၂၀၁၅ မင်းပြားသင်္ကြန် - မင်းပြား - သတင်း
Headlines News :
Home » » ၂၀၁၅ မင်းပြားသင်္ကြန်

၂၀၁၅ မင်းပြားသင်္ကြန်

Written By Mong Bra's News on Saturday, May 30, 2015 | 2:55 PM


      မင်းပြား (ဧပြီ ၁၆၊ ၂၀၁၅)

      ရခိုင်ရိုးရာစိုင်လာမပျက် ကျင်းပလာရေ မဟာသင်္ကြန်ပွဲတော်ကို ဒေနှစ်ခါလေ့ မင်းပြားမြို့မာ ဧပြီလ (၁၅) ရက်ကပင် (၁၇) ရက်ထိ (၃) ရက်တိုင်အောင် ကျင်းပဖို့ဖြစ်တေလို့ သိရပါရေ။ မင်းပြားမာ ရခိုင်နှစ်ဆန်း (၁) ရက်နိကို သင်္ကြန် နောက်ဆုံးရီလောင်းရက်အဖြစ် သတ်မှတ်ပနာ ရီလောင်းပွဲ ဆင်နွှဲလာကတ်စွာ ဒေနိထိတိုင်အောင်ဖြစ်တေလို့ သိရပါရေ။

       ဒေနှစ် မင်းပြားသင်္ကြန်က ပျင်းဖို့ကောင်းလောက်အောင် တပျင်းစည်ရေလို့ ပြောကေ မှားဖို့မထင်ပါ။ မြို့ထက် ရပ်ကွက်ကြီး (၃) ရပ်ကွက်မာ စုစုပေါင်းလို့ ရီလောင်းမဏ္ဍပ် (၁) ခု တည်းရာ ဟိရေလို့ သိရပါရေ။ ယောက်ကျား မမ လူငယ်အများစုက ကား သုံးဘီးဆိုင်ကယ်တိထက်မာ ဆောင်းဘောက်စ်ကြီးတိ တင်လို့ အင်္ဂလိပ် DJ တေးခြင်းတိကို အသံဇကုန် အကျယ်ကြီးဖွင့်ပနာ ဂေါင်းတိကို မညောင်းတမ်း လှုပ်ယင်း၊ ကယင်း မြို့ကို တပတ်ပတ်ပနာ မြို့ ပြင်ဒို့ ထွက်လားခကတ်လို့ မင်းပြားမြို့ထက် သင်္ကြန်စွာ ဒေပိုင်ဖြစ်နီရစွာရေ လွန်ခရေ လေး၊ ငါး၊ ခြောက်နှစ် လောက်ကပင်လို့ မြို့ထက်က လူငယ်တယောက် ပြောပြချက်အရ သိရပါရေ။

      မင်းပြားမြို့ထက်မာ ဒေနှစ်သင်္ကြန်ခါ ရီလောင်းဖို့ ရီလောင်းမဏ္ဍပ် မဟိလို့ ယောက်ကျားချေတိ ရီမလောင်းကတ်ရဖြစ်နီရေလို့လေ့ သိရပါရေ။ မြို့ထက်ကလွဲကေ ကျန်ရေ ရွာတိမာ ရီလောင်းမဏ္ဍပ်တိချရေအတွက်နန့် မြို့ထက်က လူတိစွာ တိတ်ဆိတ်နီရေ မြို့ထက်မာ မခြီဘဲ ရွာတိကို သင်္ကြန်ချဖို့ ဆင်းကတ်စွာဖြစ်တေလို့ သိရပါရေ။

         မြို့ထက်မာ ဟိရေ လူကြီး လူငယ်တိစွာ ကားပတ်ကေပတ်၊ မပတ်ကေ ဘုန်းကြီးကျောင်းကိုလား၊ မဟုတ်ကေတော့ အိမ်မာ မျှိုင်းလို့နီရရေအဆင့်မာ ရောက်နီပါယာ။ ဒေပိုင် တဆတ်တဆတ် မင်းပြားမြို့ထက်မာ ရိုးရာစိုင်လာ လောင်းမာရီဖြည့်လို့ ရီလောင်းကတ်တေ ဓလိ ပျောက်ကွယ်လားဖို့ကို မြို့သူ မြို့သားတချို့က စိုးရိမ်နီကတ်တေလို့လေ့ သိရပါရေ။

     ဒေပိုင် တနှစ်မာမ တခါကျရေ သင်္ကြန်ခါ ရီလောင်းမဏ္ဍပ်တိ မင်းပြားမြို့ထက်မာ မလုပ်နိုင်ကတ်စွာ --
ဇာသူ့ကြောင့်လေး...?
ဇာအတွက်ကြောင့်လေး ...? ဆိုစွာ
မင်းပြားသူ မင်းပြားသားတိ နဖူးထက်မာ လက်တင်ပနာ သီသီချာချာ စိုင်းစား သုံးသပ် အဖြီရှာဖို့တော့ လိုလာယာ ထင်ပါရေ။

မင်းပြား - သတင်း
  16 - 4 - 2015

Share this article :

0 comments:

Speak up your mind

Tell us what you're thinking... !

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. မင်းပြား - သတင်း - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger