နယ်စပ်ရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစံရွှေအောင် မိသားစုက မင်းပြား ရီဘေးဒုက္ခကျရောက်တေ ရွာတိကို အစားအစာ ရိက္ခာ လားရောက် ထောက်ပံ့ - မင်းပြား - သတင်း
Headlines News :
Home » » နယ်စပ်ရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစံရွှေအောင် မိသားစုက မင်းပြား ရီဘေးဒုက္ခကျရောက်တေ ရွာတိကို အစားအစာ ရိက္ခာ လားရောက် ထောက်ပံ့

နယ်စပ်ရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစံရွှေအောင် မိသားစုက မင်းပြား ရီဘေးဒုက္ခကျရောက်တေ ရွာတိကို အစားအစာ ရိက္ခာ လားရောက် ထောက်ပံ့

Written By Mong Bra's News on Tuesday, August 4, 2015 | 2:01 PM

မင်းပြား (သြဂတ် ၃၊ ၂၀၁၅)

      ရခိုင်ပြည်၊ မင်းပြားမြို့နယ်​က ရီဘေးဒုက္ခ ကျရောက်ခရေ ရွာတိသို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးစံရွှေအောင် နန့် ဇနီး ဒေါ်အေးအေးသန်း မိသားစုက လှူဒါန်းရေ အစားအစာ၊ ရိက္ခာ၊ သောက်ရီသန့် တိကို သက်ဆိုင်ရာ တာဝန်ဟိလူကြီးတိနန့် လူမှုအဖွဲ့အစည်းတိက (၃-၈-၂၀၁၅) ရက်နိက လားရောက် ထောက်ပံ့ခကတ်တေလို့ သိရပါရေ။

        ရီဘေးဒုက္ခကို အဆိုးဆုံး ခံစားနီကတ်ရရေ မင်းပြားမြို့နယ် မြောက်ပိုင်း ရွာတိဖြစ်တေ ဒုံကြီး၊ တောတန်း၊ ချင်းဆိပ်၊ မြင်းကဆိပ်၊ ဝါးတောင်၊ တံခွန်တိုင်၊ ကပ်ပဲ့၊ အသေကာလ၊ မင်းဖူး၊ အိုးပျဉ်တောင်၊ငတာ၊ ပွဲရကံဆိပ်၊ ချောင်းတို၊ သာစည် ရွာတိသို့ လားရောက် ထောက်ပံ့ပီးခကတ်တေလို့ သိရပါရေ။

        ထောက်ပံ့ခရေ ပစ္စည်းတိက ဆန်အိတ် (၂၅၀)အိတ်၊ သောက်ရီသန့် 1l (၁၃၀၀၀)၊ အဆင်သင့်စားလို့ရရေ ခေါက်ဆွဲခြောက်ထုတ် (၁၁၀၀၀)၊ ငါးခြောက်တိနန့် ဆီးဝါးတိ ဖြစ်တေလို့ သိရပါရေ။

        ရီဘေးဒုက္ခကျရောက်နီကတ်တေ မင်းပြားမြို့နယ်က ရွာသူ/သားတိအတွက် အစားအစာ ရိက္ခာတိ လှူဒါန်း ထောက်ပံ့ပီးရေ  နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးစံရွှေအောင် နန့် ဇနီး ဒေါ်အေးအေးသန်း မိသားစုကို မင်းပြားမြို့သူ/သား၊ ရွာသူ/သားတိကိုယ်စား ကျေးဇူးတင်ဟိပါရေ။

မင်းပြား - သတင်း
   3 - 8 - 2015
Photos: Min Bya

Share this article :

0 comments:

Speak up your mind

Tell us what you're thinking... !

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. မင်းပြား - သတင်း - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger