မင်းပြား (နိုဝင်ဘာ ၂၊ ၂၀၁၅)
ရခိုင်ပြည်၊ မင်းပြားမြို့နယ် ရခိုင်အမျိုးသားပါတီ (ANP) မှ ပါတီအောင်နိုင်ရေး သီချင်းများဖြင့် သီဆိုတီးမှုတ်ကခုန်လျှက် အင်အားပြ လှုပ်ရှားမှုတစ်ရပ်ကို (၂-၁၁-၂၀၁၅) ရက်နေ့က ပြုလုပ်ခဲ့သည်ဟု သတင်းရရှိပါသည်။
ရခိုင်အမျိုးသားပါတီ (ဗဟို)မှ ဦးဆောင်၍ မင်ပြားမြို့နယ်၊ ရခိုင်အမျိုးသားပါတီဝင်များက မော်တော်ကား (၄)စီးနှင့်အတူ မင်းပြားမြို့နယ် တောင်ပိုင်းရွာများဖြစ်ကြသည့် စွန်ရဲ ၊ ကြောင်ရှည်ချောင်း၊ ချောင်းရှည်၊ ဗလိပေါက် ရွာများသို့ အင်အားပြလှည့်လည်ကာ အောင်နိုင်ရေးသီချင်းများဖြင့် သီဆိုတီးမှုတ်ကခုန် အင်အားပြခဲ့ကြကြောင်း မင်းပြားမြို့နယ်၊ ရခိုင်အမျိုးသားပါတီ ပြန်ကြားရေးတာဝန်ခံ ဦးသိန်းစံက ပြောသည်။
အဆိုပါရွာများတွင် ကျေးရွာလူထုများနှင့်တွေ့ဆုံကာ ပါတီမှ သက်ဆိုင်ရာပါတီဝင်များက ဟောပြောပွဲများ ပြုလုပ်ခဲ့ကာ လူထုထောက်ခံမှုများ ရရှိခဲ့သည်ဟု သိရသည်။
အဆိုပါကျေးရွာများမှ အင်အားပြ ပြန်လာသော မင်းပြား ရခိုင်အမျိုးသားပါတီ အင်အားပြအဖွဲ့သည် ညည့် (၈)နာရီအချိန်ခန့်တွင်လည်း မင်းပြားမြို့ပေါ်၌ လှည့်လည်ကာ အောင်နိုင်ရေးသီချင်းများဖြင့် သီဆိုတီးမှုတ်ကခုန်ကာ အင်အားပြခဲ့ကြသည်ဟု သိရပါသည်။
မင်းပြား - သတင်း
2 - 11 - 2015
Photos credit: Ko Taik Aung
No comments:
Post a Comment