မင်းပြား (May 20, 2016)
ရခိုင်ပြည်၊ မင်းပြားမြို့၌ ၃ ကြိမ်မြောက် ရခိုင်အမျိုးသားနေ့ အခမ်းအနားကို မင်းပြား ရခိုင်အမျိုးသားပါတီမှ ဦးဆောင် ကျင်းပပြုလုပ်သွားမည်ဟု သတင်းရရှိပါသည်။
ရခိုင်အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် (၂၁-၅-၂၀၁၆) ရက်နေ့တွင် စာပေပြိုင်ပွဲ (ကဗျာနှင့် စာစီကုံးပြိုင်ပွဲများ) ကိုလည်းကောင်း၊ (၂၂-၅-၂၀၁၆)(ကဆုန်လပြည့်ကျော် ၁ ရက်နေ့) နေ့လည် (၁၂)နာရီအချိန်၌ စာပေဟောပြောပွဲကို မင်းပြားမြို့၊ မြို့မတောင်ကျောင်း၌ လည်းကောင်း ကျင်းပပြုလုပ်ရန် စီစဉ်ထားကြောင်း မင်းပြားမြို့ ရခိုင်အမျိုးသားပါတီမှ ပြန်ကြားရေး ဦးသိန်းစံကပြောသည်။
၂၀၁၄ ခုနှစ်က ပြုလုပ်ခဲ့သည့် ကျောက်ဖြူ ရခိုင်အမျိုးသားညီလာခံ၌ ရခိုင် အသိပညာရှင် အတတ်ပညာရှင်များ အများသဖောတူညီချက်ဖြင့် ရခိုင်မဟာမုနိဘုရားအား သွန်းလုပ်ပြီးစီးခဲ့သည့် ကဆုန်လပြည့်ကျော် (၁)ရက်နေ့အား ရခိုင်အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ပြီး နှစ်စဉ် အဆိုပါနေ့ရက်ရောက်တိုင်း ရခိုင်အမျိုးသားနေ့ အထိမ်းအမှတ်ပွဲများကို ရခိုင်ပြည် မြို့နယ်များ၌ ကျင်းပခဲ့ကြခြင်း ဖြစ်သည်။
မင်းပြား - သတင်း
20 . 05 . 2016
Photo : ရိုးမဘာမထီ
No comments:
Post a Comment