မင်းပြား (သြဂတ် ၈၊ ၂၀၁၅)
"ဇ" ဖောင်ဒေးရှန်း အဖွဲ့က မင်းပြား ရီဘေးဒုက္ခသည်တိအတွက် (၈-၈-၂၀၁၅) ရက်နိက အစားအစာ ရိက္ခာနန့် ဆီးဝါးတိကို လားရောက် ထောက်ပံ့ ပီးခကတ်တေလို့ သတင်းရဟိပါရေ။
မင်းပြားမြို့နယ်အတွင်း အညာရီမြုပ် ဒေသတခုဖြစ်ပြီးကေ ကုန်းလမ်း ရီလမ်း လားဖို့ခက်ခဲရေ ခါသာရွာနန့် နပဲ့ချောင်း ရွာ (၂)ရွာကို "ဇ" ဖောင်ဒေးရှန်း အဖွဲ့ဝင်တိကိုယ်တိုင် လားရောက်ပြီးကေ အစားအစာ ရိက္ခာတိ ပီးအပ်ပနာ နီမကောင်းဖြစ်နီရေ လူ (၁၀၀) လောက်ကို ဆီးကုသ၊ ဆီးဝါးတိ ပီးအပ်နိုင်ခရေလို့ သိရပါရေ။
"ခါသာရွာအတွက် ဆန်အိတ် (၁၀)အိတ်၊ ရီသန့်(၂၃၀)ပုလင်း၊ ကြက်ဥ (၅၀၀)လုံး၊ နပဲ့ချောင်းရွာအတွက် ဆန် (၁၇)အိတ်၊ ရီသန့် (၁၄၄) ပုလင်း၊ ကြက်ဥ(၁၀၀၀)လုံး ထောက်ပံ့ပီးနိုင်ခပြီးကေ ခါသာရွာက နီမကောင်းဖြစ်နီရေ လူမမာ (၆၀) ကျော်နန့် နပဲ့ချောင်းရွာက နီမကောင်း ဖြစ်နီရေ လူမမာ (၃၀) ကျော်ကို တာဝန်ခံ သူနာပြုဆရာ တယောက်က စမ်းသပ်ပြီးကေ လိုအပ်တေ ဆီးဝါးတိကို ပီးနိုင်ခရေ" လို့ "ဇ"အဖွဲ့ ဦးဆောင်သူ တယောက်ဖြစ်တေ ကိုကောင်းမြတ်ကျော်က ပြောပါရေ။
"အဓိက ဖျားရေလူမမာတိများပါရေ။ ဝမ်းနီမကောင်းဖြစ်စွာ စကေချေ ဟိနီပါရေ။ နောက် မကြာခင်မာ ဝမ်းရောဂါဖြစ်လာဖို့စွာကို စိုးရိမ်ရပါရေ။ ယင်းရွာတိက ကန်တိအားလုံး အညာရီမြုပ်လားလို့ (၂)မိုင်လောက်ဝီးရေ ခြိတ်တောင်ရွာက သောက်ရီရနိုင်ဖို့ လောင်းနန့် လားလို့ ရီခတ်နီကတ်ရပါရေ။ မင်းပြားရီဘေးသင့် ပြည်သူတိအတွက် အစားအစာ ရိက္ခာ ထောက်ပံ့ပီးရေ အဖွဲ့တိက အများကြီးဟိပြီးကေ ကျန်းမာရေး စောင့်ရှောက် ထောက်ပံ့ရေအဖွဲ့က နည်းနီရေအတွက် ကျွန်တော်ရို့ 'ဇ' ဖောင်ဒေးရှန်းက မင်းပြား ရီဘေးသင့်ရွာသူ/သားတိ ကျန်းမာရေးကို တဖက်တလမ်းက ကူညီထောက်ပံ့ ဆောင်ရွက်လားဖို့ အစီအစိုင်ဟိပါရေ။" လို့ ဦးဆောင်သူ တယောက်ဖြစ်တေ ကိုမြတ်စိုးကျော်က ပြောပါရေ။
"ဇ"'ဖောင်ဒေးရှန်း ကို မင်းပြားမြို့မာ ၂၀၀၄-၂၀၀၅ ပညာသင်နှစ် (၁၀)တန်း တတူ သင်ယူခကတ်တေ သူငယ်ချင်းတိက စုစည်းဖွဲ့စည်းထူထောင်ခစွာဖြစ်ပြီးကေ မင်းပြားမြို့နယ်အတွင်း ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စရေ လုပ်ငန်းတိကို ဆောင်ရွက်နီရေလို့ သိရပါရေ။
"ဇ" ဖောင်ဒေးရှန်း - မင်းပြား နန့် ဆက်သွယ်ချင်ရေဆိုပါကေ -
(၁) ကိုမြတ်စိုးကျော် (မင်းကြီး - ခွေဆိုင်)
Ph; 09 450541794
(၂) ကိုကောင်းမြတ်ကျော် (THAN Mobile)
Ph; 09 250242287
(၃) ကိုညီညီ (နန်းတော်ဝင် ဂိတ်မှူး)
Ph; 09 251026423
(၄) ကိုညီညီအောင် (SKY Mobile)
Ph; 09 250242158
ရို့ကို ဆက်သွယ်နိုင်ရေလို့ သိရပါရေ။
မင်းပြား - သတင်း
8 - 8 - 2015
0 comments:
Speak up your mind
Tell us what you're thinking... !