါ၍ ဆေးကုသမှုခံယူလိုသူများမှာ (၁၉-၃-၂၀၁၆) ရက် စနေနေ့ နံနက် (၇)နာရီ အချိန်မှစ၍ မင်းပြားမြို့ ဓမ္မာရုံကြီးသို့ လာရောက်စာရင်းပေးသွင်းကာ ဆေးကုသမှု ခံယူနိုင်ပါကြောင်း အသိပေး ကြော်ငြာအပ်ပါသည်။

မင်းပြား - သတင်း
18 . 03 . 2016

ဓာတ်ပုံ - Shwe Karuna

No comments:

Post a Comment