မင်းပြား အညာရီကြီးမှု အရေးပေါ်အခြေအနေသို့ရောက် - မင်းပြား - သတင်း
Headlines News :
Home » » မင်းပြား အညာရီကြီးမှု အရေးပေါ်အခြေအနေသို့ရောက်

မင်းပြား အညာရီကြီးမှု အရေးပေါ်အခြေအနေသို့ရောက်

Written By Mong Bra's News on Saturday, August 1, 2015 | 9:01 AM

မင်းပြား (ဇူလိုင် ၃၀၊  ၂၀၁၅)

       ရခိုင်ပြည်၊ မင်းပြားမြို့ အညာရီကြီးမှုစွာ (၃၀-၇-၂၀၁၅) ရက်နိမာ စိုးရိမ်ရရေ အဆင့်ကို ရောက်နီရေလို့ သိရပါရေ။

       မင်းပြားမြို့ဧ့ အမြင့်ဆုံးလမ်းဖြစ်တေ ကျိန်းတောင်ခြီရင်းက စွန်ရဲလမ်းကို အညာရီကျော်ပနာ တောင်ခြီရင်းက ဘုန်းကြီးကျောင်းတချို့ကိုတောင် အညာရီဝင်ရောက်နီပါယာ။

      မင်းပြားမြို့ ဈီးကြီးလေ့သင့် အညာရီနစ်မြုပ်​လာရေအတွက် ဆိုင်သည်တိစွာ ဆိုင်ဝန်တိကို ရီဘေးလွတ်ရာသို့ ပြောင်းရွှိ့နီကတ်ရပါရေ။ မြို့ထဲမာ အညာရီစွာ လူကြီးအရပ် ရင်လောက် လိုင်ဖင်းလောက်ထိ မြင့်တက်လာပြီးကေ နိမ့်ရေအိမ်တိ အညာရီမြုပ်လားပါယာ။ ရီမြုတ်ခံရရေ အိမ်တိက ရီဘေးဒုက္ခသည်တချို့စွာ ဘေးလွတ်ရာသို့ လားဖို့ ​လောင်းတိမဟိ​ရေ အခက်အခဲနန့် ရင်ဆိုင်နီကတ်ရပါရေ။

         မင်းပြားမြို့နယ် ရွာတိက မင်းပြားမြို့ထက်ပိုလို့ မြီနိမ့်ရေအတွက် ဒေနိခါဆိုပါကေ လူတရပ် မြုပ်​ပါရေ။ ရွာတိက အိမ်အများစုစွာ ရီမြုပ်ခံရပြီးကေ လူတိက ရွာနန့်ပါးရေ တောင်တိ ဘုန်းကြီးကျောင်းတိမာ ခိုလှုံနီကတ်ရပါရေ။ ကျိန်းတောင်ခြီရင်းမာ တည်ဟိရေ မင်းပြား ပြည်သူ့ဆီးရုံကြီးလေ့ အညာရီနစ်မြုပ်လို့ လူနာတိကို ဆီးရုံရှိက ကျောင်းသစ် ဘုန်းကြီးကျောင်းသို့ ယာယီပြောင်းရွှိ့ထားရပါရေ။

       ဇူလိုင်လ (၃၀) ရက်နိမာ မင်းပြားမြို့ထက် ယာယီ ရီဘေးခိုလှုံရေး စခန်း (ဘုန်းကြီးကျောင်း) တိမာ ရီဘေးဒုက္ခသည်ပေါင်း (၂၀၀၀) လောက် ရောက်ဟိနီရေလို့ သိရပါရေ။ သူရို့တိ စားရေး၊ သောက်ရေး အဆင်ပြေစီဖို့အတွက် မင်းပြားမြို့၊ လူမှုကူညီရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်ဇော်ဝင်း ဦးဆောင်ပြီးကေ မင်းပြား လူမှုကွန်ယက်၊ နာရေးကူညီမှုအဖွဲ့နန့် စေတနာရှင် လူကြီး/လူငယ် (၁၅) ​ယောက်​လောက်က ချက်ပြုတ်ရေးကို တာဝန်ယူ ဆောင်ရွက်နီကတ်တေလို့ သိရပါရေ။

        မင်းပြားတမြို့လုံး ရီမြုပ်​နီရေအတွက် လူအများစုက ကိုယ့်အိမ်၊ ကိုယ့်မိသားစုအရေးကို ဂရုစိုက်နီကတ်ပနာ မြို့ထက်က ဒေရီဘေးဒုက္ခသည် (၂၀၀၀) လောက်ကို ဒေလူတစုက မနိုင်မနင်း တာဝန်ယူ ဆောင်ရွက်နီကတ်​ရရေလို့ သိရပါရေ။ ဒေ ရီဘေးဒုက္ခသည်ကူညီရေး အဖွဲ့နန့် ပူးပေါင်းဆောင်ရွက်ဖို့ လူအား/ဖေသာအားတိ လိုအပ်နီရေလို့ သိရပါရေ။

      "အစိုးရအဖွဲ့အစည်း၊ ဌာနဆိုင်ရာတိက ဇူလိုင်လ (၂၉) ရက် တရက်တည်းရာ ပူးပေါင်းကူညီခပြီးကေ ရီအမြင့်ဆုံး တက်တေ ဒေနိမာ ဒေရီဘေးဒုက္ခသည်တိအတွက် တခုလေ့သင့် ဂရုစိုက် ဆောင်ရွက်ပီးမှု မဟိပါသိ။ ရီဘေးဒုက္ခသည် အများစုက သက်ကြီးရွယ်အို၊ မမကြီး၊ အချေတိ၊ ကိုယ်ဝန်ဆောင်တိနန့် မွီးစချေ သွီးနုသားနု အချေမိတိ ဖြစ်ပါရေ။ အဓိက သူရို့တိအတွက် နီထိုင်စရာ လုံခြုံမှုနန့် ကျန်းမာရေး စောင့်ရှောက်မှုတိ လိုအပ်နီပါရေ " လို့ ရီဘေးဒုက္ခသည် အရေးပေါ် ကူညီရေးအဖွဲ့က ဦးခင်ဇော်ဝင်းက ပြောပါရေ။

        "နယ်က ရီဘေးဒုက္ခသည်တိက ကျနော့ကို ဖုန်းဆက်လို့ အကူအညီ တောင်းနီကတ်ပါရေ။ သူရို့တချို့က အိမ်ခေါင်ထက်မာ တက်နီကတ်ရရေ။ တချို့က တောင်ထက်တိမာ တက်နီကတ်ရရေ။ သူရို့က ရီဘေးကင်းရေ နီရာတခုခုသို့ ရောက်ချင်နီကတ်တေ။ ကျနော် တစိလေ့ စိတ်မကောင်းပါ။ သူရို့တောင်းရေ အကူအညီကို ကျနော်ရို့ မပီးနိုင်ခပါ။ ကျနော်​ရို့မာက လူအင်အားလေ့ မဟိပါ။ စက်လောင်း၊ ဘုတ်တိ လုံလုံလောက်လောက် မဟိပါ။ ယင်းအတွက်နန့် ဒေပိုင် နယ်က ရီဘေးဒုက္ခသည်တိကို အစိုးရအဖွဲ့ လူကြီးတိက ကယ်ဆယ်ရေးအဖွဲ့ ဖွဲ့ပနာ လားရောက် ကူညီသင့်ပါရေလို့ ထင်ပါရေ။" လို့ ဦးခင်ဇော်ဝင်းက ဆိုပါရေ။

         ဇူလိုင်လ (၃၀) ရက်နိမာ ရီက ပြန်လို့ မကျသလောက် ဟိပြီးကေ ညည့်ဖြားက ပိုလို့ စိုးရိမ်ရရေလို့ အတွိအကြုံဟိ လူကြီးတိက ပြောဆိုနီကတ်ပါရေ။ ဖြားကြီးရက်မာ အညာရီကြီးစွာနန့် ဘင်္ဂလားပင်လယ်အော်မာ ဖြစ်ပေါ်နီရေ မုန်းတိုင်းအဟိန်ကြောင့် မင်းပြားမြို့စွာ သဘာဝဘေးအန္တရာယ်နန့် ဒါရိုက်ရင်ဆိုင်နီရပနာ အရေးပေါ် အခြေအနေ ဟိနီရေ မြို့တမြို့ ဖြစ်ပါရေ။

        မင်းပြားမြို့နယ်က ရီဘေးသင့်ပြည်သူတိကို ကူညီချင်ရေဆိုပါကေ  ရီဘေးဒုက္ခသည် အရေးပေါ် ကူညီရေးအဖွဲ့က ဦးခင်ဇော်ဝင်း (Ph:09421755893, 09261152229) နန့် ကိုခိုင်ဖိုးထူး (Ph:09259365682) ရို့ကို ဆက်သွယ် မီးကြည့်နိုင်ပါရေ။

မင်းပြား - သတင်း
   29 - 7 - 2015
       

Share this article :

0 comments:

Speak up your mind

Tell us what you're thinking... !

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. မင်းပြား - သတင်း - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger