မင်းပြား (ဇူလိုင် ၂၁၊ ၂၀၁၅)
ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ ပညာရေးဌာနက မူလတန်းပြ (နိစားလပီး) ဆရာ/မ လျှောက်လွှာခေါ်ယူနီယာလို့ သတင်းရဟိပါရေ။
အောက်က သတ်မှတ်ထားရေ အချက်တိနန့် ပြည့်စုံရေလူတိစွာ ယင်းရာထူးကို လျှောက်ထားနိုင်ရေလို့ သိရပါရေ။
(၁) ရိုးရိုး ဘွဲ့ရထားရေ လူတိစွာ (၃၁-၇-၂၀၁၅) ရက်နိခါ အသက် (၃၀) နှစ်ထက် မကြီးရ။
(၂) M.A, M.Sc ဘွဲ့ရထားရေ လူတိစွာ (၃၁-၇-၂၀၁၅) ရက်နိခါ အသက် (၃၅) နှစ်ထက် မကြီးရ။
(၃) Ph.D ဘွဲ့ရထားရေ လူတိစွာ (၃၁-၇-၂၀၁၅) ရက်နိခါ အသက် (၄၀) နှစ်ထက် မကြီးရ။
(၄) ဘွဲ့ရထောက်ခံချက်အတွက် ဘွဲ့ရလက်မှတ် (သို့မဟုတ်) ထောက်ခံစာမိတ္တူ ပူးတွဲလို့ တင်ပြရပါဖို့။
(မူရင်းကို လျှောက်လွှာတင်ရေအချိန်ခါနန့် လူတွိ နှုတ်ဖြီ ဖြီဆိုဖို့အချိန်ခါ ယူဆောင်လာရပါဖို့။)
(၅) အသက်ထောက်ခံချက်အတွက် တက္ကသိုလ်ဝင်တန်း အောင်လက်မှတ် (သို့မဟုတ်) ထောက်ခံစာမိတ္တူ ပူးတွဲလို့ တင်ပြရပါဖို့။
(မူရင်းကို လျှောက်လွှာတင်ရေအချိန်ခါနန့် လူတွိ နှုတ်ဖြီ ဖြီဆိုဖို့အချိန်ခါ ယူဆောင်လာရပါဖို့။)
(၆) ပြစ်မှုကင်းရှင်းကြောင်းနန့် အကျင့်စာရိတ္တ ကောင်းမွန်ကြောင်းကို ရဲစခန်း၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးဧ့ ထောက်ခံချက် မူရင်းကို ပူးတွဲလို့ တင်ပြရပါဖို့။
(၇) လျှောက်ချင်ရေလူတိစွာ လျှောက်လွှာ (၄) စုံကို မင်းပြားမြို့၊ မြို့နယ်ပညာရေးမှူးရုံးသို့ (၂၇-၇-၂၀၁၅) ရက်နိ နောက်ဆုံးထားပနာ လျှောက်ထားနိုင်ရေလို့ သိရပါရေ။
ဝင်ခွင့်စာမီးပွဲ (အင်္ဂလိပ်စာ၊ သင်္ချာ၊ အထွေထွေ ဗဟုသုတဆိုင်ရာ ၂-နာရီ မီးခွန်း) ကို (၂-၈-၂၀၁၅) ရက်နိ မိုးထဖက် (၉) နာရီ အချိန် မင်းပြားမြို့မာ ဖြီဆိုကတ်ရဖို့ဖြစ်ပါရေ။
မင်းပြား - သတင်း
21- 7 - 2015
0 comments:
Speak up your mind
Tell us what you're thinking... !