မင်းပြား ( မေ ၁၆၊ ၂၀၁၅)
ရခိုင်ပြည်၊ မင်းပြားမြို့၊ အလယ်ပိုင်း၊ ဦးစိုးတင့်ရပ်ကွက်မာ (၁၅-၅-၂၀၁၅) ညည့် (၀၁း၃၀) နာရီ အချိန် လောက်မာ မီးကြီးလောင်မှု တခု ဖြစ်ခပါရေ။
(မြို့မဈီးကြီးအနား) ဦးစိုးတင့်တန်းထားကြီး ခြီရင်းက ဆန်စက်တန်းက စတင်လို့ မီးလောင်ကျွမ်းစွာဖြစ်ပြီးကေ ဦးစိုးတင့်တန်းထား တောင်ဖက် ဆန်စက်ကွင်းတခုလုံးအပြင် တန်းထား လက်ဝဲ လက်ယာ အိမ်တန်းတိနန့် သစ်စက်ရုံတိပါ မီးကူးစက် လောင်ကျွမ်းခြင်း ခံရပါရေ။
မီးသတ်ကား ၂ စီးက မီးစလောင်လောင်ချင်း အချိန်မီ ရောက်လာပါကေလေ့ တန်းထားကို ကားမကျော်နိုင်ရေအတွက် မီးသတ်ရစွာ အခက်အခဲတိ ဟိခပါရေ။
မီးသတ်တပ်ဖွဲ့အပါအဝင် မြို့သူ၊ မြို့သားတိက ဝိုင်းဝန်းကြိုးစား မီးသတ်မှုကြောင့် ညည့် (၀၃း၀၀) နာရီ အချိန်လောက်မာ မီးကို နောက်ထပ် ကူးစက် မလောင်ကျွမ်းရအောင် တားဆီးနိုင်ခပါရေ။
မင်းပြားမာ နှစ်စိုင် နီရာသီဆိုကေ ကြုံတွိရမြဲဖြစ်တေ ရီ ယှားပါးမှုနန့် မီးလောင်မှု အန္တရာယ်က မင်းပြားမြို့သူ၊ မြို့သားတိဧ့ အသက်အိုးအိမ်စည်းစိမ်တိကို နှစ်စိုင်လိုလို ဒုက္ခပီးနီပါရေ။
မီးလောင်စွာကို အချိန်မီသိခလို့ မီးသတ်ကားတိ အချိန်မီ ရောက်လာပါကေလေ့ ဦးစိုးတင့်ရပ်ကွက်ကို ကားကျော်ဝင်နိုင်ဖို့ ခံနိုင်ရေ တန်းထားက ဆောက်လုပ်တုန်း ဖြစ်တေအတွက် ဦးစိုးတင့်တန်းထား တောင်ဖက် ဦးစိန်မင်း ဆန်စက်ကပင် တောင်ဖက်တဆုံး ဆန်စက်တန်းကွင်းထဲက ဆန်စက်၊ သစ်စက်၊ အိမ်တန်းတိ၊ ဦးစိုးတင့်တန်းထားကြီးခြီရင်း မြောက်ဖက်က ဦးစိန်မင်း ဆီစက်တန်းက အလယ်ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသာစိန်ထွန်းအိမ်တန်းထိ၊ ဦးမဲနိုင်သစ်စက်တိပါ မီးလောင်ကျွမ်းခြင်း ခံလားရစွာ ဖြစ်ပါရေ။
ဒေမီးလောင်မှုကြောင့် ဆန်စက်ရုံ (၉)လုံး၊ ဆိုင်ခန်း (၉)ခန်း၊ သစ်စက်ရုံ (၂)လုံး၊ ဆီစက်ရုံ (၁)လုံး၊ အိမ် (၁၈)ဆောင်ပျက်စီးဆုံးရှုံးလားပြီးကေ ဆုံးရှုံးမှုတန်ဖိုးက ခန့်မှန်း ဖေသာ ကျပ်သိန်း (၁၅၁၆.၅) ဖြစ်တေလို့ သိရပါရေ။
မီးလောင်မှုကြောင့် အိမ်ထောင်စု (၂၀) စု မာပါရေ အသက် (၁၂) နှစ်အထက် ကျား (၂၆) ယောက်၊ မ (၃၄)ယောက်၊ အသက် (၁၂)နှစ်အောက် ကျား (၁၀)ယောက်၊ မ (၆)ယောက်၊ စုစုပေါင်း လူ (၇၆)ယောက်စွာ အိုးမဲ့အိမ်မဲ့ဖြစ်ခရရေလို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ထုတ်ပြန်ရေစာရင်းအရ သိရပါရေ။
မင်းပြား-သတင်း
16-5-2015
0 comments:
Speak up your mind
Tell us what you're thinking... !