မင်းပြားက မိသားစု(၅)ယောက် အစာအဆိပ်သင့်မှု ကြွီကွဲဖို့ကောင်းရေ နောက်ဆက်တွဲသတင်း - မင်းပြား - သတင်း
Headlines News :
Home » » မင်းပြားက မိသားစု(၅)ယောက် အစာအဆိပ်သင့်မှု ကြွီကွဲဖို့ကောင်းရေ နောက်ဆက်တွဲသတင်း

မင်းပြားက မိသားစု(၅)ယောက် အစာအဆိပ်သင့်မှု ကြွီကွဲဖို့ကောင်းရေ နောက်ဆက်တွဲသတင်း

Written By Mong Bra's News on Wednesday, July 1, 2015 | 2:55 PM

မင်းပြား (ဇူလိုင် ၁၊  ၂၀၁၅)

         ရခိုင်ပြည်၊ မင်းပြားမြို့မာ မှိုအပါအဝင် အခြားအစားအစာတိကို ရောလို့ စားမိရေအတွက်ကြောင့် အစာအဆိပ်​သင့်​ပနာ မိသားစု (၅) ယောက်စလုံး ဆီးရုံတက် ကုသ သီဆုံးမှုဖြစ်ခရရေ ဖြစ်ရပ်တခု မင်းပြားမြို့မာ ဖြစ်ပွားခပါရေ။

          အစာအဆိပ်အတောက် ဖြစ်မှုကြောင့် ဆီးရုံတင် ကုသခံရရေ မိသားစု (၅) ယောက်က ဆိုပါကေ ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ တောင်ပို့ကြီးအုပ်စု၊ (ငပယင့်) ငပြီအင်းရွာက ဦးမောင်ကျော်မင်း  (၅၁-နှစ်)၊ ဒေါ်အိမ်သာနု        (၄၄-နှစ်) နန့် သူရို့ သားသမီးတိဖြစ်တေ မောင်ကျော်ခိုင်ဦး (၁၃-နှစ်) (၇-တန်း)၊ မခိုင်ဖြူချေ (၉-နှစ်) (၃-တန်း)၊
မမေချေ (၇-နှစ်) (ဝ-တန်း) ရို့ဖြစ်ကတ်ပါရေ။

          (၂၆-၆-၂၀၁၅) သောက်ကြာနိ ကျိန်းတောင်တန်းက ရှာလို့ရလာရေ ဂရင်မှို၊ တောင်ပုတ်မှိုရောက်မ၊ ရီကြိုင်မှိုတိအပါအဝင် ကဏန်း၊ သဗြုသီး၊ အနောက်ငါး စရေ အစာတိကို ယင်းနိ ညဇာဖက်ထမင်းနန့် သူရို့ မိသားစု (၅)ယောက်စလုံး စားခကတ်လို့ အစာအဆိပ်အတောက် ဖြစ်လားရေအတွက် မင်းပြားမြို့ ပြည်သူ့ဆီးရုံကြီးသို့ (၂၈-၆-၂၀၁၅) တလင်းဂနီနိ မိုးထက်စောစောချေက အတွင်းလူနာအဖြစ် အရေးပေါ် ဆီးကုသမှု ခံယူခကတ်ပါရေ။

            အစာအဆိပ်တိ ပြန့်လားပြီးမ ဆီးရုံသို့ ရောက်လာခရေအတွက် ခံနိုင်အားနည်းနီရေ သမီးချေ(၂)ယောက် အသက်ကို မကယ်တင်နိုင်ခပါ။ သူရို့အားလုံးစွာ မင်းပြားမြို့၊  ပြည်သူ့ဆီးရုံမာ ဆီးကုသမှုကို ခံနီယင်း (၂၈-၆-၂၀၁၅) တလင်းဂနီနိ ညဇာဖက် (၄)နာရီ အချိန်မာ (၉)နှစ်သမီး မခိုင်ဖြူချေ သီဆုံးလားပြီးကေ ယင်းနိ ညည့် (၈)နာရီ အချိန်မာပင် (၇)နှစ် သမီးချေ မမေချေ လေ့ သီဆုံးလခပါရေ။

           ကျန်လိုက်တေ အမိ၊ အဖ နန့် သူ့အကို ရို့ (၃)ယောက်ကို လူနာတိဆန္ဒအရ စစ်တွေမြို့ အထွေထွေရောဂါကု ဆီးရုံကြီးသို့ (၃၀-၆-၂၀၁၅) ရက် အင်္ဂါနိက လွှဲပြောင်းပီးလိုက်တေလို့ သိရပါရေ။

            " ယင်း ကျန်လိုက်တေ သားမိသားဖ (၃) ယောက်ကို မင်းပြား ဆီးရုံက စစ်တွေဆီးရုံကြီးသို့ လွှဲပြောင်းပနာ ဆီးကုသခပါရေ။ ဆရာဝန်တိက လူနာတိကို ရန်ကုန်သို့ လွှတ်ချင်ရေ သဖောဟိပါရေ။ ယေဒါလေ့ အချိန် မမီလိုက်ပါယာ။ ဆီးကုသမှုခံယူနီယင်း  မောင်ကျော်ခိုင်ဦး (၁၃-နှစ်) (၇-တန်း) မာ (၁-၇-၂၀၁၅) ဗုဒ္ဓဟူးနိ နိခင်းဖက် (၁၂) နာရီအချိန်မာ သီဆုံးလခရေအတွက် ရုပ်အလောင်းကို စစ်တွေမြို့မာပင် ယင်းနိ နိခင်းဖက် (၁)နာရီအချိန်က မြီမြှုပ်သင်္ဂြိုလ်လိုက်ပါရေ" လို့ မိသားစုဝင်တယောက်ဖြစ်တေ ဒေါ်စံဝင်းခိုင် (ဦးမောင်မောင်ချေ ဧ့ မယား) က ပြောပါရေ။

          " ကျနော့ အကိုရင်းဖြစ်တေ လူနာ ဦးမောင်ကျော်မင်း က အဂု အချိန်မာ အခြီအနီ ဆိုးရွားလာပါရေ။ သီဆုံးလခရေ သူ့သား/သမီးတိ ရောဂါလက္ခဏာတိပိုင် ပြနီပါယာ။ အသက်ရှင်ဖို့ မျှော်လင့်ချက်က နည်းပါရေ။ ကျနော့ မရီး ဒေါ်အိမ်သာနု ကတော့ ကျန်းမာရေး အခြီအနီ ကောင်းလာပါရေ။ အသက်ရှင်ဖို့ ရာနှုန်းများပါရေ။
           ဒေဂုကိစ္စနန့်ပတ်သက်လို့ ကျနော့ကို စစ်တွေ ရဲစခန်းက ခေါ်တွိ မီးမြန်းမှုတိ လုပ်ခပါရေ။ သီဆုံးလခရေ သားသမီး (၃)ယောက် အလောင်းကို ပြန်ဖော်ပနာ သက်ဆိုင်ရေ တာဝန်ဟိလူတိက ခွဲစိတ်လို့ စစ်ချက် ပြန်ယူဖို့လိုလို ပြောသံကြားပါရေ။" လို့ အကို မိသားစုအတွက် ကြွီကွဲနီရေ ညီဖြစ်တေ ဦးမောင်မောင်ချေ က ပြောပြပါရေ။


မင်းပြား - သတင်း
   1 - 7 - 2015

          
          

         

Share this article :

0 comments:

Speak up your mind

Tell us what you're thinking... !

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. မင်းပြား - သတင်း - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger