နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးစံရွှေအောင်က မင်ပြားမြို့ မြို့မိ/မြို့ဖတိနန့်တွိဆုံ - မင်းပြား - သတင်း
Headlines News :
Home » » နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးစံရွှေအောင်က မင်ပြားမြို့ မြို့မိ/မြို့ဖတိနန့်တွိဆုံ

နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးစံရွှေအောင်က မင်ပြားမြို့ မြို့မိ/မြို့ဖတိနန့်တွိဆုံ

Written By Mong Bra's News on Saturday, May 30, 2015 | 4:01 PM

   မင်းပြား (မေ ၂၀၊ ၂၀၁၅)
       
        ရခိုင်ပြည်၊ မင်းပြားမြို့၊ ဦးစိုးတင့်ရပ်ကွက် မီးဘေးဒုက္ခသည်တိအတွက် အထောက်အပံ့ ပစ္စည်းတိနန့် ဖေသာတိ ထောက်ပံ့ပီးဖို့လာရေ နယ်စပ်ရေးရာဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန် ဦးစံရွှေအောင်နန့် အဖွဲ့စွာ ဦးစိုးတင့်ရပ်ကွက် မီးဘေးဒုက္ခသည်တိကို အထောက်အပံ့ ပစ္စည်းတိနန့် ဖေသာတိ ထောက်ပံ့ပီးပြီးကေ (၂၀-၅-၂၀၁၅) ရက်နိ နိခင်းဖက် (၁း၄၀) နာရီ အချိန်လောက်မာ မင်ပြားမြို့ မြို့မိ/မြို့ဖ၊ မြို့သူ/မြို့သားတိနန့် "ရာမောင်ခန်းမ" မာ တွိဆုံပွဲ လုပ်ခရေလို့ သတင်းရဟိပါရေ။

          အခမ်းအနား အစီအစိုင်အရ အခမ်းအနားစတင်ဖွင့်လှစ်ပြီးကေ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်နန့် တိုင်းရင်းသားရေးရာ အဖွဲ့ခေါင်းဆောင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းဧ့ ဇနီး ဒေါ်မြင့်မြင့်စိုးက မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နန့် မိခင်နန့်အချေ စောင့်ရှောက်ရေးအဖွဲ့ကို အလှူဖေသာတိ ပီးအပ်ခပါရေ။

           ယင်းနောက် နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးစံရွှေအောင်က အဖွင့်အမှာစကားပြောကြားပြီးကေ မြို့နယ်က တာဝန်ဟိလူကြီးတိက "မြောင်းကြီးဆည်" အခြီအနီနန့် မြို့ ရီပီးဝီရေး လုပ်ငန်းတိကို Power Point နန့် ယှင်းလင်း တင်ပြခကတ်ပါရေ။

            "မြောင်းကြီးဆည်" စွာ မင်းပြားမြို့နယ် ငစရိုင်းချောင်းကျွန်းမာ တည်ဟိပြီးကေ ယင်းဆည်ကို အကောင်အထည် ဖော်ဖြစ်ဖို့ဆိုပါကေ ယင်းဆည်အနားက ရွာ (၃)ရွာ အပြင် မင်ပြားတမြို့လုံးကို ရီ ဖြန့်ဝီပီးလားနိုင်ဖို့ ဖြစ်တေလို့ သိရပါရေ။ လက်ဟိ မင်းပြားမြို့ လူဦးရွီနန့် ဆည်က ရဟိနိုင်ဖို့ ရီဂါလံကို တွက်ချက်မှုအရ နှစ်စိုင် နိုဝင်ဘာလက မေလအထိ (၇) လ ပီးနိုင်ဖို့ဖြစ်ပြီးကေ တရက်မာ လူတယောက်စီ ရီဂါလံ (၂၀) အသုံးပြုနိုင်ဖို့လို့ မြို့နယ် ဆည်မြောင်းဦးဌာနက တင်ပြချက်အရ သိရပါရေ။

         ယင်းနောက် မင်းပြားမြို့နယ်၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဝင်တယောက်ဖြစ်တေ ဦးသခင်ချိုက မင်းပြားမြို့မာ လိုအပ်နီရေ ရီပီးဝီရေး၊ ပညာရေး၊ ကျန်းမာရေး ကိစ္စတိကို မြို့မိ/မြို့ဖကိုယ်စား တင်ပြခရေလို့ သိရပါရေ။

        ယင်းနောက် နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးစံရွှေအောင်က မင်းပြားမြို့မာ ရီအရင်းအမြစ်ကို မြောင်းကြီးဆည်က မဟုတ်ဘဲ အခြားရဟိနိုင်ဖို့ နီရာတိ၊ နည်းလမ်းတိဟိခကေ တင်ပြစီဖို့ ခွင့်ပြုချက်အရ ဦးလှမောင်သာက မင်းပြားမြို့နယ်၊ ဇိုင်ချောင်းက ရီရဟိနိုင်ဖို့ အနီအထားကိုတင်ပြခရေလို့ သိရပါရေ။

         ဒေပိုင် တင်ပြချက်တိအရ နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးစံရွှေအောင်က မင်းပြားမာ နောင်အနာဂတ်အတွက် ရီမယှားပါးရအောင် ရီအရင်းအမြစ်ရဟိနိုင်ရေ အကောင်းဆုံး နီရာကို ရွီးချယ်ပနာ ရီပီးဝီရေး အဆင်ပြေနိုင်အောင် ကုန်ကျမှုတန်ဖိုးကို တွက်ချက် တင်ပြ တောင်းဆိုပနာ ဖြစ်အောင်လုပ်ပီးဖို့လို့ ပြောကြားခရေလို့ သိရပါရေ။

         ယင်းနောက် မြို့သူ/သား တယောက်က မင်းပြားမြို့ မီးဘေးအန္တရာယ်နန့် မင်းပြားမြို့တွင်းထဲ လောင်စာဆီ သိုလှောင် ရောင်းချမှုကို တင်ပြခရေအတွက် ယင်း ဆီကိစ္စကို မင်းပြားမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ကော်မတီ (၃) ရပ် နန့် သက်ဆိုင်ရေဌာန တာဝန်ဟိ လူကြီးတိ ညှိနှိုင်းပြီးကေ ဖြေယှင်း ဆောင်ရွက်ပီးဖို့  နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးစံရွှေအောင်က လမ်းညွှန်မှာကြားခရေလို့ သိရပါရေ။

         တွိဆုံပွဲကို ညဇာဖက် (၃) နာရီ အချိန်လောက်မာ အောက်မြင်စွာ ရုပ်သိမ်းပြီးနိုင်ခပြီးကေ အမြဲတမ်းအတွင်းဝန် ဦးစံရွှေအောင်က တက်ရောက်လာကတ်တေ မြို့သူ/မြို့သားတိ၊ မင်းပြားမာ ဒေနှစ်စတင်လို့ တက်ရောက်ဖို့ဖြစ်တေ နတလ ကျောင်းသား/သူတိ၊ မိဖတိကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခရေလို့ သတင်းရဟိပါရေ။

မင်းပြား-သတင်း
21 - 5 - 2015

Share this article :

0 comments:

Speak up your mind

Tell us what you're thinking... !

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. မင်းပြား - သတင်း - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger