မင်းပြား ( ဧပြီ ၉၊ ၂၀၁၅)
ရခိုင်ပြည်၊ မင်းပြားမြို့ ၊ ကျိန်းတောင်ထက်မာ တည်ဟိရေ ကျိန်းတောင်ဇိဝှါဓာတ်တော် ဗုဒ္ဓပူဇနိယ ပွဲတော်ကို ၁၃၇၇ ခု၊ ကဆုန်လဆန်း (၅)ရက်နိက (၇)ရက်နိထိ၊ ၂၀၁၅ ခုနှစ်၊ ဧပြီလ (၂၂)ရက်နိက (၂၆)ရက်နိထိ၊ (၅)ညည့် (၅)ရက်တိုင်တိုင် စည်စည်ကားကား ပြုလုပ်ကျင်းပခရေလို့ သိရပါရေ။
ပွဲအစနိ မိုးလင်းအာရုံခါ ဆီမီးတထောင် ပန်းတထောင်ပူဇော်ခြင်း၊ ဗုဒ္ဓဘိသေက အနေကဇာတင်ခြင်း၊ ပရိတ်တရားတော်ချီးမြှင့်ခြင်း၊ သံဃာ့ဒါနဆွမ်း ဆက်ကပ်လှူဒါန်းခြင်း၊ မဟာပဌာန်း ဒေသနာတော် (၂၄) နာရီ ရွတ်ဖတ်ပူဇော်ခြင်း ရို့ကို ပြုလုပ်ခကတ်ပါရေ။
ရခိုင်ရိုးရာ ကျင်ပွဲကို အကြီးတန်း၊ အလတ်တန်း၊ အချေတန်း ခွဲခြားသတ်မှတ်ပနာ ကျင်းပခပြီးကေ ဒေကျင်ပွဲအတွက် ဆုတိကို မင်းပြားသားတယောက်ဖြစ်တေ ဗိုလ်မှူးကြီး စံရွှေအောင် (ညွှန်ကြားရေးမှူးချုပ်၊ ပညာရေးနန့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန) နန့် အိမ်သျှင်မ ဒေါ်အေးအေးသန်း မိသားစုက လှူဒါန်းခရေလို့ သိရပါရေ။
ညည့်ပွဲအဖြစ် "ရတနာသန်းအောင်" ဇာတ်ပွဲက မိုးတလင်း ဖျော်ဖြေတင်ဆက်လားခပနာ ၂၀၁၅ ခုနှစ် ၊ မင်းပြားမြို့ ၊ ကျိန်းတောင် ဇိဝှါဓာတ်တော် ဗုဒ္ဓပူဇနိယပွဲတော်ကို အောင်မြင်စွာ ကျင်းပနိုင်ခရေလို့ သိရပါရေ။
မင်းပြား-သတင်း
27 - 4 - 2015
0 comments:
Speak up your mind
Tell us what you're thinking... !