မင်းပြား (သြဂတ် ၄၊ ၂၀၁၅)
ရခိုင်ပြည်၊ မင်းပြားမြို့နယ် တခုလုံးက ရီဘေးဒုက္ခကို ခံစားနီကတ်ရရေ ရီဘေးဒုက္ခသည်တိလက်ထဲသို့ အစားအစာ၊ ရိက္ခာ၊ ရီသန့်၊ အဝတ်အစား၊ အိမ်သုံးပစ္စည်း အစဟိရေ ထောက်ပံ့ပစ္စည်းတိကို အယင်နိုင်ဆုံး နည်းလမ်းနန့် စနစ်တကျ ဖြန့်ဝီပီးနိုင်ဖို့အတွက် "မင်းပြားမြို့နယ် ရီဘေးဒုက္ခသည် ကူညီထောက်ပံ့ရေးအဖွဲ့" ကို (၄-၈-၂၀၁၅) ရက်နိက ရီဘေးဒုက္ခသည် ကူညီထောက်ပံ့ရေးစခန်း ဖွင့်ထားရေ မင်းပြားမြို့၊ ကျိန်းတောင်တက်လမ်းနားက ဓမ္မိကာရုံ ဘုန်းကြီးကျောင်းမာ ညှိနှိုင်းအစည်းအဝေးအရ ဖွဲ့စည်းခရေလို့ သတင်းရဟိပါရေ။
ယင်း ရီဘေးဒုက္ခသည် ကူညီထောက်ပံ့ရေးအဖွဲ့ ကို နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးစံရွှေအောင် ဧ့ လမ်းညွှန်မှာကြားချက်အရ နိုင်ငံတော် ဗဟိုဝန်ဆောင် ဆရာတော်၊ မြို့နယ် သံဃနာယကဆရာတော်၊ ဂိုးပေါင်းစုံ စည်းကမ်းထိန်းသိမ်းရေး ဆရာတော်၊ မဘသ ဆရာတော်၊ တိုင်းဗဟို (၉) ကျောင်းအုပ်ကြီး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာပုဂ္ဂိုလ်တိ၊ နိုင်ငံရေးပါတီတိက တာဝန်ဟိပုဂ္ဂိုလ်တိ၊ လူမှုအဖွဲ့အစည်းတိက တာဝန်ဟိပုဂ္ဂိုလ်တိနန့် စုစည်း ဖွဲ့စည်းလိုက်စွာ ဖြစ်ပါရေ။
ယင်း "မင်းပြားမြို့နယ် ရီဘေးဒုက္ခသည် ကူညီထောက်ပံ့ရေးအဖွဲ့" က မင်းပြားမြို့နယ်က ရီနစ်မြုပ် ဒုက္ခရောက်နီကတ်ရရေ ရွာတိကို အရေးကြီးရေ ရွာ ဦးစားပီး အစီအစိုင်အရ ပစ္စည်းဖြန့်ဝီရေးအဖွဲ့ အများကြီးနန့် ဖြန့်ဝီပီးလားဖို့ စီစဉ်ထားရေလို့ သိရပါရေ။
မင်းပြား ရီဘေးဒုက္ခသည်တိကို ကူညီ ထောက်ပံ့ဖို့ အလှူရှင် အဖွဲ့အစည်းတိအနီနန့် ယင်း "မင်းပြားမြို့နယ် ရီဘေးဒုက္ခသည် ကူညီထောက်ပံ့ရေးအဖွဲ့" ကို ဆက်သွယ် ပူးပေါင်း ဆောင်ရွက် အကူအညီ တောင်းခံနိုင်ရေလို့ သိရပါရေ။
"မင်းပြားမြို့နယ် ရီဘေးဒုက္ခသည် ကူညီထောက်ပံ့ရေးအဖွဲ့" ကို ဆက်သွယ်ချင်ရေ ဆိုပါကေ အောက်က ဒေဖုန်းနံပါတ်တိကို ဆက်သွယ်နိုင်ပါရေ။
ဖုန်း - 09 257702823 (ရုံးအဖွဲ့)
- 09 257702824 (ရုံးအဖွဲ့)
- 09 257702825
- 09 257702826
- 09 257702827
မင်းပြား - သတင်း
4 - 8 - 2015
0 comments:
Speak up your mind
Tell us what you're thinking... !