Sunday, April 17, 2016

မင်းပြားမြို့ သင်္ကြန်ပွဲတော်ကို ယခုနှစ်တွင် အထူးစည်ကားစွာ ပြုလုပ်နိုင်ခဲ့ကြ

မင်းပြား (April 18, 2016)

ရခိုင်ပြည် မင်းပြားမြို့၌ ရခိုင်ရိုးရာသင်္ကြန်ပွဲတော်ကို ဧပြီလ (၁၅)ရက်မှ (၁၇)ရက်အထိ ဦးဥတ္တမပန်းခြံအတွင်း၌ စည်ကားသိုက်မြိုက်စွာ ပြုလုပ်နိုင်ခဲ့ကြသည်ဟု သိရသည်။

အဆိုပါ ပန်းခြံအတွင်း၌ ရပ်ကွက်ရေလောင်းမဏ္ဍပ် (၉)ခုတွင် မင်းပြားမြို့မှ လှပျိုဖြူများ ၄၀၀ ကျော်ပါဝင်ကာ ရခိုင်ရိုးရာ သင်္ကြန်ရေသဘင်ပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြပြီး R2 Music Band (ရက္ခရင်သွီး တေးဂီတ အဖွဲ့) မှလည်း တေးသီချင်းများစွာဖြင့် သီဆိုကာ ရပ်ကွက်အလိုက် လူငယ်များမှ လည်း သင်္ကြန်သီချင်းများဖြင့် ကပြ ဖျော်ဖြေခဲ့ကြသည်ဟု သိရသည်။

အဆိုပါ မင်းပြားမြို့ သင်္ကြန်ပွဲတော်ကို စည်ပင်ကော်မတီနှင့်အတူ ဌာနဆိုင်ရာများ အလှူရှင်များ၏ ထည့်ဝင်လှူဒါန်းငွေများ မြို့သူ/သားများအားလုံး ပူးပေါင်းပါဝင်မှုတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

၁၀ နှစ်နီးပါး သင်္ကြန်ပွဲတော် ဆိတ်သုဉ်းပျော်ကွယ်လုနီးပါးဖြစ်နေသည့် မင်းပြားသင်္ကြန်ကို ယခုနှစ်တွင် ရခိုင်ပြည်၌ အလွန်စည်ကားသည့် သင်္ကြန်ပွဲတော်တစ်ခုအဖြစ် အသိအမှတ်ပြုခဲ့ကြပြီ ဖြစ်သည်။

မင်းပြား - သတင်း
18 . 04 . 2016

No comments:

Post a Comment