မင်းပြား (ဇူလိုင် ၁၁၊ ၂၀၁၅)
နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်/ တာဝန်ခံ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာ စံရွှေအောင် ဇနီး ဒေါ်အေးအေးသန်း မိသားစုက မင်းပြားမြို့မာ သံဃာအပါး (၃၀၀) ကို ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ၂၀၁၅ ခုနှစ် (၁၀) တန်း စာမီးပွဲကို မင်းပြားမြို့နယ် စာစစ်ဌာနတိက အောင်မြင်ခကတ်တေ ကျောင်းသား/သူတိနန့် သင်ကြားပီးခကတ်တေ ဆရာ/မတိအတွက် ထူးချွန်ဆုချီးမြှင့်ပွဲကို မင်းပြားမြို့မာ (၁၀-၇-၂၀၁၅) ရက်နိက ပြုလုပ်ခရေလို့ သတင်းရဟိပါရေ။
ယင်းနိ မိုးထဖက်သားအချိန် မင်းပြားမြို့၊ မြို့နယ်ဓမ္မာရုံကြီးအတွင်း ပင့်ဖိတ်ထားရေ မင်းပြားမြို့က သံဃာတော်အပါး (၃၀၀) ကို ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပြီးကေ သံဃာတော်(၁)ပါးစီကို နဝကမ္မအလှူဖေသာ ၄၀၀၀၀ ကျပ် (ကျပ် လေးသောင်း) စီ လှူဒါန်းခရေလို့ သိရပါရေ။ ယင်းအလှူပွဲသို့ ပင့်ဖိတ်ထားရေ သံဃာတော်တိပါအဝင် ဌာနဆိုင်ရာတိ၊ လူမှုရေးအသင်းအဖွဲ့တိ၊ မြို့သူ/သားတိ စုစုပေါင်း (၈၀၀) ကျော်လောက် တက်ရောက်ခကတ်ပြီးကေ မွန်းတည့်ဆွမ်း ကျွေးမွေးလှူဒါန်းခရေလို့ သိရပါရေ။
ယင်းနိ နိခင်းဖက် (၁၂) နာရီခွဲလောက်မာ
၂၀၁၄-၂၀၁၅ ပညာသင်နှစ်၊ မင်းပြားမြို့နယ် စာစစ်ဌာနတိက တက္ကသိုလ်ဝင်စာမီးပွဲ အောင်မြင်ခကတ်တေ ကျောင်းသား/သူတိနန့် မင်းပြားမြို့နယ်က အထက်တန်းကျောင်းအုပ်၊ အလယ်တန်းကျောင်းအုပ်၊ မူလတန်းကျောင်းအုပ်၊ အလယ်တန်းပြ၊ မူလတန်းပြ ဆရာ/မတိအတွက် ဂုဏ်ပြုဆုချီးမြှင့်ပွဲကို မင်းပြားမြို့၊ ရာမောင်ခန်းမမာ ပြုလုပ်ခရေလို့ သိရပါရေ။
၂၀၁၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမီးပွဲကို မင်းပြားမြို့နယ်က ဝင်ရောက်ဖြီဆိုလူပေါင်း (၁၂၆၃) ယောက် ဟိခပြီးကေ အောင်မြင်ရေလူက (၄၀၇) ယောက် ဖြစ်တေလို့ သိရပါရေ။ တမြို့နယ်လုံး အောင်ချက်ရာခိုင်နှုန်းက (၃၂.၂၂)% ဖြစ်ပြီးကေ ၂၀၁၅ ခုနှစ် ရခိုင်တပြည်လုံး အောင်ချက်အကောင်းဆုံး မြို့နယ်ဆုကို ရဟိခရေလို့ သိရပါရေ။
၂၀၁၅ ခုနှစ် တက္ကသိုလ်ဝင် စာမီးပွဲမာ မင်းပြားမြို့နယ်က ရဟိရေ ဂုဏ်ထူးရှင်တိက ဆိုပါကေ -
(၄) ဘာသာဂုဏ်ထူးရှင် = (၁) ယောက်
(၃) ဘာသာဂုဏ်ထူးရှင် = (၆) ယောက်
(၂) ဘာသာဂုဏ်ထူးရှင် = (၈) ယောက်
(၁) ဘာသာဂုဏ်ထူးရှင် = (၃၈) ယောက်
စုစုပေါင်း ဂုဏ်ထူးရှင် = (၅၃) ယောက် ဖြစ်ပါရေ။
တက္ကသိုလ်ဝင်စာမီးပွဲမာ ရခိုင်တပြည်လုံး အောင်ချက်အကောင်းဆုံး မြို့နယ်ဆုကို မင်းပြားမြို့နယ်က (၄) နှစ်ဆက်တိုက် ရဟိခရေအတွက် ဂုဏ်ပြုဖေသာ ကျပ်(၁၀)သိန်းကို ဒေါက်တာ စံရွှေအောင်က ချီးမြှင့်ခပြီးကေ ၂၀၁၅ ခုနှစ် တက္ကသိုလ်ဝင်စာမီးပွဲကို မင်းပြားမြို့နယ်၊ စာစစ်ဌာနတိက ဖြီဆိုအောင်မြင်ခကတ်တေ ကျောင်းသား/သူတိအတွက် (၄)ဘာသာဂုဏ်ထူးရှင် တယောက်စီကို ကျပ် (၂)သိန်း၊ (၃)ဘာသာဂုဏ်ထူးရှင် တယောက်စီကို ကျပ် (၁)သိန်း(၅)သောင်း၊ (၂)ဘာသာဂုဏ်ထူးရှင် တယောက်စီကို ကျပ် (၁)သိန်း၊ (၁)ဘာသာဂုဏ်ထူးရှင် တယောက်စီကို ကျပ် (၅)သောင်း၊ ရိုးရိုးအောင်မြင်လူ တယောက်စီကို (၂)သောင်းစီ ဂုဏ်ပြုဆုချီးမြှင့်ခရေလို့ သိရပါရေ။
ယင်းနောက် မင်းပြားမြို့နယ်က အထက်တန်းကျောင်းအုပ်၊ အလယ်တန်းကျောင်းအုပ်၊ မူလတန်းကျောင်းအုပ်၊ အလယ်တန်းပြ၊ မူလတန်းပြ ဆရာ/မတိနန့် ပညာရေးမှူးရုံးဝန်ထမ်းအပါအဝင် အားလုံးစုစုပေါင်း (၁၀၇၃) ယောက်အတွက် တယောက်စီကို ဂုဏ်ပြုဆုအဖြစ် ဖေသာ ကျပ် (၃)သောင်းစီ ချီးမြှင့်ခရေလို့သိရပါရေ။
ယင်းနောက် မင်းပြားမြို့နယ်၊ ပညာရေးဖောင်ဒေးရှန်းအဖွဲ့ကို ဖေသာ ကျပ်သိန်း (၃၀) ပီးအပ်လှူဒါန်းခပြီးကေ မင်းပြားမြို့နယ်က နိုင်ငံရေးပါတီ (၈)ခုနန့် လူမှုရေးအသင်းအဖွဲ့ (၂၆)ဖွဲ့ အတွက် တဖွဲ့စီကို ဖေသာ ကျပ် (၅)သိန်းစီ ပီးအပ်လှူဒါန်းခရေလို့ သိရပါရေ။
ယင်းနောက် နိခင်းဖက် (၂း၃၀) နာရီအချိန်မာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခပြီးကေ ယင်းမာကတဆင့် ဒေါက်တာ စံရွှေအောင် အချေခါက မူလတန်းပညာကို သင်ယူခရေ အမက-တောင်ပိုင်းကျောင်းသို့ ဆက်လို့လားပနာ ယင်းကျောင်းမာ ပညာသင်ယူနီကတ်တေ ကျောင်းသား/သူတိကို ကျောင်းဝတ်စုံနန့် စာရီးကိရိယာတိ ပီးအပ်ခရေလို့ သိရပါရေ။
ယင်းကတဆင့် မင်းပြားမြို့၊ ကျိန်းတောင်သို့ တက်ပနာ ကျိန်းတောင်ဇိဝှါတော်ဓာတ်ကို ဖူးမြော်ကန်တော့ခရေလို့ သိရပါရေ။ ကျိန်းတောင်ကဆင်းလာပြီးကေ မင်းပြားမြို့၊ ကင်းဆိပ်-ခြိတ်တောင် လားလမ်းဘေးမာ တည်ဟိရေ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ လားခရေလို့ သိရပါရေ။
ယင်းသင်တန်းကျောင်းကို ဒေနှစ် (၂၀၁၅- ခုနှစ်) မာ စတင်ဖွင့်လှစ်ခစွာ ဖြစ်ပြီးကေ မင်းပြား၊ မြေပုံ၊ အမ်း၊ ပေါက်တော၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မာန်အောင် စရေ မြို့(၈)မြို့က ပညာသင်ယူဖို့ အခက်အခဲဟိနီရေ (၅-တန်းက ၉-တန်းထိ) ကျောင်းသား/သူ (၃၀၀) ကို ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နီရေး၊ အစစအရာရာ တာဝန်ယူပနာ လက်ခံ သင်ကြားပီးနီပြီးကေ ယင်းကျောင်းက (၁၀) တန်းအောင်၊ဘွဲ့ရ၊ အလုပ်အကိုင် ရဟိအောင်ထိ တာဝန်ယူဆောင်ရွက်ပီးနီစွာဖြစ်လို့ ဆင်းရဲနွမ်းပါးရေ အချေတိ အနာဂတ်အတွက် အာမခံချက်ပီးနိုင်ရေ သင်တန်းကျောင်း တကျောင်း ဖြစ်တေလို့ သိရပါရေ။
ယင်း နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းကို ဒေါက်တာ စံရွှေအောင် ကြိုးစားမှုနန့် သူ့မွီးရပ်မြီဖြစ်တေ မင်းပြားမြို့မာ တည်ထောင်ဖွင့်လှစ်ခစွာ ဖြစ်ပါရေ။
မင်းပြား - သတင်း
11 - 7 - 2015
0 comments:
Speak up your mind
Tell us what you're thinking... !