မင်းပြား (မေ ၂၂၊ ၂၀၁၅)
ဒေနှစ် နီရာသီခါ ရခိုင်ပြည်၊ မင်းပြားမြို့မာ အယင်နှစ်တိကထက် ပိုလို့ သောက်သုံးရီ ယှားပါးမှုဒဏ်ကို ကြုံတွိနီရရေလို့ သိရပါရေ။
"နီရာသီ သောက်သုံးရီ ယှားပါးမှုကြောင့် မီးဘေးအန္တရာယ်ဖြစ်လာခကေ အခက်အခဲဟိရေအပြင် မသန့်ယှင်းရေ ရီကို သောက်သုံးရမှု၊ ရီချိုးမှုတိကြောင့် ကျန်းမာရေးကိုပါ ထိခိုက်လာနိုင်ရေ" လို့ မင်းပြားမြို့က ရီအခက်အခဲ ကြုံနီရေ မင်းပြားသားတယောက်က ဆိုပါရေ။
မင်းပြားမာ နီရာသီ ရီကန်တိ ရီခမ်းခြောက်မှုကြောင့် မြို့သူ/သားတိစွာ ကောင်းကြီးအခက်အခဲ ဖြစ်နီကတ်တေလို့ သိရပါရေ။ မင်းပြားတမြို့လုံးဧ့ သောက်ရီအတွက် အားကိုးရရေ "မင်းကန်" လေ့ အလယ်ကောင်မာ ကျွန်းတိပေါ်ပနာ ကမ်းနားချေမာဟိရေ ရီက ကျုပ်နစ်ရည်ဖြစ်လို့ သောက်ဖို့တောင်မရယာလို့ သိရပါရေ။
ကျန်ရေ ရီကန်ကြီး/ရီကန်ချေတိမာလေ့ ရီခမ်းခြောက်ပနာ ကျောင်းသစ်ကန်၊ မြို့မတောင်ကျောင်းကန်၊ ဟင်္သာကန်ရို့မာတော့ ရီ စကေချေ ကျန်သိလို့ ယင်းကန်တိက သုံးနီရရေလို့ သိရပါရေ။
ယင်း သုံးလို့ရနီသိရေ ကန်တိထဲမာ မြို့မတောင်ကျောင်းကန်နန့် ကျောင်းသစ်ကန် က ရီတိကို သောက်ရီအတွက် အသုံးပြုကတ်တေလို့ သိရပါရေ။ ယင်းပိုင် သောက်ရီအခက်အခဲကြောင့် တာရှည်အသုံးပြုနိုင်အောင်ဆိုပနာ ရီခတ်ချိန်ကို ကန့်သတ်ထားရေလို့ သိရပါရေ။ ကျောင်းသစ်ရီကန်က ရီကို မိုးထ (၆) နာရီက ညဇာ (၆) နာရီထိ ရီခပ်ခွင့်ပြုထားပြီးကေ မြို့မတောင်ကျောင်း ရီကန်က ရီကို အယင် မိုးထ (၇) နာရီက (၈) နာရီထိတချိန်၊ ညဇာ (၄) နာရီကပင် (၅) နာရီထိ တချိန်၊ ရီခပ်ဖို့ ခွင့်ပြုထားခပြီးကေ အဂုအခါမာတော့ မိုးထ (၇) နာရီက (၈) နာရီထိတချိန်တည်းရာ ရီခပ်ဖို့ ခွင့်ပြုရေလို့ သိရပါရေ။ ရီခတ်တေခါလေ့ ဆိုက္ကား၊ တိုးဂါရီတိနန့် ရီမခတ်ရဆိုပနာ ကန့်သတ်ထားရေလို့ သိရပါရေ။
ဒေဂုပိုင် မင်းပြားမြို့ နီရာသီ ရီအခက်အခဲကို တတ်နိုင်သလောက် ကူညီဖြေယှင်းပီးနိုင်ဖို့ မြို့နယ်မီးသတ်တပ်ဖွဲ့နန့် စည်ပင်ကော်မတီရို့ ပူးပေါင်းပနာ မြို့လူထု သောက်သုံးရီရဟိနိုင်ဖို့ ဆောင်ရွက်ပီးနီကတ်တေလို့ သိရပါရေ။ အစခါတော့ မြို့နယ်မီးသတ်တပ်ဖွဲ့က ကိုယ့်အစီအစိုင်နန့် ရီဖြန့်ဝီပီးခစွာဖြစ်ပြီးကေ နောက်ပိုင်းမာ စည်ပင်ကော်မတီနန့် ပူးပေါင်းလို့ မြို့လူထု သောက်သုံးရီ ရဟိနိုင်ဖို့ ဆောင်ရွက်ခစွာဖြစ်တေလို့ သိရပါရေ။
" မီးသတ်ကား (၃)စီး၊ စည်ပင်ရီတင်ကား (၁)စီး၊ စုစုပေါင်း ကား (၄)စီး နန့် ရီတင်ပနာ မြို့ထက်က ရပ်ကွက်တိကို အလှည့်ကျ ရီ အလကား ဖြန့်ဝီပီးနီပါရေ။ မီးသတ်ကားတိအတွက် ကုန်ကျရေ ဒယ်ဇယ်ဆီကို စည်ပင်ကော်မတီက ကျခံပီးပနာ မေလ (၉) ရက်နိကပင်စလို့ ရီ ဖြန့်ဝီပီးစွာပါ။ တရက်မာ ကား (၄) စီး သုံးပြီးကေ ပျမ်းမျှ ကားတစီးစွာ (၃) ခေါက်လောက် ရီတင်ဖြန့်ဝီပီးနိုင်ပါရေ။ အဂုအခါမာ ကားမောင်းဝန်ထမ်းတိနန့် မီးသတ်ဝန်ထမ်းတိက ကောင်းကြီး ပင်ပန်းနီကတ်ပါယာ။ သူရို့နီရာမာ လူအစားထိုးနိုင်ဖို့ စေတနာဟိရေ လူငယ်၊ လူလတ်တိ၊ ကားမောင်းဆရာတိ၊ အားကူ လိုအပ်နီပါရေ။ အလှူရှင်တိဟိလို့ ကျောက်တင်ကားတိပိုင် ကားတိရာ ရနိုင်ဖို့ဆိုပါကေ ယင်းကားတိမာ ရီပုံးကြီးတိတင်ပနာ ရီကိုတင်ဆောင် ဖြန့်ဝီပီးနိုင်ဖို့အတွက် စည်ပင်ကော်မတီက ကားအတွက် ဆီကို ကူညီပီးဖို့" လို့ မင်းပြားမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဦးရွှေမောင် က ပြောပါရေ။
"အစခါ ဂရင်ဂျိုင်အနားက ဆိတ်ဆုံကန်က ရီကို မီးသတ်ကားနန့် တင်ပနာ မြို့ထက်ရပ်ကွက်တိကို ရီဖြန့်ဝီပီးခစွာပါ။ ယင်းကန်မာလေ့ ရီမဟိယာ အတွက်နန့် ကျိန်းတောင်အနောက်ဖက် တောင်ပို့ကြီးရွာ၊ ပန်းပေါင်းစုံ သောက်ရီကန်ကြီးက ရီကို လားလို့တင်ပနာ မြို့ထက်ကရပ်ကွက်တိကို အလှည့်ကျ ဖြန့်ဝီပီးနီပါရေ" လို့ မြို့နယ်မီးတပ်ဖွဲ့က ဒုတပ်ကြပ် ယာဉ်မောင်း ကျော်ကျော်ဦး က ပြောပါရေ။
ရီတိခမ်းခြောက်လားရေ ရီကန်တိ တချို့ကိုတော့ ကိုယ်ထူကိုယ်ထ အစီအစိုင်နန့် တူးနီကတ်တေလို့သိရပါရေ။ "ဒေပိုင် ရီကန်တိ ပြန်လို့ တူးဖော်မှုနန့် ပတ်သက်လို့ စည်ပင်ကော်မတီသို့ တင်ပြအကူအညီ တောင်းခံလာဖို့ဆိုပါကေ ပြင်ထိန်းငွေက သုံးစွဲကျခံနိုင်ရေ။ ယေဒါလေ့ ဒေနိထိ တခုကလေ့ မတင်ပြလာသိ ဖြစ်နီရေ။ တင်ပြလာကေတော့ တတ်နိုင်သလောက် မဖြစ်ဖြစ်အောင် ကူညီပီးဖို့ အဆင်သင့်ဟိရေ" လို့ မင်းပြားမြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးခင်ဇော်ဝင်း က ဆိုပါရေ။
သောက်သုံးရီ ယှားပါးမှုကို ပုဂ္ဂလိက အလှူရှင်တိအနီနန့် တတ်နိုင်သလောက် ကူညီနိုင်ရေလို့ သိရပါရေ။ "ဒေနိခါ ရီတင်ကား (၄) ခေါက်စာအတွက် လှူဒါန်းခပါရေ။ တခေါက်ကို ဒယ်ဇယ်ဆီ (၃) ဂါလံနှုန်း ထည့်ဝင် လှူဒါန်းပီးပါရေ။ ယပြီးကေ ပင်ပင်ပန်းပန်း ကြိုးစား ကူညီပီးနီကတ်တေ မီးသတ်ဝန်ထမ်းတိကို စားစရာတိပါပီးခပါရေ။ နောက်နိခါလေ့ ရီတင်ကား (၄) ခေါက်စာ လှူပါဖို့သိ" လို့ ဒေနိ ရီလှူခရေ အလယ်ပိုင်း၊ ကျောင်းတက်လမ်းက ဆန်စက်ပိုင်ရှင်၊ ရွှေပြည်တန်ကိုယ်စားလှယ် ဦးစံလှမောင်က ဆိုပါရေ။ စေတနာရှင်တိ အနီနန့် တယောက်တည်းဖြစ်စီ၊ စုပေါင်းလို့ဖြစ်စီ ကိုယ်ရို့ တတ်နိုင်ရေဖက်က ရီအလှူလုပ်ချင်ပါကေ မြို့နယ်မီးသတ်တပ်ဖွဲ့နန့် စည်ပင်ကော်မတီရို့ကို ဆက်သွယ်ပနာ လှူဒါန်းနိုင်ပါရေလို့ သိရပါရေ။
ဒေဂုပိုင် နီရာသီ မင်းပြားမာ ရီယှားပါးမှုကို မိုးမကျသရွိ ဇာပိုင် ဖြီယှင်းကတ်ဖို့လေး ဆိုစွာနန့် နောက် လာဖို့နှစ်တိမာ ဒေနှစ်ပိုင် ရီအခက်အခဲ မကြုံရအောင် ကြိုတင်ဆောင်ရွက်ဖို့ မင်းပြားမြို့သူ/သား အားလုံးမာ တာဝန်ဟိရေအတွက် ကြိုတင်စိုင်းစားထားဖို့ လိုအပ်ပါရေ။
"ဒေနှစ်ခါ နီရာသီ သောက်သုံးရီ ယှားပါးမှုဖြစ်ရရေ အကြောင်းရင်းတိစွာ ကုန်ခရေ မိုးရာသီက ခါတိုင်းနှစ်တိပိုင် မိုးရီချိန်လက်မ အပြည့်မရွာခြင်း၊ ဒေနှစ်ခါ နီရာသီ နီမိုးမရွာခြင်း၊ လူဦးရွီတိုးလာခြင်း၊ သက်ဆိုင်ရေ တာဝန်ဟိလူကြီးတိက မြို့လူထု သောက်သုံးရီ အတွက် နီရာသီ အခက်အခဲမကြုံရအောင် ကြိုတင်ပြင်ဆင်မှု မဟိခြင်း စရေ အကြောင်းတိကြောင့် ဖြစ်နိုင်ရေ" လို့ မြို့လူကြီးတချို့ပြောစကားအရ သိရပါရေ။
မင်းပြား-သတင်း
22 - 5 - 2015
0 comments:
Speak up your mind
Tell us what you're thinking... !