မင်းပြားက မိသားစု(၅)ယောက် အစာအဆိပ်သင့်လို့ (၄)ယောက် သီဆုံး (သို့မဟုတ်) ( ၅ - ၄ = ၁) - မင်းပြား - သတင်း
Headlines News :
Home » » မင်းပြားက မိသားစု(၅)ယောက် အစာအဆိပ်သင့်လို့ (၄)ယောက် သီဆုံး (သို့မဟုတ်) ( ၅ - ၄ = ၁)

မင်းပြားက မိသားစု(၅)ယောက် အစာအဆိပ်သင့်လို့ (၄)ယောက် သီဆုံး (သို့မဟုတ်) ( ၅ - ၄ = ၁)

Written By Mong Bra's News on Monday, July 6, 2015 | 6:48 AM

မင်းပြား (ဇူလိုင် ၆၊ ၂၀၁၅)

       ရခိုင်ပြည်၊ မင်းပြားမြို့မာ မှိုအပါအဝင် အခြားအစားအစာတိကို ရောလို့ စားမိရေအတွက် အစာအဆိပ်​သင့်​ကတ်လို့ ဆီးရုံတက်ကုသခံရရေ မိသားစု (၅) ယောက်ထဲက (၄)ယောက် သီဆုံးလားပြီးကေ အသက်ရှင်ကျန်လိုက်တေ အမိသည်ကို ရန်ကုန်သို့ ဆီးကုသဖို့ ပို့လိုက်ရရေလို့ သတင်းရဟိပါရေ။

        သူရို့(၅)ယောက်စွာ ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ တောင်ပို့ကြီးအုပ်စု၊ (ငပယင့်) ငပြီအင်းရွာက ဦးမောင်ကျော်မင်း  (၅၁-နှစ်)၊ ဒေါ်အိမ်သာနု (၄၄-နှစ်) နန့် သူရို့ သားသမီးတိဖြစ်တေ မောင်ကျော်ခိုင်ဦး (၁၃-နှစ်) (၇-တန်း)၊ မခိုင်ဖြူချေ (၉-နှစ်) (၃-တန်း)၊
မမေချေ (၇-နှစ်) (ဝ-တန်း) ရို့ဖြစ်ကတ်ပါရေ။

        (၂၆-၆-၂၀၁၅) သောက်ကြာနိ ကျိန်းတောင်တန်းက ရှာလို့ရလာရေ ဂရင်မှို၊ တောင်ပုတ်မှိုရောက်မ၊ ရီကြိုင်မှိုတိအပါအဝင် ကဏန်း၊ သဗြုသီး၊ အနောက်ငါး စရေ အစာတိကို ယင်းနိ ညဇာဖက်ထမင်းနန့် သူရို့ မိသားစု (၅)ယောက်စလုံး စားခကတ်လို့ အစာအဆိပ်အတောက် ဖြစ်လားရေအတွက် မင်းပြားမြို့ ပြည်သူ့ဆီးရုံကြီးသို့ (၂၈-၆-၂၀၁၅) တလင်းဂနီနိ မိုးထက်စောစောချေက အတွင်းလူနာအဖြစ် အရေးပေါ် ဆီးကုသမှု ခံယူခကတ်တေလို့ သိရပါရေ။

         မင်းပြား ဆီးရုံက ဆရာဝန်တိက ကြိုးစားကုသပီးခကတ်ကေလေ့ အဆိပ်က ပြန့်လားပြီးကေ ဆီးရုံသို့ အချိန်မီ မရောက်လာနိုင်ခရေအတွက်ကြောင့် (၂၈-၆-၂၀၁၅) တလင်းဂနီနိ ညဇာဖက် (၄)နာရီ အချိန်မာ (၉)နှစ်သမီး မခိုင်ဖြူချေ သီဆုံးလားပြီးကေ ယင်းနိ ညည့် (၈)နာရီ အချိန်မာပင် (၇)နှစ် သမီးချေ မမေချေ လေ့ သီဆုံးလခရေလို့ သိရပါရေ။

         ကျန်လိုက်တေ အမိ၊ အဖ နန့် သူ့အကို ရို့ (၃)ယောက်ကို လူနာတိဆန္ဒအရ မင်းပြား ဆီးရုံကတဆင့် စစ်တွေမြို့၊ အထွေထွေရောဂါကု ဆီးရုံကြီးသိွုှ့လွှဲပြောင်းပနာ (၃၀-၆-၂၀၁၅) ရက် အင်္ဂါနိမာ အတွင်းလူနာအဖြစ် ဆီးကုသမှု ခံယူခကတ်တေလို့ သိရပါရေ။
      
         ယင်းပိုင် ဆီးကုသမှုခံယူနီယင်း  မောင်ကျော်ခိုင်ဦး (၁၃-နှစ်) (၇-တန်း) စွာ (၁-၇-၂၀၁၅) ရက်​ ဗုဒ္ဓဟူးနိ နိခင်းဖက် (၁၂) နာရီအချိန်မာ သီဆုံးလခရေအတွက် သူ့ရုပ်အလောင်းကို စစ်တွေမြို့မာပင် ယင်းနိ နိခင်းဖက် (၁)နာရီအချိန်က မြီမြှုပ်သင်္ဂြိုလ်လိုက်ရရေလို့ သိရပါရေ။

       သီဆုံးလားလို့ မြီမြှုပ် သင်္ဂြိုလ်လိုက်ရရေ အချေ (၃) ယောက် အလောင်းကို သက်ဆိုင်ရာက ပြန်လို့ဖော်ယူပနာ ရင်ခွဲစစ်ဆီးချက် ယူခရေလို့ သိရပါရေ။ ဇာကြောင့် သီဆုံးရလေ ဆိုစွာကို အဂုအချိန်မာ အတိအကျ သိခွင့်မရသိပါ။

        အသက်ရှင်ကျန်ဖို့ မျှော်လင့်ချက်ဟိရေ သူရို့အမိ ဒေါ်အိမ်သာနု ကို (၂-၇-၂၀၁၅) ရက်နိက ရန်ကုန်သို့ ယူဆောင်ပနာ ရန်ကုန်ဆီးရုံသစ်ကြီး(ဂျပန်ဆီးရုံကြီး) အဆိပ်ပြယ်ဌာနမာ ဆီးကုသမှုခံယူနီရရေလို့ သိရပါရေ။

        ရန်ကုန်ကို ပို့လို့ ဆီးကုဖို့ဆိုကေတောင် အသက်ရှင်ဖို့ မျှော်လင့်ချက်နည်းရေ    ဦးမောင်ကျော်မင်း (၅၁-နှစ်) ကို စစ်တွေ ဆီးရုံကြီးမာ ဆီးကုသနီယင်း (၄-၇-၂၀၁၅) ရက် စနီနိ မိုးထ (၉း၄၅) နာရီအချိန်မာ သီဆုံးလခရေလို့ သိရပါရေ။

        " စစ်တွေ ဆီးရုံကြီးက ဆရာဝန် သူနာပြုတိက ကောင်း အရေးတစိုက် လုပ်ပီးကတ်ပါရေ။ ယေဒါလေ့ အသက်ရှင်အောင် မကယ်တင်နိုင်ခပါ။ စနီနိ  မိုးထ (၉း၄၅) နာရီအချိန်မာ သီဆုံးလခရေအတွက်နန့် သူ့ရုပ်အလောင်းကို ယင်းနိ မိုးထ (၁၁) နာရီ အချိန်လောက်မာ ရင်ခွဲ စစ်ဆီးချက်ယူပြီးကေ ယင်းနိ နိခင်းဖက် (၂) နာရီအချိန်လောက်မာ စစ်တွေသင်္ချိုင်းမာ မြီမြှုပ်သင်္ဂြိုလ်လိုက်ပါရေ။" လို့ (ဦးမောင်ကျော်မင်း ဧ့ ညီ) ဦးမောင်မောင်ချေက ပြောပါရေ။

          "ဒေါ်အိမ်သာနု ကို ရန်ကုန်ဆီးရုံသစ်ကြီး (ဂျပန်ဆီးရုံကြီး) အဆိပ်ပြယ်ဌာနမာ ဆီးကုသနီပါရေ။ လူမမာကတော့ မြန်းမြန်းစမ်းစမ်းပါ။ ယေဒါလေ့ အဆိပ်က အသည်းကို ထိခိုက်လားရေအတွက် တာရှည် ဆီးကုသမှု ခံယူရဖို့လို့ ပြောပါရေ။ လူမမာ ဒေါ်အိမ်သာနုကို ကောင်းကောင်း အလီးထားပနာ ဆီးကုသပီးဖို့  ဆီးရုံအုပ်ကြီးက တာဝန်ကျဆရာဝန်တိကို မှာကြားထားပါရေ။" လို့ ဒေါ်အိမ်သာနုနန့် သမီးမျောက်သား တော်စပ်တေ ကိုဦးကျော်ဝင်း က ပြောပါရေ။

         သူရို့စွာ ဆင်းရဲနွမ်းပါး လယ်လုပ်စားရရေအတွက် သူရို့အမျိုး၊ မိသားစုတိက ဝိုင်းဝန်းပနာ ဆီးကုသစရိတ် ကျခံပီးခကတ်ပြီးကေ သူရို့မိသားစု ကျန်းမာရေးအတွက် စေတနာရှင်တိက အလှူထောက်ပံ့ဖေသာတိ ပီးခကတ်တေလို့ သိရပါရေ။

        

မင်းပြား - သတင်း
  6 - 7 - 2015
       

Share this article :

0 comments:

Speak up your mind

Tell us what you're thinking... !

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. မင်းပြား - သတင်း - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger