Sunday, April 3, 2016

မင်းပြားမြို့၌ ANP ၏ (၁/၂၀၁၆)နှင့် (၂/၂၀၁၆) သဖောထားထုတ်ပြန်ချက်များကို ထောက်ခံကြောင်း ဆန္ဒဖော်ထုတ်

မင်းပြား (April 3, 2016)

ရခိုင်အမျိုးသားပါတီ ANP ၏ သဖောထား ထုတ်ပြန်ချက် (၁/၂၀၁၆) နှင့် (၂/၂၀၁၆) ကို ထောက်ခံကြောင်း ယနေ့ (၃-၄-၂၀၁၆) နေ့လည် (၁၂)နာရီအချိန်ခန့်က မင်းပြားမြို့၌ မြို့ပတ်လမ်းလျှောက်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သတင်းရရှိသည်။

ဆန္ဒဖော်ထုတ်ရာတွင် ရခိုင်သည်ကျွန်မျိုးမဟုတ်၊ ရခိုင်သည် ကိုလိုနီနယ်မဟုတ်၊ ANP မှ ပြည်နယ်အစိုးရ ဦးဆောင်ဖွဲ့စည်းခွင့်ရရှိရေး ဒို့အရေး၊ ဖွဲ့စည်းပုံကို လွှဲမချပါနှင့်၊ ဖက်ဒရယ်စစ်စစ်ကို ဦးတည်ကြောင်းပြသပါ စသည့် စာသားများပါဝင်သည့် ဗီနိုင်းများဖြင့် ဆန္ဒဖော်ထုတ်ခဲ့ကြပြီး လူပေါင်း (၁၅၀၀) ကျော်ခန့် ပါဝင်ကြောင်း အဆိုပါ ဆန္ဒဖော်ထုတ်ရာ၌ ဦးဆောင်ပါဝင်သူ ဦးသိန်းစံကဆိုသည်။

ပြီးခဲ့သည့် ၂၀၁၅ နိုဝင်ဘာ အထွေထွေ ရွေးကောက်ပွဲ၌ ရခိုင်ပြည်တွင် ရခိုင်အမျိုးသားပါတီ ANP က (၂၃)နေရာ အပြတ်အသတ်ဖြင့် အများဆုံး အနိုင်ရရှိခဲ့သော်လည်း ရခိုင်ပြည် ဝန်ကြီးချုပ်ကို ရခိုင်ပြည် အနိုင်ရပါတီ ANP မှ မခန့်အပ်ဘဲ NLD မှ ခန့်အပ်ခဲ့သည့်အတွက် ရခိုင်ပြည်ရှိ မြို့နယ်အများအပြား၌ ဆန္ဒဖော်ထုတ်မှုများ ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

မင်းပြား - သတင်း
03 . 04 . 2016

No comments:

Post a Comment