July 2015 - မင်းပြား - သတင်း
Headlines News :

မင်းပြား အညာရီမှတ်တမ်း (၂၉ - ၇ -၂၀၁၅)

Written By Mong Bra's News on Wednesday, July 29, 2015 | 10:56 AM

မင်းပြား (ဇူလိုင် ၂၉၊  ၂၀၁၅)

# ၂၈ ရက်နိကထက် ရီ (၁ပေခွဲလောက်) ပိုမြင့်တက်

# တမြို့လုံး အညာရီဖုံးလွှမ်း

# မင်းပြားမြို့ထက်မာ မြီအနိမ့်အမြင့်အရ လူအရပ် ခါးလောက်၊ ပေါင်လောက် ရီမြင့်တက်

# မင်းပြားမြို့ထက် မြီနိမ့်ရပ်ကွက်တိက ပြည်သူတိ ဘုန်းကြီးကျောင်းတိမာ ယာယီ ခိုလှုံနီရ (ကယ်ဆယ်ရေး ဆောင်ရွက်ထား)

# လေးမြို့မြစ်တလျောက် ရွာတိမာ လူအရပ်မြုပ်၊ လိုင်လောက်၊ ခါးလောက် ရီမြင့်တက် (ကယ်ဆယ်ရေးတိမဟိ၊ အကူအညီတိ လိုအပ်နီ)

# ဈီးကြီးထဲ အညာရီဝင်၊ ဈီးဆိုင်အများစု ဆိုင်ပိတ်ထားရ

# မင်းပြားသို့ ဘုတ်၊ စက်လောင်းတိ မလာနိုင်

# မြို့ထက်မာ တတိုင် လောင်းစီးလို့ ပျော်ကြီးကျနီကတ်

# မြို့ထက်မာ တတိုင် အကူအညီတိ လိုအပ်

# မြို့ထက်မာ တတိုင် အကူအညီတိ လားပီးကတ်

# ဘုန်းကြီးကျောင်းတိမာ သံဃာတိအတွက် ဆွမ်းအခက်အခဲဟိ

# လီမုန်းတိုင်း+ဖြားကြီးရက် = ရီပိုလို့မြင့်တက်

# နောက် (၂/၃) ရက် မင်းပြားမြို့ ရီဘေးဒုက္ခသည်တိ ပိုများလာနိုင် (အကူအညီတိ အများကြီး လိုအပ်)

# အညာရီကျလားပြီးနောက်ပိုင်း မြစ်ကမ်းနားက တိုင်သားတိ ကမ်းပြိုကျစွာမာ ပါလားနိုင်

# မြစ်ထဲ ကမ်းပြိုကျ ပါလားရေ တိုင်သားတိ အတွက် နီရာချထားပီးမှုတိ လိုအပ်

မင်းပြား - သတင်း
   29 - 7 - 2015

မင်းပြား ရီကြီးမှုကြောင့် ရီဘေးဒုက္ခသည်တိကို ဘေးလွတ်ရာသို့ ပြောင်းရွှိ့

  မင်းပြား (ဇူလိုင် ၂၉၊ ၂၀၁၅)
 
       ရခိုင်ပြည်၊ မင်းပြားမြို့မာ မိုးဆက်တိုက်ရွာပနာ အညာရီကြီးမှုကြောင့် ရီဘေးဒုက္ခသည် (၈၀၀) ကျော်ကို (၂၉-၇-၂၀၁၅) ရက်နိက ဘေးကင်းရေနီရာတိသို့ ပြောင်းရွှိ့ လိုက်ရရေလို့ သတင်းရဟိပါရေ။

       မင်းပြားမြို့ထက်မာ ဇူလိုင်လ (၂၇) ရက်နိက စလို့ အညာရီမြုပ်ပြီးကေ (၂၈) ရက်နိမာ ပိုလို့ရီတက်လာပနာ ဒေနိ ဇူလိုင်လ (၂၉) ရက်နိမာ အညာရီမြင့်တက်မှုစွာ စိုးရိမ်ရရေ အနီအထားမာ ရောက်နီလို့ မြီအနိမ့်ပိုင်းရပ်ကွက်တိက ပြည်သူတိကို ရီဘေးလွတ်ရာသို့ ပြောင်းရွှိ့လိုက်ရရေလို့ သိရပါရေ။

         မင်းပြားမြို့ထက်က မြီနိမ့်ပိုင်းလည်းဖြစ်၊ မြစ်ကမ်းနားနန့်လေ့ပါးရေ အောက်ရွာပိုင်းရပ်ကွက်၊ မင်းဘာကြီး၊ အောင်သာယာ နန့် ဦးစိုးတင့်ရပ်ကွက်တိက ရီဘေးသင့်ပြည်သူ (၈၀၀) ကျော်လောက်ကို ကျိန်းတောင်ခြီရင်းက ဘုန်းကြီးကျောင်းတိသို့ ဇူလိုင်လ (၂၉)ရက်နိက ချက်ချင်း ပြောင်းရွှိလိုက်ရစွာ ဖြစ်ပါရေ။

        မင်းပြားမြို့နယ်က ဒေ ရီဘေးဒုက္ခသည်တိကို ဘေးကင်းရာသို့ ဆောင်ယူနိုင်ဖို့အတွက် နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ဒေါက်တာ စံရွှေအောင်က လမ်းညွှန်ပြီးကေ ရီဘေးဒုက္ခသည်တိကို ပြောင်းရွှိ့စရိတ်၊ စားသောက်စရိတ်တိအတွက် ဖေသာ ကျပ်သိန်း (၃၀) ကိုလှူဒါန်းထားရေလို့ သိရပါရေ။

         (၂၉-၇-၂၀၁၅) ရက်နိ မိုးထဖက်​ကပင် စလို့ မင်းပြားမြို့၊ လူမှုကူညီရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်ဇော်ဝင်း ဦးဆောင်ပနာ  အမာခံအဖွဲ့ဝင် (၈)ယောက်က ဒေသခံ စက်လောင်း (၁၀)စီး အကူအညီနန့် အောက်ရွာပိုင်းရပ်ကွက်၊ မင်းဘာကြီး၊ အောင်သာယာက ရီဘေးသင့်ဒုက္ခသည်တိကို ဘေးလွတ်ရာသို့ ဆောင်ယူဖို့  ကြိုးစားခရရေလို့ သိရပါရေ။

       ယင်း ရီဘေးသင့်ဒုက္ခသည်တိကို ရီဘေးလွတ်ရာသို့ ပြောင်းရွှိ့နီရာချထားမှုမာ မင်းပြားမြို့၊ မြို့နယ်အုပ်ချုပ်ရေးမှူးက ယာယီ နီရာတိကို စီစိုင်ပီးခပြီးကေ စစ်တပ်၊ ရဲတပ်ဖွဲ့ ၊ မီးသတ်တပ်ဖွဲ့၊ စီမံကိန်း၊ စည်ပင်အဖွဲ့တိက လူအား၊ ကားတိနန့်​ ပူး​ပေါင်းကူညီ ပီးခကတ်တေလို့ သိရပါရေ။

         မင်းဘာကြီး နန့် အောင်သာယာက ရီဘေးသင့်ဒုက္ခသည်ပေါင်း (၆၀၀)ကျော်ကို တေဇာရာမကျောင်း၊ ကျောင်းသစ်၊ ဓမ္မိကာရုံကျောင်း၊ မြို့မတောင်ကျောင်းတိမာ ယာယီနီရာချထားပြီးကေ ဦးစိုးတင့်က ရီဘေးသင့် ဒုက္ခသည် (၁၀၀) ကျော်ကို ရတနာ့ဗိမာန်ကျောင်း နန့် ရတနာမွန်ကျောင်းတိမာ ယာယီနီရာချထားရရေလို့ သိရပါရေ။

         ရီဘေးသင့်ဒုက္ခသည်တိမာ အသက်ကြီး အဖိုးအဘောင်တိ နန့် မွီးစ လသားချေ အချေသားမိတိ၊ ကိုယ်ဝန်ဆောင်တိနန့် အချေတိ ပါဝင်ပြီးကေ သူရို့တိအတွက် ကျန်းမာရေး စောင့်ရှောက်မှုတိ၊ အဝတ်အစားတိ၊ လိုအပ်ချက် ဟိနီရေလို့ သိရပါရေ။

         မင်းပြားမြို့နယ်တခုလုံးမာ အညာရီနစ်မြုပ်မှုဒဏ်ကို ခံစားနီကတ်ရပြီးကေ လေးမြို့မြစ်အထက်ပိုင်း ဒေသတိမာ ရီဘေးဒဏ်ကို ဆိုးဆိုးရွားရွား ခံစားနီကတ်ရပနာ လူအရပ်နီးပါးလောက် အညာရီနစ်မြုပ်လို့ ကိုယ့်အစီအစိုင်နန့်ကိုယ် ဘေးလွတ်ရာသို့ ခိုလှုံနီကတ်ရရေလို့ သိရပါရေ။

        မင်းပြားမြို့နယ်က ရီဘေးသင့်ပြည်သူတိကို ကူညီချင်ရေဆိုပါကေ ဦးခင်ဇော်ဝင်း
(Ph: 09421755893, 09261152229) နန့် ကိုခိုင်ဖိုးထူး (Ph: 09259365682) ရို့ကို ဆက်သွယ် မီးကြည့်နိုင်ပါရေ။

Support : Creating Website | Johny Template | Mas Template
Copyright © 2011. မင်းပြား - သတင်း - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger