မင်းပြား (ဇွန် ၁ ၊ ၂၀၁၅)
ရခိုင်ပြည်၊ မင်းပြားမြို့မာ ဒေနှစ် နီရာသီ သောက်သုံးရီယှားပါးမှုကြောင့် ရီအခက်အခဲ ဖြစ်နီကတ်တေ မင်းပြားသူ/သားတိအတွက် ရန်ကုန်က မခိုင်ခိုင်နန့် သငယ်ချင်းတစုက ရီတင်ကား (၁၀) စီးစာ ဖေသာ ကျပ် (၃) သိန်းကို မင်းပြားမြို့၊ ကျိန်းရိပ်ကရုဏာ လူမှုကူညီရေးအဖွဲ့သို့ (၃၁-၅-၂၀၁၅) ရက်နိက ပီးအပ်လှူဒါန်းခရေလို့ သတင်းရဟိပါရေ။
မင်းပြားမြို့မာ ရီအခက်အခဲဖြစ်နီရေအတွက် စာရီးဆရာ ဝေဟင်အောင် ဦးဆောင်မှုနန့် ရန်ကုန်က မခိုင်ခိုင်ရို့ သငယ်ချင်းတစုက စုပေါင်းပနာ ရီကုသိုလ်ယူ အလှူဒါန ပြုလုပ်ခစွာဖြစ်ပြီးကေ နောက်ထပ်ရီအလှူရှင်တိကိုလေ့ ရီယှားပါးနီရေ မင်းပြားမြို့ကို အဓိကဦးစားပီး ရီလှူဒါန်းပီးဖို့ နှိုးဆော်တိုက်တွန်းထားရေလို့ စာရီးဆရာ ဝေဟင်အောင် က ပြောပါရေ။
ယင်း ရီကုသိုလ် အလှူဖေသာ ကျပ် (၃) သိန်းကို အလှူရှင်တိကိုယ်စား မင်းပြားမြို့ခံ ကိုဦးကျော်ဌေးက ပီးအပ်ပြီးကေ မင်းပြားမြို့ ကျိန်းရိပ်ကရုဏာ လူမှုကူညီရေးအဖွဲ့ ဘဏ္ဍာရေးမှူး ဦးကျော်ဝင်း က လက်ခံရယူခရေလို့ သိရပါရေ။
"ရီတင်ကား (၁) စီးကို ကားငှားခ၊ ဆီခအပါအဝင် ဖေသာ ကျပ် (၃) သောင်း ကုန်ကျရေအတွက် ရီတင်ကားတစီးကို ဖေသာ ကျပ် (၃) သောင်း လို့ သတ်မှတ်ထားစွာ ဖြစ်ပါရေ။ မင်းပြားမြို့နန့် ၁၀/၉ မိုင်လောက် ဝီးရေ ရီရဟိဖို့ နီရာတိကို လားပနာ ရီတင်လို့ မြို့ကို ဖြန့်ဝီပီးနီကတ်ရပါရေ" လို့ ကျိန်းရိပ်ကရုဏာ လူမှုကူညီရေးအဖွဲ့ ဒုဥက္ကဋ္ဌ ဦးသိန်းထွန်းက ပြောပါရေ။
"ကျနော်ရို့ အဖွဲ့ရံဘုံဖေသာကို မသုံးဘဲ အဖွဲ့ဝင်တိဘားက စေတနာပေါက် ထည့်ဝင်ကတ်ပြီးကေ အခြားအလှူရှင်တိ ထည့်ဝင်ကတ်တေ အလှူဖေသာနန့် ပူးပေါင်းလို့ မင်းပြားမြို့ ရီအခက်အခဲကို တတ်နိုင်ရေအဆီ ကူညီပီးစွာပါ။ မေလ (၂၈) ရက်နိက စတင်လို့ ရီဖြန့်ဝီပီးစွာပါ။ မေလ (၃၀) ရက်နိထိ (၃)ရက်မာ ရီတင်ကား (၂၃) စီး ဖြန့်ဝီပီးနိုင်ခပြီးကေ မေလ (၃၁) ရက် တလင်းဂနီနိမာတော့ ရန်ကုန်က ရီအလှူရှင် မခိုင်ခိုင်နန့် သငယ်ချင်းတစု လှူဒါန်းရေ ရီကား (၁၀) စီးကို မင်းပြားမြို့မာ ဖြန့်ဝီ လှူဒါန်းပီးနိုင်ခပါရေ။ ရီလှူဒါန်းပီးရေ ရန်ကုန်က မခိုင်ခိုင်နန့် သငယ်ချင်းတစုကိုလေ့ မင်းပြားသူ/သားတိ ကိုယ်စား ကောင်းကောင်း ကျေးဇူးမှတ်တမ်းတင်ရှိပါရေလို့ " ကျိန်းရိပ်ကရုဏာ လူမှုကူညီရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းထွန်း က ပြောပါရေ။
မင်းပြား - သတင်း
1 - 6 - 2015
0 comments:
Speak up your mind
Tell us what you're thinking... !