မင်းပြား (ဇွန် ၆၊ ၂၀၁၅)
၂၀၁၅ ခုနှစ် (၁၀)တန်း စာမီးပွဲကို မင်းပြားမြို့နယ် စာစစ်ဌာနတိက ဖြီဆိုအောင်မြင်ရေစာရင်းကို မင်းပြားမြို့နယ် ပညာရေးမှူးရုံးနန့် သက်ဆိုင်ရေ စာစစ်ဌာန ကျောင်းတိမာ (၆-၆-၂၀၁၅) ရက် စနီနိ မိုးထ (၆) နာရီအချိန်ကပင်စပနာ အောင်စာရင်းကပ်ထားယာလို့ သိရပါရေ။
၂၀၁၅ ခုနှစ် (၁၀) တန်း စာမီးပွဲကို မင်းပြားတမြို့နယ်လုံး စာစစ်ဌာနတိက ဝင်ရောက်ဖြီဆိုလူပေါင်း (၁၂၆၃) ယောက် ဟိခပြီးကေ အောင်မြင်ရေလူက (၄၀၇) ယောက် ဖြစ်တေလို့ သိရပါရေ။ တမြို့နယ်လုံး အောင်ချက်ရာခိုင်နှုန်းက (၃၂.၂၂)% ဖြစ်တေလို့ သိရပါရေ။
၂၀၁၅ ခုနှစ် (၁၀)တန်း စာမီးပွဲမာ မင်းပြားမြို့နယ်က ရဟိရေ ဂုဏ်ထူးရှင်တိက ဆိုပါကေ -
(၄) ဘာသာဂုဏ်ထူးရှင် = (၁) ယောက်
(၃) ဘာသာဂုဏ်ထူးရှင် = (၆) ယောက်
(၂) ဘာသာဂုဏ်ထူးရှင် = (၈) ယောက်
(၁) ဘာသာဂုဏ်ထူးရှင် = (၃၈) ယောက်
စုစုပေါင်း ဂုဏ်ထူးရှင် = (၅၃) ယောက်
ဂုဏ်ထူးရဘာသာအလိုက် ဆိုပါကေ -
မြန်မာစာဂုဏ်ထူး = (၅) ယောက်
သင်္ချာဂုဏ်ထူး = (၄) ယောက်
ဓာတုဗေဒဂုဏ်ထူး = (၁၀) ယောက်
ရူပဗေဒဂုဏ်ထူး = (၂၆) ယောက်
ဇီဝဗေဒဂုဏ်ထူး = (၂၆) ယောက်
ဘောဂဗေဒဂုဏ်ထူး = (၅) ယောက် ဖြစ်တေလို့ သိရပါရေ။
မင်းပြားမြို့နယ်စွာ (၁၀) တန်းစာမီးပွဲကို ၂၀၁၂ ခုနှစ်မာ (၃၇.၂၁)% နန့် ရခိုင်တပြည်လုံး အောင်ချက်အကောင်းဆုံး ပထမဆု၊ ၂၀၁၃ ခုနှစ်မာ (၂၈.၁၇)% နန့် ရခိုင်တပြည်လုံး အောင်ချက်အကောင်းဆုံး ပထမဆု၊ ၂၀၁၄ ခုနှစ်မာ (၂၄.၂၁)% နန့် ရခိုင်တပြည်လုံး အောင်ချက်အကောင်းဆုံး ပထမဆု ဆိုပနာ ရခိုင်တပြည်လုံး အောင်ချက်အကောင်းဆုံး ပထမဆုကို (၃) နှစ် ဆက်တိုက် ရဟိထားရေလို့လည်း သိရပါရေ။
ဒေနှစ် (၂၀၁၅ ခုနှစ်) ခါလေ့ မင်းပြားမြို့နယ်စွာ အောင်ချက်ရာနှုန်း (၃၂.၂၂) % နန့် ရခိုင်တပြည်လုံး အောင်ချက် အကောင်းဆုံး ပထမဆုကို ရရေလို့ သတင်းရဟိပါရေ။ မင်းပြားမြို့နယ်စွာ (၁၀) တန်း စာမီးပွဲကို အောင်ချက် အကောင်းဆုံး ပထမဆုမြို့နယ်အဖြစ် (၄) နှစ် ဆက်တိုက် အောင်ပွဲခံရဟိခရေအတွက် မင်းပြားမြို့နယ် ပညာရေးဌာနက ဆရာ/မ တိ နန့် ပြင်ပဆရာ/မတိ၊ ကျောင်းသား/သူ မိဖတိနန့် ကျောင်းသား/သူတိကို ကောင်းကောင်း ကျေးဇူးတင်ရှိ ပါကြောင်း မှတ်တမ်းတင်အပ်ပါရေ။
အဝီးရောက် အမျိုးတိ ကြည့်နိုင်ဖို့ မင်းပြားမြို့နယ် စာစစ်ဌာနတိအတွက် အောင်စာရင်းကို ပူးတွဲတင်ပီးလိုက်ပါရေ။
မင်းပြား - သတင်း
6 - 6 - 2015
0 comments:
Speak up your mind
Tell us what you're thinking... !