မင်းပြားမြို့နယ် ရန်ကုန်-စစ်တွေ အဝေးပြေးလမ်းမပေါ်၌ ခရီးသည်တင် Express ကားတစ်စီး မီးလောင်မှုဖြစ်ပွား - မင်းပြား - သတင်း
Headlines News :
Home » » မင်းပြားမြို့နယ် ရန်ကုန်-စစ်တွေ အဝေးပြေးလမ်းမပေါ်၌ ခရီးသည်တင် Express ကားတစ်စီး မီးလောင်မှုဖြစ်ပွား

မင်းပြားမြို့နယ် ရန်ကုန်-စစ်တွေ အဝေးပြေးလမ်းမပေါ်၌ ခရီးသည်တင် Express ကားတစ်စီး မီးလောင်မှုဖြစ်ပွား

Written By Mong Bra's News on Sunday, March 13, 2016 | 12:52 AM


မင်းပြား (March 13, 2016)

ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ ကြက်ယက်ကျေးရွာအနီး၊ ရန်ကုန်-စစ်တွေ အဝေးပြေးကားလမ်းမပေါ် မိုင်တိုင်အမှတ် (၈၅/၄)နှင့် (၈၅/၅)အကြားတွင် ယနေ့ (၁၃-၃-၂၀၁၆)နံနက် (၁၀း၁၀) နာရီ အချိန်ခန့်က ခရီးသည်တင် Express ကားတစ်စီး မီးလောင်မှု ဖြစ်ပွားခဲ့သည်ဟု သတင်းရရှိပါသည်။

မီးလောင်မှု ဖြစ်ပွားခဲ့သော ခရီးသည်တင်ကားမှာ ရန်ကုန်မှ စစ်တွေသို့ ခရီးသည်များ တင်ဆောင်ကာ ယာဉ်မောင်း ဦးရဲမင်းထွန်း မောင်းနှင်လာသည့် ဟွန်ဒိုင်း အောင်ပြည့်စုံ (ယာဉ်အမှတ် YGN-2D 5181) ဖြစ်သည်ဟု မင်းပြားမြို့နယ် မီးသတ်တပ်ဖွဲ့စခန်းမှ သိရသည်။

" Express ကား မီးလောင်နေတဲ့အကြောင်းကို ကျွန်တော်တို့ မီးသတ်စခန်းက နံနက် (၁၀း၂၀) နာရီ အချိန်မှာ သတင်းရပါတယ်။ အဲဒီကို (၁၀း၄၅) နာရီမှာ ရောက်တယ်။ (၁၁း၀၀) နာရီ အချိန်မှာ မီးကို ထိန်းထားနိုင်ခဲ့တယ်။ (၁၁း၂၅) မှာ မီးငြိမ်းသတ်နိုင်ခဲ့ပါတယ်။ လူ သေဆုံးမှု မရှိပါဘူး။ မော်တော်ကားနဲ့ ကားပေါ်မှာပါတဲ့ ကုန်ပစ္စည်း အကုန်လုံး ပျက်စီးဆုံးရှုံးသွားတယ်။ ကားနောက်ခန်း အင်ဂျင်အခန်းက ဝါယာရှော့ခ် စဖြစ်လို့ မီးလောင်တာပါ။ ပျက်စီးဆုံးရှုံးမှု ပမာဏကိုတော့ တွက်ချက်ထုတ်ပြန်နိုင်ဖို့ လုပ်နေပါတယ်။" ဟု မင်းပြားမြို့နယ် မီးသတ်တပ်ဖွဲ့စခန်းမှ မြို့နယ်ဦးစီးမှူး ဦးစံထွန်းက ပြောသည်။

ယခု မီးလောင်ခဲ့သည့် Express ကားပေါ်၌ ခရီးသည် ကျား (၃၇)ဦးနှင့် မ(၁၅)ဦး လိုက်ပါလာသည်ဟု သိရသည်။

ဤကိစ္စနှင့် ပတ်သက်ပြီး ယာဉ်မောင်း ဦးရဲမင်းထွန်း၊ အသက် ၃၂ နှစ်၊(ဘ) ဦးသန်းမြင့်အား မင်းပြားမြို့မရဲစခန်းမှ (ပ) ၄၉/၂၀၁၆၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၈၅ အရ အမှုဖွင့်ကာ ဖမ်းဆီးစစ်ဆေး လျှက်ရှိကြောင်းလည်း သိရှိရသည်။

မင်းပြား - သတင်း
13 . 03 . 2016
Photos credit: မင်းပြားမြို့နယ်​ မီးသတ်​တပ်​ဖွဲ့စခန်း

Share this article :

0 comments:

Speak up your mind

Tell us what you're thinking... !

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. မင်းပြား - သတင်း - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger