မင်းပြား (ဇွန် ၂၇၊ ၂၀၁၅)
လွန်ခရေ အပတ်ကပင်စလို့ နိတိုင်းဆက်ပနာ မိုးအားကြီးရွာချရေအတွက်နန့် လေးမြို့မြစ် ရီကြီးပနာ အညာရီတိုက်စားမှုကြောင့် မြစ်ကမ်းပြိုစွာမာ မင်းပြားမြို့က အိမ်(၂)ဆောင် မြစ်ထဲသို့ ပြိုဆင်းလခရေလို့ သိရပါရေ။
ယင်း အိမ် (၂)ဆောင်စွာ (၂၇-၆-၂၀၁၅) ဒေနိ မိုးထဖက် အချိန်လောက်က မြစ်ကမ်းထောင်းပဲ့ပနာ ပြိုဆင်းလားစွာဖြစ်ပြီးကေ အောက်ရွာပိုင်း၊ ပြည်တော်အေးရပ်ကွက် (ရွှေပြည်တန် - သင်းဖော ဆိပ်ကမ်းအနား) က ဦးခင်ဇော်ဝင်းနန့် ဦးမောင်လှကျော်ရို့ နီအိမ်တိ ဖြစ်တေလို့ သိရပါရေ။
မိုးထစောစော တအီးအီးနန့် ကမ်းထောင်းပြိုကျစွာဖြစ်လို့ အချိန်မီ လူသိလိုက်တေအတွက် အိမ်ထောင်ပစ္စည်းတိကို လုံခြုံဖို့နီအိမ်သို့ ပြောင်းပနာ နီအိမ်ဧ့ အစိတ်အပိုင်း တချို့တဝက်ကို ဖြိုဖျက် ယူဆောင်ခွင့်ရခပြီးကေ အိမ်အစိတ်အပိုင်း တချို့တော့ မြစ်ကမ်းထဲသို့ ပြိုဆင်းလခရေလို့ သိရပါရေ။
ဒေဂု မြစ်ထဲပြိုဆင်းလခရေ အိမ်(၂)ဆောင်နန့် ကပ်လို့ တည်ဆောက်ထားရေ ဦးအောင်ကျားထွန်း သစ်စက်လေ့ မြစ်ထဲပြိုကျနိုင်လို့ သစ်စက်ကို ချက်ချင်း ဖြိုဖျက်လိုက်ရရေလို့ သိရပါရေ။
ဒေဂု လက်ဟိမာတော့ မင်းပြားမြို့ မြစ်ကမ်းထောင်းပြိုကျမှု အန္တရာယ်ကို ကာကွယ်ဖို့အတွက် ဘိုးပိုင် အခြီပြု မြစ်ကမ်းထိန်းထရံ အရှည် ပေ (၃၀၀) တည်ဆောက်မှုလုပ်ငန်းကို ဝင်းကမ္ဘာ ဆောက်လုပ်ရေးကုမ္ပဏီလီမိတက်က ဖေသာ ကျပ်သန်း (၂၀၀) နန့် ဆောင်ရွက်နီရေလို့ သိရပါရေ။
" မင်းပြားမြို့၊ မြစ်ကမ်းထောင်းပြိုကျမှုကို ကာကွယ်ဖို့ အစိုးရက နည်းမျိုးစုံနန့် လုပ်ခပါယာ။ ယေကေလေ့ ကမ်းပြိုကျမှုကို ဒေနိထိ မတားဆီးနိုင်ပါသိ။ အစိုးရကလေ့ ဒေလောက် တားမရ၊ ဆီးမရအောင် ပြိုကျနီရေ မြစ်ကမ်းထောင်းကို တားဆီးလို့ ရနိုင်ဖို့ အာမခံချက်ဟိရေ နည်းလမ်းတိနန့် ဆောင်ရွက်ပီးဖို့ လိုအပ်ပါရေ။ တာဝန်ယူဆောင်ရွက်ခွင့်ရရေ ကုမ္ပဏီတိက မြစ်ကမ်းထောင်းပြိုကျမှုကို ကာကွယ်ဖို့ ကမ်းထိန်းထရံကို ဇာနှစ်နှစ်အာမခံရေ။ အာမခံရေနှစ်မစိခင် ပြိုဆင်းကေ ပြန်လုပ်ပီးဖို့ဆိုရေ အာမခံချက်မျိုး ပီးဖို့လိုအပ်တေ။ ယင်းပိုင် အာမခံချက်တိကို မြို့သူ/သားတိ သိသာအောင်လေ့ ချပြပနာ လုပ်ဆောင်သင့်ရေ " လို့ မင်းပြားမြို့ စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်ဇော်ဝင်း က ဆိုပါရေ။
"ထိုးမာ တောဖျား၊ တောင်ဖျားကပင် အဟိန်နန့် စီးဆင်းလာရေ တောင်ကျ အညာရီကို ဇာကမ်းထိန်းထရံကလေ့ တားဆီးနိုင်ဖို့မဟုတ်ပါ။ လုပ်သင့်စွာက အဟိန်ပြင်းပြင်းနန့် စီးဆင်းလာရေ မြစ်ရီကြောက မြို့ဖက်မြစ်ကမ်းပါးဖက်သို့ မတိုက်စားရအောင် ရီကြောကို မြို့ဖက်သို့မတိုက်စားရအောင် လွှဲပီးရပါဖို့။ ရီကြောလွှဲမရာ မြစ်ကမ်းပြိုရေ အန္တရာယ်ကို ထိန်းနိုင်ပါဖို့။
အဂု ပြိုကျလားရေ အိမ်တိဖက်မာတော့ ကမ်းထိန်းထရံ တည်ဆောက်မှုမဟိပါ။ မြစ်ကမ်းကို အညာရီ တိုက်စားခံရမှု အတွိအကြုံအရ ဒေဂု လက်ဟိ အညာရီမကျသိဘဲ အိမ်(၂)ဆောင် မြစ်ထဲ ပြိုကျလခကေ အညာရီကျလခပြီး နောက်ပိုင်းမာ ကမ်းထိန်းထရံမဟိရေ ဦးစိုးတင့် မြစ်ကမ်းနားဖက်နန့် အောက်ရွာပိုင်း၊ ပြည်တော်လှရပ်ကွက်ဖက် မြစ်ကမ်းနားတလျောက်မာ မြစ်ကမ်းထောင်းပြိုဆင်းနိုင်ပနာ လူနီအိမ်တိစွာ မြစ်ထဲ ပြိုဆင်းလားနိုင်ပါရေ။
နှစ်ကာလ အဆက်ဆက် မြစ်ကမ်းထောင်းပြိုစွာမာ ပါလခရေ လူတိကို သက်ဆိုင်ရေ အစိုးရဌာန လူကြီးတိက ပြန်လို့နီရာထိုင်ခင်း ချထားပီးမှုလေ့ မဟိခပါ။ ကမ်းထောင်းပြိုကျမှုကြောင့် ဒေ လေးမြို့မြစ်ထဲ မင်းပြားမြို့ တစိတ်ကာလောက် ကပ်ပါလားပါယာ။ ဒေအတိုင်းရာ ဆက်ဖြစ်နီဖို့ဆိုပါကေ လေးမြို့မြစ်ကမ်းစွာ ကျိန်းတောင်ခြီရင်းကိုထိ ရောက်လာပါဖို့" လို့ မင်းပြားမြို့က ဦးသိန်းစံက ပြောပါရေ။
အညာရီကြီးကေ ကမ်းထောင်းပဲ့ဖို့စွာကို အလိုလို ကြိုတင်လို့ သိနီရေ၊ မြစ်ကမ်းနားမာ နီရေ မင်းပြားသားတိက တနိနိ၊ တချိန်ချိန် ကိုယ်နီထိုင်ရေ အိမ် ဒေမြစ်ထဲ ပါဖို့စွာကို သိသိယင်းနန့် ဒေမြစ်ကမ်းနားက ကိုယ့်အိမ်မာပင် နီကတ်ရပါရေ။
"မင်းပြားမြို့ မြစ်ကမ်းထောင်းကို ကျိန်းတောင်ခြီရင်းထိ အရောက်ခံဖို့လား။.???
မဟုတ်ကေ မင်းပြားမြစ်ကမ်းထောင်းကို အပြိုမခံဘဲ ဇာပိုင်နည်းတိနန့် ဆောင်ရွက်ကတ်ဖို့လေး။..???" ဆိုစွာရေ မင်းပြားက အမျိုးချစ်တေ လူကြီးတိ ဦးဆောင်မှုနန့် မင်းပြားသူ/သားတိဧ့ စည်းလုံးညီညွတ်မှု၊ ကြိုးစားအားထုတ်မှုမာ မူတည်နီပါရေ။
မင်းပြား - သတင်း
27 - 6 - 2015
0 comments:
Speak up your mind
Tell us what you're thinking... !