မင်းပြားမြို့သား ဒေါက်တာ စံရွှေအောင် (နယ်စပ်ရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်/တာဝန်ခံညွှန်ချုပ်) မင်းပြားမဲဆန္ဒနယ်က ဝင်ပြိုင်နိုင်ဖို့အတွက် ညှိနှိုင်းဆွေးနွေးပွဲပြုလုပ် - မင်းပြား - သတင်း
Headlines News :
Home » » မင်းပြားမြို့သား ဒေါက်တာ စံရွှေအောင် (နယ်စပ်ရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်/တာဝန်ခံညွှန်ချုပ်) မင်းပြားမဲဆန္ဒနယ်က ဝင်ပြိုင်နိုင်ဖို့အတွက် ညှိနှိုင်းဆွေးနွေးပွဲပြုလုပ်

မင်းပြားမြို့သား ဒေါက်တာ စံရွှေအောင် (နယ်စပ်ရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်/တာဝန်ခံညွှန်ချုပ်) မင်းပြားမဲဆန္ဒနယ်က ဝင်ပြိုင်နိုင်ဖို့အတွက် ညှိနှိုင်းဆွေးနွေးပွဲပြုလုပ်

Written By Mong Bra's News on Wednesday, July 8, 2015 | 7:58 PM

မင်းပြား (ဇူလိုင် ၉၊ ၂၀၁၅)

        ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလမာ ကျင်းပပြုလုပ်ဖို့ဖြစ်တေ ပြည်လုံးကျွတ် အထွေထွေရွီးကောက်ပွဲမာ မင်းပြားမြို့သား၊ ဒေါက်တာ စံရွှေအောင် (နယ်စပ်ရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်/တာဝန်ခံညွှန်ချုပ်) မင်းပြားမဲဆန္ဒနယ်က ဝင်ပြိုင်နိုင်ဖို့ အတွက် ညှိနှိုင်းဆွေးနွေးပွဲတရပ်ကို (၈-၇-၂၀၁၅) ရက်နိ မိုးထ (၁၀)နာရီအချိန် မင်းပြားမြို့၊ ဓမ္မိကာရုံကျောင်းတိုက်မာ ပြုလုပ်ခရေလို့ သတင်းရဟိပါရေ။

          ယင်း ဆွေးနွေးပွဲသို့ မင်းပြားမြို့က သံဃာ့နာယက ဆရာတော်တိအပါအဝင် ဖိတ်ကြားထားရေ ပါတီက တာဝန်ဟိပုဂ္ဂိုလ်တိ၊ လူမှုရေးအဖွဲ့အစည်းတိက တာဝန်ဟိပုဂ္ဂိုလ်တိ၊ မြို့မိ/ဖတိ စုစုပေါင်း (၅၀) လောက် တက်ရောက်ခကတ်တေလို့ သိရပါရေ။

          ဆွေးနွေးပွဲကို နမောတဿ (၃) ကြိမ် ရွတ်ဆိုဖွင့်လှစ်ပြီးကေ မင်းပြားမြို့နယ် သံဃာ့နာယက ဥက္ကဋ္ဌဆရာတော်က သြဝါဒစကား မိန့်ကြားပနာ မင်းပြားမြို့နယ် လူမှုကူညီရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်ဇော်ဝင်း က ဆွေးနွေးပွဲခေါ်ယူရရေ အကြောင်းရင်းနန့် ပတ်သက်လို့ ရှင်းလင်းတင်ပြခပါရေ။ ယင်းနောက် တက်ရောက်လာကတ်တေ လူကြီးတိက သဖောထား အမြင်တိကို တင်​ပြ ညှိနှိုင်းဆွေးနွေးကတ်ပနာ အခမ်းအနားကို နိခင်းဖက် (၁) နာရီအချိန်မာ ရုပ်သိမ်းခရေလို့ သိရပါရေ။

          အဂုပိုင် လုပ်ရရေ အကြောင်းရင်းက ကိုယ့်ပြည်၊ ကိုယ့်လူမျိုးကို ကယ်တင်နိုင်ဖို့ ပုဂ္ဂိုလ်တယောက်ဖြစ်တေ ဒေါက်တာ စံရွှေအောင်ကို မင်းပြားမြို့သူ/သားတိက လိုလိုလားလား ဟိနီကတ်တေအတွက် မင်းပြား မဲဆန္ဒနယ်က ဝင်ပြိုင်ဖို့ ဖိတ်ခေါ်ရခြင်းဖြစ်ကြောင်း၊ လက်ဟိရခိုင်အမျိုးသားပါတီ(ANP) အနီနန့် ပြည်နယ်အစိုးရ မဖွဲ့နိုင်ခကေ ရခိုင်ပြည်ကို ကယ်တင်နိုင်ဖို့ဖြစ်နိုင်ရေ အလားအလာအဟိဆုံး ပုဂ္ဂိုလ်က ဒေါက်တာ စံရွှေအောင်ပင်ဖြစ်ကြောင်း၊ သူစွာ လက်ဟိနိုင်ငံရေး အနီအထားအရ ပြည်ထောင်စုကြံ့ခိုင်ရေးနန့် ဖွံ့ဖြိုးရေးပါတီက ဝင်ပြိုင်ဖို့ဖြစ်ကြောင်း၊ ဒေနိထိ ပြည်နယ်ဝန်ကြီးချုပ်ကို နိုင်ငံတော်သမ္မတက ရွီးချယ်ခန့်အပ်ရဖို့ဆိုရေ အဆိုမူကြမ်းကို အတည်မပြုနိုင်သိရေအတွက် ပြည်နယ်ဝန်ကြီးချုပ်ဖြစ်ဖို့ဆိုစွာ သမ္မတဘားမာ အဓိကမူတည်ကြောင်း၊ ယင်းအတွက်နန့် သူ့ကို ရခိုင်ပြည်ဝန်ကြီးချုပ်နီရာကို ရည်ရွယ်လို့ ကြံ့ခိုင်ရေးပါတီက ဝင်ပနာ မင်းပြားမြို့နယ် တောင်ပိုင်း၊ အမှတ်(၂)မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်မာ ဝင်လို့ပြိုင်ဖို့ စီစိုင်ထားကြောင်း၊ မင်းပြားမြို့နယ် လူမှုကူညီရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်ဇော်ဝင်း က ဆိုပါရေ။

         " မင်းပြားမြို့နယ်အတွက် မဲဆန္ဒနယ် (၄) နီရာ ဟိစွာမာ (၁) နီရာတည်းကို သူ့အတွက် အနိုင်ရဟိနိုင်ဖို့ ကျနော်ရို့ ဆောင်ရွက်ပီးချင်စွာပါ။ ကျနော်ရို့စွာ ကြံ့ခိုင်ရေးပါတီကို အားပီးလို့ ဒေပိုင်လုပ်စွာလေ့ မဟုတ်ပါ။ ကိုယ်ရို့ ရခိုင်တမျိုးသားလုံးဧ့ တခုတည်းသောပါတီဖြစ်တေ ရခိုင်အမျိုးသားပါတီ(ANP) ကို သစ္စာဖောက်လို့လေ့ မဟုတ်ပါ။ ရခိုင်ပြည်အတွက် အမှန်ပင် လိုအပ်နီရေ နီရာကို အမှန်ပင် အရည်အချင်းဟိရေ၊ အခြားလူတိထက်လေ့ ရခိုင်လူမျိုးအတွက် အများကြီး ဆောင်ရွက်ပီးနိုင်စွမ်းဟိရေ သူ့တယောက်တည်းကို ပုဂ္ဂိုလ်စွဲအဖြစ် ရွီးချယ်တင်မြှောက်ခြင်းရာ ဖြစ်ပါရေ။ " လို့ ဦးခင်ဇော်ဝင်း က ဆက်ပြောပါရေ။

          ဆွေးနွေးပွဲသို့ အဓိက နိုင်ငံရေးပါတီတိကို ဖိတ်ကြားထားကေလေ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက တာဝန်ဟိလူတိရာ တက်ရောက်လာပြီးကေ မင်းပြားမြို့နယ်၊ ရခိုင်အမျိုးသားပါတီ (ANP) က တက်ရောက်မှုမဟိခလို့ သိရပါရေ။

        ဆွေးနွေးပွဲသို့တက်ရောက်လာရေ မင်းပြားမြို့နယ်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ဥက္ကဋ္ဌ ဦးမောင်နုချေ က သူရို့ပါတီအနီနန့် ဒေ ၂၀၁၅ ရွီးကောက်ပွဲမာ မင်းပြားမြို့နယ်မာ နီရာကွက်လို့ အရွီးခံဖို့ အစီအစိုင်ဟိကြောင်း၊ အဂုပိုင် ရခိုင်တမျိုးသားလုံးအတွက် ဒေါက်တာ စံရွှေအောင်က မင်းပြားမဲဆန္ဒနယ်ကရာ အရွီးခံဖို့ဆိုပါကေ သူ့မာဟိရေ အရည်အချင်းနန့် ရခိုင်ပြည်အနာဂတ်ကို ဦးဆောင်ဖန်တီးနိုင်ဖို့ ယုံကြည်ရေအတွက် လိုအပ်စွာကို ညှိနှိုင်းခံဖို့ဖြစ်ကြောင်း၊ ပါတီမူဝါဒအရ မြို့နယ်​ အဆင့်သဖောထားကို ဗဟိုသို့တင်ပြပီးဖို့ဖြစ်ကြောင်းနန့် ဒေါက်တာ စံရွှေအောင်ကို အားပီးပါကြောင်း တင်ပြဆွေးနွေးခရေလို့ သိရပါရေ။

                 ဒေါက်တာ စံရွှေအောင် ရွီးကောက်ပွဲ ဝင်ပြိုင်ဖို့ အတွက် ဆောင်ရွက်ပီးကတ်တေ ဖြစ်မြောက်ရေးအဖွဲ့က ဦးဆောင်ပနာ အစည်းအဝေး (၃)ကြိမ် ခေါ်ယူခရရေလို့ သိရပါရေ။ (၃-၇-၂၀၁၅) ရက်နိမာ မြို့လူထု သဖောထား ခံယူညှိနှိုင်းပြီးကေ (၅-၇-၂၀၁၅) ရက်နိမာ ထပ်ဆင့်ညှိနှိုင်းချက်အရ (၈-၇-၂၀၁၅) ရက်နိမာ ပြိုင်ဖက် ပါတီတိနန့် ညှိနှိုင်းဖို့ဆိုပနာ အစည်းအဝေးခေါ်ခစွာလို့ သိရပါရေ။ အစည်းအဝေးသို့ မင်းပြား (ANP) ပါတီ တက်ရောက်မှု မဟိခရေအတွက် (၃-၇-၂၀၁၅) ရက်နိက ဆုံးဖြတ်ချက်တိကို ဆန္ဒပြုရေလူတိလက်မှတ်တိနန့်တတူ ပူးတွဲပနာ သက်ဆိုင်ရေ ရခိုင်အမျိုးသားပါတီ အဆင့်ဆင့်ကို တင်ပြညှိနှိုင်းဖို့ လုပ်ထားရေလို့ သိရပါရေ။

          ဆွေးနွေးပွဲသို့ မတက်ရောက်နိုင်ခရေ မင်းပြားမြို့နယ် ရခိုင်အမျိုးသားပါတီ (ANP) က တာဝန်ဟိလူကြီးတိကို တွိဆုံမီးကြည့်ဖို့ ဆက်သွယ်ခကေလေ့ အဆက်အသွယ် မရခရေအတွက်နန့် မင်းပြား (ANP) ဧ့ သဖောထားကို သိခွင့်မရခပါ။

        ဒေါက်တာ စံရွှေအောင် ကို ရခိုင်ပြည်၊ မင်းပြားမြို့၊ အောက်ရွာပိုင်းရပ်ကွက်မာ ရခိုင်မိဖ (၂)ပါးဖြစ်တေ အဖ ဦးအောင်ကျော်မြ နန့် အမိ ဒေါ်သိန်းညွန့် ရို့က ၁၉၆၁ ခုနှစ်မာ မွီးခရေလို့သိရပါရေ။ အသက် (၅) နှစ်မာ မင်းပြားမြို့၊ အမက-တောင်ပိုင်းကျောင်းမာ မူလတန်းပညာကို သင်ယူခပြီးကေ အထက-မင်းပြားမာ (၅) တန်းကို သင်ယူခရေလို့ သိရပါရေ။ (၅) တန်းနှစ်မာပင် အမိနီမကောင်း ဖြစ်တေအတွက် ဆီးကုဖို့ ရန်ကုန်သို့ မိသားစုလိုက် ပြောင်းရွိ့လားပနာ ရန်ကုန် (သာကေတ) မာ ဆက်လက်နီထိုင် ပညာသင်ယူခရေလို့ သိရပါရေ။ (၁၀) တန်းစာမီးပွဲကို ဂုဏ်ထူးတိနန့် အောင်မြင်ခပြီးကေ စစ်တက္ကသိုလ် (B.Sc, D.S.A) အရာဟိသင်တန်း အပတ်စိုင် (၂၅) ကို တက်ရောက်သင်ယူပနာ လေ့ကျင့်ရေး ထူးချွန်ဆုနန့် အောင်မြင်ခရေလို့ သိရပါရေ။

            တပ်မတော်မာ ဒုတိယဗိုလ်မှူးကြီး အဆင့်ထိ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ "ဝ"ဒေသ၊ ကိုးကန့်ဒေသတိမာ စစ်ဆင်ရေးတိ ဝင်ရောက်ခပြီးကေ တိုက်ပွဲထူးချွန်မှတ်တမ်းတိ ရဟိခရေလို့ သိရပါရေ။ (၂၀၀၃-၂၀၀၄) မာ စစ်ဦးစီးတက္ကသိုလ်၊ ၂၀၀၄ က ၂၀၀၆ ထိ စီးပွားရေးတက္ကသိုလ်က စီးပွားရေးစီမံခန့်ခွဲမှု မဟာဘွဲ့ (MBA)၊ (၂၀၀၇-၂၀၁၀) ထိ University Of Berkley (USA) က ပါရဂူဘွဲ့ (ဒေါက်တာဘွဲ့) Ph.D (IT Application) တိကို ရဟိအောင်မြင်ခရေလို့ သိရပါရေ။

         တပ်မတော်က အရပ်ဖက် ဌာနဆိုင်ရာသို့ ပြောင်းရွိ့ပြီးကေ ဟိုတယ်နန့် ခရီးလားလာရေး ဝန်ကြီးဌာန (ညွှန်ကြားရေးမှူး)၊ ဆက်သွယ်ရေး ဝန်ကြီးဌာနမာ (ဒုတိယ ညွှန်ကြားရေးမှူးချုပ်) နန့် ဝန်ကြီးရုံး ရုံးအဖွဲ့မှူး၊ ယင်းမာကနီလို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဖြစ်လာပြီးကေ ၂၀၁၅ ခုနှစ် ဧပြီလမာ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ဝန်ကြီးဌာန တာဝန်ခံ ညွှန်ကြားရေးမှူးချုပ် ရာထူးကိုပါ ပူးတွဲတာဝန်ထမ်းဆောင်လို့ ဟိနီရေလို့ သူ့အကြောင်း ရီးသားထားရေ စာအုပ်တအုပ်မာ ဖော်ပြထားပါရေ။

         ဒေါက်တာ စံရွှေအောင်စွာ  စစ်မှန်ရေ မျိုးချစ်ဝံသာနု ရက္ခိတစိတ်ဓာတ်နန့် ရခိုင်ပြည် ရခိုင်လူမျိုးအတွက် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ ဘာသာရေး ဆိုင်ရာ ကိစ္စရပ်တိမာ မရွီတွက်နိုင်အောင် လုပ်ဆောင်ကူညီမှုတိကို ဆောင်ရွက်ပီးခရေလို့ သိရပါရေ။

         ၂၀၁၅ ခုနှစ် အထွေထွေရွီးကောက်ပွဲမာ ရခိုင်ပြည်၊ ရခိုင်လူမျိုး အနာဂတ်အရေးအတွက် ဒေါက်တာ စံရွှေအောင် မင်းပြားက နီလို့ ရခိုင်အမျိုးသားပါတီ (ANP) နန့် အပြိုင် အရွီးချယ်ခံဖို့ဆိုရေကိစ္စစွာ မင်းပြားသူ/သားတိအပါအဝင် ရခိုင်ပြည်၊ ရခိုင်လူမျိုး အားလုံးနန့် သက်ဆိုင်နီရေအတွက်နန့် အားလုံး သိဟိ၊ ဝီဖန်၊ အကြံပီးနိုင်အောင်လို့ တင်ပြပီးလိုက်ရပါရေ။

မင်းပြား - သတင်း
   9 - 7 - 2015
       
          

Share this article :

0 comments:

Speak up your mind

Tell us what you're thinking... !

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. မင်းပြား - သတင်း - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger