ရက္ခိုင့်​တပ်မတော် (AA) နန့် ပတ်သက်တေလို့ စွပ်စွဲအဖမ်းခံထားရရေ မင်းပြားက(၁)ယောက် အပြီးအပြတ် လွတ်မြောက်လာ - မင်းပြား - သတင်း
Headlines News :
Home » » ရက္ခိုင့်​တပ်မတော် (AA) နန့် ပတ်သက်တေလို့ စွပ်စွဲအဖမ်းခံထားရရေ မင်းပြားက(၁)ယောက် အပြီးအပြတ် လွတ်မြောက်လာ

ရက္ခိုင့်​တပ်မတော် (AA) နန့် ပတ်သက်တေလို့ စွပ်စွဲအဖမ်းခံထားရရေ မင်းပြားက(၁)ယောက် အပြီးအပြတ် လွတ်မြောက်လာ

Written By Mong Bra's News on Friday, July 10, 2015 | 8:27 PM

မင်းပြား (ဇူလိုင် ၁၁၊ ၂၀၁၅)

          ရက္ခိုင့်​တပ်မတော် (AA) နန့် ပတ်သက်တေလို့ စွပ်စွဲအဖမ်းခံထားရပြီးကေ မင်းပြားမြို့နယ်တရားရုံးမာ တရားရင်ဆိုင်နီရရေ မင်းပြားမြို့နယ်က (၂) ယောက်ထဲက (၁၀-၇-၂၀၁၅) ရက်နိက (၁) ယောက် အပြီးအပြတ်​ လွတ်မြောက်လာရေလို့ သတင်းရဟိပါရေ။

          ယင်းပိုင်​ အပြီးအပြတ် လွတ်မြောက်လာသူက မင်းပြားမြို့၊ အကယ်ဒမီ ခွေဆိုင်ပိုင်ရှင် ကိုမောင်မောင် (ခ) ကိုမျိုးဝင်းကျော် ဖြစ်တေလို့သိရပါရေ။ သူ့ကို ရက္ခိုင့်တပ်မတော် (AA) နန့် ပတ်သက်မှုဟိရေ စွပ်စွဲချက်နန့် (၂၃-၄-၂၀၁၅) ရက်နိ စစ်တပ်က ဖမ်းဆီးခေါ်ဆောင်လားပြီးကေ မတရားအသင်းနန့် ဆက်သွယ်မှု အက်ဥပဒေ ပုဒ်မ (၁၇/၁) နန့်​ မင်းပြားမြို့နယ်​ တရားရုံးမာ (၃-၅-၂၀၁၅) ရက်နိ စွဲချက်တင်ပနာ (၁၀-၇-၂၀၁၅) ရက်နိက အပြီးအပြတ်​ လွတ်မြောက်လာစွာလို့ သိရပါရေ။

           "မောင်မောင် (ခ) မျိုးဝင်းကျော်ကို မတရားအသင်းနန့် ဆက်သွယ်မှု အက်ဥပဒေ ပုဒ်မ (၁၇/၁) အရ ဖမ်းဆီးအရေးပနာ စွဲချက်တင်ပြီးကေ တရားစွဲဆိုရေအဖွဲ့က အမှုပြန်လည် ရုတ်သိမ်းမှုကို မင်းပြားမြို့နယ် တရားရုံးက ခွင့်ပြုရေအတွက်နန့် အပြီးအပြတ်လွှတ်လိုက်စွာ ဖြစ်တေ။" လို့ ယင်းအမှုကို လိုက်ပါဆောင်ရွက်နီရေ ရှေ့နေ ဒေါ်အေးနုစိန် က ပြောပါရေ။

          သူနန့် တတူတူ ယင်းဥပဒေပုဒ်မနန့် တရားစွဲဆိုခံထားရလူက မင်းပြားမြို့နယ်၊ လဟာကျယ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းမောင် ဖြစ်ပြီးကေ သူ့အမှုကိုတော့ ဆက်လက် စစ်ဆီးနီတုန်းလို့ သိရပါရေ။

         ရက္ခိုင့်တပ်မတော် (AA) နန့် ပတ်သက်မှုဟိရေ ဆိုပနာ မင်းပြားမြို့နယ်က ဖမ်းဆီး တရားစွဲဆိုခံနီရစွာ လူ (၆) ယောက် ဟိပြီးကေ မင်းပြားမြို့နယ် တရားရုံးမာ (၂) ယောက်၊ ကျောက်တော်မြို့နယ် တရားရုံးမာ (၄) ယောက် တရားရင်ဆိုင်နီရရေလို့ သိရပါရေ။

       (၁၀-၇-၂၀၁၅) ရက်နိက မင်းပြားတရားရုံးမာ တရားရင်ဆိုင်နီရလူ (၂) ယောက် ထဲက (၁) ယောက် အပြီးအပြတ် လွတ်မြောက်လာပနာ မင်းပြားက ကျန် (၁) ယောက်ဖြစ်တေ မင်ပြားမြို့နယ် လဟာကျယ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းမောင်နန့် ကျောက်တော်မြို့နယ် တရားရုံးမာ တရားစွဲဆိုခံနီရရေ မင်းပြားမြို့နယ်က (၄) ယောက်ကတော့ ကိုရွှေလုံး(ခ) ဦးရွှေစိန်ဝင်း (အလယ်တန်းပြ မူလွန်-ခွဆုံ ရခိုင် မင်းပြားမြို့နယ်) ၊ ကိုထွန်းထွန်းဝင်း (အဖ - ဦးထွန်းဦးခိုင် သာယာကုန်းရွာ၊ ကိုမောင်ကျော်သိန်း (အဖ - ဦးမောင်ထွန်းစိန်) ကြောင်ရှည်ချောင်းရွာ၊ ကိုဦးထွန်းစိုး (အဖ - ဦးဂေါက်ရ) ဗလိပေါက်ရွာ ရို့ ဖြစ်ကတ်ပါရေ။

မင်းပြား - သတင်း
  11 - 7 - 2015

Share this article :

0 comments:

Speak up your mind

Tell us what you're thinking... !

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. မင်းပြား - သတင်း - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger