မင်းပြား (May 25, 2016)
စစ်ဘေးရှောင်ပြည်သူများ ခိုလှုံလျှက်ရှိသော ကျောက်တော်နှင့် ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကျေးရွာများသို့ မင်းပြားမြို့နယ်မှ အလှူရှင်များ လှူဒါန်းသော ဆန်နှင့်ငွေကြေးများကို လှူဒါန်းထောက်ပံ့ပေးရန် မင်းပြားမြို့မှ ယနေ့ နံနက်ပိုင်းက ထွက်ခွာသွားကြောင်း သတင်းရရှိသည်။
မင်းပြားမြို့နယ်မှ စေတနာရှင် အလှူရှင်များ၊ မြို့နယ်စည်း/ထိန်း ရဟန်းတော်များအဖွဲ့၊ "ဇ"-ဖောင်ဒေးရှင်းအဖွဲ့၊ ကျိန်းရိပ်မျိုးချစ် ဖောင်ဒေးရှင်း(တောင်ပိုင်း) နှင့် မြေပုံမြို့နယ် တွင်း/ငါးခူချောင်း ပရဟိတလူငယ်များအဖွဲ့တို့ စုပေါင်းပြီး ဆန်အိတ် (၁၀၀) ခန့်နှင့် ငွေကျပ်သိန်း (၅၀) ကို ထောက်ပံ့ပေးသွားမည်ဟု သိရသည်။
အဆိုပါ မင်းပြားမြို့နယ်မှ အလှူရှင်များ စုပေါင်းအဖွဲ့သည် ယခု မေလဆန်းက ရသေ့တောင်နှင့် ဘူးသီးတောင်မြို့နယ်များရှိ စစ်ဘေးရှောင်ပြည်သူများအား ကျပ်သိန်း ၅၀ ခန့်တန်ဖိုးရှိသည့် အစားအစာရိက္ခာများ ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း သိရသည်။
မင်းပြား - သတင်း
25 . 05 . 2016
Photo : Lin Tun
0 comments:
Speak up your mind
Tell us what you're thinking... !