Saturday, April 30, 2016

ကျိန်းတောင်ပေါ်ရှိ အမှိုက်များကို Mongbra Youth Association (MBYA) မင်းပြားလူငယ်များအဖွဲ့မှ ရှင်းလင်း

မင်းပြား (May 01, 2016)

မင်းပြားမြို့၊ ကျိန်းတောင်ဇိဝှါဓာတ်တော် ဗုဒ္ဓပူဇနိယပွဲတော်အပြီး ကျန်ရစ်သော အမှိုက်များကို Mongbra Youth Association (MBYA)မှ လူငယ် (၃၀) က (၁-၅-၂၀၁၆) ယနေ့ နံနက်ပိုင်းက ရှင်းလင်းခဲ့ကြကြောင်း သိရသည်။

ကျိန်းတောင်ဇိဝှါဓာတ်တော် ဘုရားရင်ပြင်နှင့် အနီးဝန်းကျင်၊ လေခံပေါက်နှင့် ကျင်ကွင်းမှ အမှိုက်များကို ရှင်းလင်းနိုင်ခဲ့သည်ဟု MBYA မှ ဥက္ကဋ္ဌ ကိုဖြိုးကိုမောင် ကပြောသည်။

အဆိုပါ MBYA မှ လူငယ်များသည် ယခုလာမည့် တနင်္ဂနွေနေ့တွင်လည်း ကျိန်းတောင်ပေါ်ရှိ ဇာတ်ကွင်းနှင့် ထမင်းဆိုင်တန်း နေရာများရှိ အမှိုက်များကို ရှင်းလင်းရန် လျာထားကြောင်း သိရသည်။

မင်းပြား - သတင်း
01 . 05 . 2016

Photo: Nyein Chan Kyaw

No comments:

Post a Comment