Mongbra Youth Association (MBYA) မင်းပြားလူငယ်များအဖွဲ့ကို အတည်​ပြုဖွဲ့စည်း - မင်းပြား - သတင်း
Headlines News :
Home » » Mongbra Youth Association (MBYA) မင်းပြားလူငယ်များအဖွဲ့ကို အတည်​ပြုဖွဲ့စည်း

Mongbra Youth Association (MBYA) မင်းပြားလူငယ်များအဖွဲ့ကို အတည်​ပြုဖွဲ့စည်း

Written By Mong Bra's News on Saturday, April 30, 2016 | 10:52 AM

မင်းပြား (April 30, 2016)

ရခိုင်ပြည် မင်းပြားမြို့၌ Mongbra Youth Association (MBYA) မင်းပြားလူငယ်များအဖွဲ့ကို (၃၀-၄-၂၀၁၆) ရက်နေ့ နေ့လည်ပိုင်းက မင်းပြားမြို့နယ်ဓမ္မာရုံ၌ ပြုလုပ်သည့် အစည်းအဝေးအပြီးတွင် အဖွဲ့ဝင်လူငယ် (၅၁)ဦးဖြင့် အတည်ပြု ဖွဲ့စည်းနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

အဖွဲ့၏ အဓိကရည်​ရွယ်​ချက်​မှာ မင်းပြားမြို့နယ်၏ ဖွံ့ဖြိုးတိုးတက်​ရေး လုပ်ငန်းများတွင် လူငယ်များ တတ်နိုင်သည့်ဘက်မှ ပါဝင်ဆောင်ရွက်ရန်ဖြစ်သည်ဟု သိရသည်။

အဆိုပါ Mongbra Youth Association (MBYA) မှ လူငယ်များသည် (၁-၅-၂၀၁၆) ရက် တနင်္ဂနွေနေ့ နံနက်ပိုင်းတွင် မင်းပြားမြို့ ကျိန်းတောင်ဇိဝှါဓာတ်တော် ဗုဒ္ဓပူဇနိယပွဲတော် အပြီး ကျန်ရစ်ခဲ့သည့် အမှိုက်များကို ရှင်းလင်းသွားမည်ဟု သိရသည်။

��������������������

မင်းပြားမြို့၏ အနာဂတ်အတွက် အားထားရမည့် Mongbra Youth Association (MBYA) ကို အတည်ပြုဖွဲ့စည်းနိုင်ခဲ့သည့်အတွက် MBYA မှ လူငယ်များကို လေးစားအားကိုးပါကြောင်းနှင့် မင်းပြားမြို့၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆထက်တပိုး ဆောင်ရွက်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

မင်းပြား - သတင်း
01 . 05 . 2016

Share this article :

0 comments:

Speak up your mind

Tell us what you're thinking... !

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. မင်းပြား - သတင်း - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger