မင်းပြားမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှအောင်ညွန့် အပြီးအပြတ် ကွင်းလုံးကျွတ် လွတ်မြောက်လာ - မင်းပြား - သတင်း
Headlines News :
Home » » မင်းပြားမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှအောင်ညွန့် အပြီးအပြတ် ကွင်းလုံးကျွတ် လွတ်မြောက်လာ

မင်းပြားမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှအောင်ညွန့် အပြီးအပြတ် ကွင်းလုံးကျွတ် လွတ်မြောက်လာ

Written By Mong Bra's News on Sunday, March 13, 2016 | 11:25 PM


မင်းပြား (March 14, 2016)

ရခိုင်ပြည်၊ မင်းပြားမြို့နယ်မှ ၂၀၁၅ ခု ရွေးကောက်ပွဲ၌ အနိုင်ရရှိခဲ့သည့် ပြည်နယ်လွှတ်တော်​ကိုယ်စားလှယ် ဦးလှအောင်ညွန့်အား ထောင်ဒဏ် (၆)လ ပြစ်ဒဏ်ချမှတ်ထားခဲ့ရာ (၁၄-၃-၂၀၁၆)နံနက်ပိုင်းက မြောက်ဦးခရိုင်တရားရုံးမှ အပြီးအပြတ် ကွင်းလုံးကျွတ် လွတ်မြောက်ခွင့် အမိန့်ချမှတ်ခဲ့သည်ဟု သိရသည်။

အဆိုပါ သတင်းမှာ အမှန်တကယ်ဖြစ်ကြောင်း ဦးလှအောင်ညွန့် ဇနီးက အတည်ပြု ပြောကြားပါသည်။

" ဦးလှအောင်ညွန့် ဒီနေ့ ကွင်းလုံးကျွတ် လွတ်မြောက်လာတယ်ဆိုတာ မှန်ပါတယ်။ အခု ကျွန်တော်တို့ ဦးလှအောင်ညွန့်ကို ကျောက်ဖြူမြို့က သွားယူဖို့ စီစဉ်နေပါတယ်။ ရခိုင်ပြည် လွှတ်တော် ဥက္ကဋ္ဌ ခွင်ပြုချက်နဲ့ မနက်ဖြန် လွှတ်တော်အစည်းအဝေး တက်ရောက်နိုင်အောင် သူ့ကို သွားခေါ်ဖို့ လုပ်နေကြပါတယ်။" ဟု မင်းပြားမြို့နယ် ရခိုင်အမျိုးသားပါတီမှ ပြန်ကြားရေး ဦးသိန်းစံက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ဇူလိုင်၊ သြဂုတ်လ ရေကြီးမှုများကြောင့် မင်းပြားမြို့နယ်အတွင်း ရေးဘေးသင့်ပြည်သူများအား ဒေါက်တာ စံရွှေအောင်မှ ရေဘေးကယ်ဆယ်ရေး အထောက်အပံ့ ပစ္စည်းများ ပေးအပ်ရာတွင် ပါဝင်ကူညီခဲ့သူ တစ်ဦးဖြစ်သည့် ဒေါ်ဦးမြကြည်အား ပါဝင်ကူညီမှု မပြုလုပ်ရန် ဦးလှအောင်ညွန့်က နေအိမ်ကျူးကျော်ကာ ခြိမ်းခြောက်ခဲ့သည် ဆိုသည့် စွဲချက်များဖြင့် ဒေါ်ဦးမြကြည်က တရားစွဲဆိုခဲ့ရာ မြေပုံမြို့နယ် တရားရုံးမှ (၂၈-၁-၂၀၁၆) ရက်နေ့က (၄၅၁နှင့်၅၀၆) ပုဒ်မ (၂)ခုဖြင့် ထောင်ဒဏ် (၆)လ ချမှတ်လိုက်ပြီး ကျောက်ဖြူထောင်သို့ ပို့ခဲ့သည်ဟု သိရသည်။

ဤကဲ့သို့ မြေပုံမြို့နယ် တရားရုံးမှ စီရင်ချက်ချခဲ့မှုအပေါ်  ပြန်လည်စိစစ်ပေးနိုင်ရန်အတွက် မြောက်ဦးခရိုင်တရားရုံးသို့ ဥပဒေအတိုင်း ဆက်လက် အယူခံ တင်သွင်းခဲ့ရာ ယနေ့တွင် အဆိုပါ ဦးလှအောင်ညွန့်အား အပြီးအပြတ် ကွင်းလုံးကျွတ် လွတ်မြောက်ခွင့်ပြုကြောင်း ​မြောက်​ဦးခရိုင်​တရားရုံးမှ အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်။

မင်းပြား - သတင်း
14 . 03 . 2016

Share this article :

0 comments:

Speak up your mind

Tell us what you're thinking... !

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. မင်းပြား - သတင်း - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger