မင်းပြား (သြဂတ် ၄၊ ၂၀၁၅)
ရခိုင်ပြည်၊ မင်းပြားမြို့နယ်က ရီဘေးဒုက္ခသည်တိအတွက် စစ်တွေ နာရေးကူညီမှုအဖွဲ့က ဦးဆောင်လို့ (၂-၈-၂၀၁၅) ရက်နိက အစားအစာ ရိက္ခာတိကို ကိုယ်တိုင်ကိုယ်ကျ လာရောက်ပီးအပ်ခရေလို့ သတင်းရဟိပါရေ။
"စစ်တွေမြို့၊ နာရေးကူညီမှုအဖွဲ့က ဦးဆောင်ပြီးကေ Eleven Media Group နှင့် စေတနာရှင် အလှူရှင်တိက လှူဒါန်းထားကတ်တေ ဆန် (၅၀၀)အိတ်၊ ဆား ပိဿာ၂၀ ကန်ရေအိတ်ပေါင်း (၁၀၀)၊ ဆီ (၄၈၀) လီတာ၊ ဓာတ်ဆား (၃၀၀)ထုတ်၊ ၁ လီတာ ရီသန့်ဘူး ၆၀ ပုလင်းပါရေ အိတ် (၅)အိတ် ကို (၂-၈-၂၀၁၅) ရက်နိက (၃-၈-၂၀၁၅) ရက်နိထိ (၂) ရက်တိုင်တိုင် အပင်ပန်းခံပနာ ထောက်ပံ့ ပီးခီကတ်ပါရေ" လို့ စစ်တွေ နာရေးကူညီမှုအဖွဲ့က ဦးအောင်ကျော်ဆန်း က ပြောပါရေ။
သူရို့အဖွဲ့စွာ မင်းပြားမြို့နယ်က အဓိက ရီဘေးဒုက္ခကို ခံစားနီကတ်ရရေ ရွာတိကို ဦးစားပီးလို့ တပတ်စာလောက် စားသုံးလို့ အဆင်ပြေအောင် လူတယောက်ကို ဆန် (၈)ဘူး နှုန်းစီနန့် ပီးအပ်ခရေလို့ သိရပါရေ။
ထောက်ပံ့ပီးခရေ ရွာတိက -
(၁) မင်းဖူး -
ဆန်(၁၃၀)အိတ်၊ဆား(၃၀)အိတ်၊ ဆီ (၁၆၀)လီတာ။
(၂) ပုလဲတောင် -
ဆန်(၁၃)အိတ်၊ဆား(၁)အိတ်၊ ဆီ (၁၂)လီတာ။
(၃) ကပ်ပဲ့ -
ဆန်(၂၃)အိတ်၊ဆား(၇)အိတ်၊
ဆီ (၃၄)လီတာ ၊ ရီသန့်(၆)ကတ် ၊်ဓာတ်ဆားထုတ် (၃၀)ထုတ် ၊ အဝတ်(၁)ထုတ်။
(၄) ကုလားမတောင် -
ဆန်(၆၈)အိတ်၊ဆား(၁၀)အိတ်၊
ဆီ (၃၆)လီတာ ၊ ရီသန့်(၇)ကတ် ၊်ဓာတ်ဆားထုတ် (၂၇)ထုတ်။
(၅) ဝါးတောင် -
ဆန်(၅၂)အိတ်၊ဆား(၁၀)အိတ်၊
ဆီ (၃၀)လီတာ ၊ ရီသန့်(၅)ကတ် ၊်ဓာတ်ဆားထုတ် (၂၀)ထုတ်။
(၆) မြင်းကဆိပ် -
ဆန်(၃၈)အိတ်၊ဆား(၁၁)အိတ်၊
ဆီ (၃၀)လီတာ ၊ ရီသန့်(၆)ကတ် ၊်ဓာတ်ဆားထုတ် (၄၀)ထုတ်။
(၇) ဇိုင်ချောင်းပေါက်တော -
ဆန်(၄၅)အိတ်၊ဆား(၇)အိတ်၊ ဆီ (၃၀)လီတာ။
(၈) ဒုံးသား -
ဆန်(၅၈)အိတ်၊ဆား(၈)အိတ်၊ ဆီ (၄၈)လီတာ။
(၉) ဒုံကြီး -
ဆန်(၃)အိတ်၊ဆား(၁)အိတ်၊ ဆီ (၈)လီတာ။
(၁၀/၁၁) ပြင်ယောင်း + ရွှေကျန် -
ဆန်(၅၀)အိတ်၊ဆား(၁၀)အိတ်၊ ဆီ(၈၄)လီတာ။
(၁၂) မြင်းတင်မ -
ဆန်(၂၂)အိတ်၊ဆား(၅)အိတ်၊ ဆီ (၃၆) လီတာ ဖြစ်ပါရေ။
ဒေဂုပိုင် မင်းပြားမြို့နယ်က ရီဘေးဒုက္ခသည်တိ အတွက် အစားအစာ ရိက္ခာတိ လာရောက် လှူဒါန်းပီးကတ်တေ စစ်တွေမြို့ နာရေးကူညီမှုအဖွဲ့၊ Eleven Media Group၊ စေတနာရှင် အလှူရှင်တိ နန့် မင်းပြားမြို့နယ်က ရီဘေးဒုက္ခကျရောက်နီရေ ရွာတိသို့ ကိုယ်တိုင်ကိုယ်ကျ လားရောက် ပီးအပ်ခရေ စစ်တွေမြို့ နာရေးကူညီမှုအဖွဲ့က ဦးအောင်ကျော်ဆန်းနန့်အဖွဲ့ကို မင်းပြားမြို့သူ/သား၊ ရွာသူ/သားတိကိုယ်စား ကောင်းကြီး ကျေးဇူးတင်ဟိပါရေ။
မင်းပြား - သတင်း
3 - 8 - 2015
0 comments:
Speak up your mind
Tell us what you're thinking... !