မင်းပြားမြို့၌ (OSS) စုပေါင်းရုံးသစ်ဖွင့်ပွဲ ပြုလုပ် - မင်းပြား - သတင်း
Headlines News :
Home » » မင်းပြားမြို့၌ (OSS) စုပေါင်းရုံးသစ်ဖွင့်ပွဲ ပြုလုပ်

မင်းပြားမြို့၌ (OSS) စုပေါင်းရုံးသစ်ဖွင့်ပွဲ ပြုလုပ်

Written By Mong Bra's News on Monday, March 21, 2016 | 6:29 AM

မင်းပြား (March 21, 2016)

ရခိုင်ပြည်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့၌ ဌာနဆိုင်​ရာ စုပေါင်းရုံးသစ်ဖွင့်ပွဲကို ယနေ့ (၂၁-၃-၂၀၁၆) နံနက်ပိုင်းက ပြုလုပ်ခဲ့ပြီး ရခိုင်ပြည် လူမှုရေးဝန်ကြီး၊ ရခိုင်ပြည် ဥပဒေချုပ်နှင့် ခရိုင်အုပ်ချုပ်ရေးမှူးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်ဟု သတင်းရရှိပါသည်။

အဆိုပါ One Stop Shop (OSS) စုပေါင်းရုံးသစ် (၃)ထပ် အဆောက်အဦးသည် မင်းပြားမြို့၊ ဈေးဟောင်းပိုင်းရပ်ကွက်၊ ရုံးတက်လမ်းရှိ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ခြံဝင်းအတွင်း တည်ရှိကာ အများပြည်သူ အဓိက ဆက်ဆံနေကြရသည့် ဌာနဆိုင်ရာများကို စုပေါင်း၍ သက်ဆိုင်ရာ ဌာနလုပ်ငန်းများကို တစ်နေရာတည်းတွင် ဆောင်ရွက်နိုင်မည်ဟု သိရသည်။

ဤစုပေါင်းရုံး၌ ပါဝင်သော ဌာနများမှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ စည်ပင်၊ မြေစာရင်း၊ လဝက၊ မီးသတ် ၊ ကျန်းမာရေး၊ ပညာရေး၊ လျှပ်စစ်နှင့်​ အခွန်ဦးစီးဌာနတို့ ဖြစ်ကြောင်း သိရသည်။

မင်းပြားမြို့နယ်ရှိ ပြည်သူများအနေဖြင့် အဆိုပါ ဌာနလုပ်ငန်းများနှင့် ဆောင်ရွက်စရာများ၊ သိရှိ မေးမြန်းစရာများ၊ အသိပေး တင်ပြစရာများရှိပါက အဆိုပါ စုပေါင်းရုံးသို့ သွားရောက် ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း သိရသည်။

မင်းပြား - သတင်း
21 . 03 . 2016

Share this article :

0 comments:

Speak up your mind

Tell us what you're thinking... !

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. မင်းပြား - သတင်း - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger