ကမ္ဘာ့အာဇာနီ အသျှင်ဦးဥတ္တမ ကြီးသွန်းရုပ်ထု မင်းပြားမြို့မာသွန်းလုပ်ပြီးစီး - မင်းပြား - သတင်း
Headlines News :
Home » » ကမ္ဘာ့အာဇာနီ အသျှင်ဦးဥတ္တမ ကြီးသွန်းရုပ်ထု မင်းပြားမြို့မာသွန်းလုပ်ပြီးစီး

ကမ္ဘာ့အာဇာနီ အသျှင်ဦးဥတ္တမ ကြီးသွန်းရုပ်ထု မင်းပြားမြို့မာသွန်းလုပ်ပြီးစီး

Written By Mong Bra's News on Sunday, June 21, 2015 | 7:31 AM

မင်းပြား (ဇွန် ၂၁၊ ၂၀၁၅)

          ရခိုင်ပြည်၊ မင်းပြားမြို့မာ သမိုင်းမှတ်တိုင်အဖြစ် စိုက်ထူထားဟိဖို့ ကမ္ဘာ့အာဇာနီ အသျှင်ဦးဥတ္တမ ကြီးသွန်းရုပ်ထုကို (၂၁-၆-၂၀၁၅) ဒေနိခါ မြောက်ဦးက ပင့်ဆောင်ယူပနာ မင်းပြားမြို့၊ မြို့နယ်ဓမ္မာရုံကြီးအတွင်းမာ ယာယီ အပူဇော်ခံထားဟိရေလို့ သတင်းရဟိပါရေ။

          ယင်း အသျှင်ဦးဥတ္တမ ကြီးသွန်းရုပ်ထုကို  မြောက်ဦးမြို့၊ ညောင်ပင်ဈီးရပ်ကွက်က ရခိုင့်လက်မှု ကြီးသွန်းဆရာ ဦးကျော်သာညွန့် က (၂၀-၄-၂၀၁၅) ရက်နိကခါ မင်းပြားမြို့ မြို့နယ်ဓမ္မာရုံကြီးကွင်းမာ  သွန်းလုပ်ခပြီးကေ အချောသတ်ဆောင်ရွက်ဖို့ မြောက်ဦးသို့ယူဆောင်ပနာ ဒေနိခါ မင်းပြားမြို့သို့ ပြန်လို့ ပင့်ဆောင်လာစွာလို့ သိရပါရေ။

          "မင်းပြားမြို့မာ သမိုင်းမှတ်တိုင်အဖြစ် စိုက်ထူထားဟိဖို့ အသျှင် ဦးဥတ္တမ ကြီးသွန်းရုပ်ထု ဖြစ်လာအောင် အကြိမ်ကြိမ် အခါခါ ကြိုးစားခကတ်ရပြီးကေ နောက်ဆုံးမာ မင်းပြားမြို့နယ် သံဃာတော် အသျှင်သူမြတ်ရို့ ဦးဆောင်ပနာ (၂၆-၁၁-၂၀၁၄) ရက်နိက ဖြစ်မြောက်ရေးကော်မတီ ဖွဲ့စည်းပြီးကေ မင်းပြားမြို့သူ/သား၊ ရွာသူ/သား၊ စေတနာသျှင်​၊ အလှူသျှင်တိက စေတနာပေါက် အလှူထည့်ဝင်မှုနန့် ဖြစ်အောင်လုပ်ခစွာပါ" လို့ မင်းပြားမြို့ အသျှင် ဦးဥတ္တမ ကြီးသွန်းရုပ်ထု ဖြစ်မြောက်ရေး ကော်မတီ ဆရာတော်တပါး ဖြစ်တေ ဘဒ္ဒန္တ သဇ္ဇန (သီရိရတနာကျောင်းတိုက်) ချောင်းရှည်ကျောင်း ဆရာတော်က မိန့်ကြားပါရေ။

          မင်းပြားမာ စိုက်ထူဖို့ အသျှင် ဦးဥတ္တမ ကြီးသွန်းရုပ်ထုစွာ အမြင့် (၇) ပေ ဖြစ်ပြီးကေ ကြီးပိဿာချိန် (၂၂၀) နန့် သွန်းလုပ်ခစွာဖြစ်ပါရေ။ လုပ်ခအတွက် ဖေသာ ကျပ်သိန်း (၇၀) ပီးရပါရေ။ ရုပ်ထုရလာကေလေ့ အမြဲတမ်း စိုက်ထူထားဖို့ နီရာမဟိသိရေအတွက် မြို့နယ်ဓမ္မာရုံကြီးအတွင်းမာ ယာယီအပူဇော်ခံထားရရေ" လို့ ယင်း ဆရာတော်က မိန့်ပါရေ။

          ဒေနှစ် စက်တင်ဘာ (၉) ရက်နိခါ ကျရောက်ဖို့ဖြစ်တေ (၇၆) နှစ်မြောက် အသျှင်ဦးဥတ္တမနိကို မင်းပြားမြို့မာ အယင်နှစ်တိကထက်ပိုလို့ စည်စည်ကားကား ကျင်းပနိုင်ဖို့ ဖြစ်ပါရေ။ ယေဒါလေ့ ယင်းရုပ်ထုကို အမြဲတမ်းစိုက်ထူထားဖို့ နီရာက စိန်ခေါ်မှုတခု ဖြစ်နီပါရေ။

          "မင်းပြားမြို့ကို စလို့ မြို့တည်ရေလောက်ကပင် မြို့မဘောလုံးကွင်း ဆိုစွာဟိပါရေ။ ၁၉၈၈ ခုနှစ် စစ်အာဏာသိမ်းလို့ စစ်အစိုးရတက်လာခါ ယင်းမြို့မဘောလုံးကွင်းနီရာကို ဂန္ဓာဝေ ပန်းခြံ လို့ နာမေပီးပြီးကေ ပန်းခြံလုပ်ထားပါရေ။ လက်ဟိမာတော့ ယင်းဘောလုံးကွင်း အစိတ်အပိုင်းတချို့ကို စည်ပင်ရုံး၊ ကြံ့ခိုင်ရေးရုံးတိက နီရာယူထားပါရေ။ အဂု ယင်း ဂန္ဓဝေပန်းခြံကို ဦးဥတ္တမပန်းခြံ အဖြစ် ပြောင်းလဲပြီးကေ အသျှင် ဦးဥတ္တမ ကြီးသွန်းရုပ်ထုကို ယင်းပန်းခြံထဲမာ အမြဲတမ်း စိုက်ထူထားနိုင်ဖို့ မင်းပြားမြို့သူ/သားတိက အလိုဟိနီကတ်တေ။ ဖြစ်အောင်လေ့ မြို့လူထုကို စည်းရုံးပနာ ဆောင်ရွက်လားပါဖို့" လို့ မင်းပြားမြို့မာ အသျှင် ဦးဥတ္တမနိကို ဦးဆောင်ဦးရွက် ကျင်းပစွာမာ ပါဝင်လူတယောက်ဖြစ်တေ ဦးသိန်းစံ က ဆိုပါရေ။

          လက်ဟိအချိန်မာတော့ မင်းပြားမြို့မာ ကမ္ဘာကျော် အသျှင် ဦးဥတ္တမ ကြီးသွန်းရုပ်ထု ကို အကောင်အထည်ဖော် သွန်းလုပ်ပြီးစီး အပူဇော်ခံထားဟိနီယာ ဖြစ်ကေလေ့ ယင်းရုပ်ထုကို အမြဲတမ်းစိုက်ထူထားဟိဖို့ နီရာစွာ ဇာနီရာကို ရလာဖို့ဆိုစွာ မင်းပြားမြို့သူ/သား၊ ရွာသူ/သားတိဧ့ စည်းလုံးညီညွတ်မှု၊ ကြိုးစားအားထုတ်မှုမာ မူတည်နီပါရေ။


မင်းပြား - သတင်း
  21 - 6 - 2015

Share this article :

0 comments:

Speak up your mind

Tell us what you're thinking... !

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. မင်းပြား - သတင်း - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger