အစောင့်(၂)ယောက်ကို မျက်နှာကိုချုပ်၊ လက်ပြန်ကြိုးတုတ်လို့ ကျွဲခုံးတိုင်မာ ချိုင်ပနာ အုပ်စုလိုက် ကျွဲခိုးယူမှုဖြစ်ပွား - မင်းပြား - သတင်း
Headlines News :
Home » » အစောင့်(၂)ယောက်ကို မျက်နှာကိုချုပ်၊ လက်ပြန်ကြိုးတုတ်လို့ ကျွဲခုံးတိုင်မာ ချိုင်ပနာ အုပ်စုလိုက် ကျွဲခိုးယူမှုဖြစ်ပွား

အစောင့်(၂)ယောက်ကို မျက်နှာကိုချုပ်၊ လက်ပြန်ကြိုးတုတ်လို့ ကျွဲခုံးတိုင်မာ ချိုင်ပနာ အုပ်စုလိုက် ကျွဲခိုးယူမှုဖြစ်ပွား

Written By Mong Bra's News on Wednesday, July 15, 2015 | 5:10 AM

မင်းပြား (ဇူလိုင်  ၁၅၊ ၂၀၁၅)

         ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ ဖလောင်းပြင်ရွာအနားက ဖလောင်းပြင်မြက်ပြင်ကွင်း၊ လယ်ပြင်မာ (၁၄-၇-၂၀၁၅) ရက်နိ မိုးထ (၀၂း၃၀) နာရီ အချိန်လောက်က လယ်ပြင်တဲမာ ကျွဲတိကို စောင့်လို့အိပ်နီရေ အစောင့်(၂)ယောက်ကို မျက်နှာကိုချုပ်၊ လက်ပြန်ကြိုးတုတ်လို့ ကျွဲခုံးတိုင်မာ ချိုင်ပနာ အုပ်စုလိုက် ကျွဲခိုးမှု ဖြစ်ပွားခရေလို့ သတင်းရဟိပါရေ။

         အစောင့် (၂)ယောက်က မောင်အေးအေးထွန်း (အသက် ၁၆ နှစ်) နန့် မောင်ကျော်လင်းစိုး (အသက် ၁၄ နှစ်) ရို့ဖြစ်ပြီးကေ မင်းပြားမြို့နယ်၊ ဖလောင်းပြင်ရွာကလို့ သိရပါရေ။ ကျွဲပိုင်ရှင်စွာ ဖလောင်းပြင်ရွာသား ဦးမောင်ညွန့်အောင် (အထက်ငှက်ပျောချောင်းကျေးရွာ အုပ်စုစာရေး) ဖြစ်ပါရေ။
        
       ဖလောင်းပြင် မြက်ပြင်ကွင်းဆိုစွာ မင်းပြားက စစ်တွေသို့ ရီကြောင်း (ဘုတ် သင်းဖောတိနန့်) လားကေ ကြပ်စင်တောင်မော် အလွန် သင်္ဂနက်ဖက်ကိုလားခရေမြစ်နန့် စစ်တွေဖက်ကိုလားရေ မြစ် ၂ ခု ဆုံရေနီရာ (ကုက္ကိုပင်တပင်ဟိရေကျွန်း) ကိုခေါ်စွာလို့ သိရပါရေ။

      " အမှုဖြစ်စဉ်မာ (၁၃-၇-၂၀၁၅) ရက်နိက လယ်ပြင် အစောင့် (၂)ယောက်ဖြစ်တေ အေးအေးထွန်း နန့် ကျော်လင်းစိုးရို့စွာ ဖလောင်းပြင် မြက်ပြင်ကွင်းထဲက လယ်ပြင်မာဟိရေ တဲမာ ကျွဲတိကို စောင့်ယင်း အိပ်နီကတ်ပါရေ။ ယင်းပိုင် အိပ်နီချိန် (၁၄-၇-၂၀၁၅) ရက် (၀၂း၃၀) နာရီ အချိန်လောက်မာ တဲတန်းခါးကို လူတဖွဲ့က လာလို့ဖွင့်ပါရေ။ အေးအေးထွန်းက တဲထက်က ဆင်းလို့ပြီးဖို့ပျင်စွာ မရလိုက်ပါ။ သူရို့ (၂)ယောက်ကို ယင်းလူအဖွဲ့က ကျွဲချိုင်ကြိုးနန့် လက်ပြန်ကြိုးတုတ်လို့ မျက်နှာတိကိုသူရို့အိပ်တေ ပဆိုးနန့် ချုပ်ထားခပနာ ကျွဲတိကိုချိုင်ရေ ခုံးတိုင်မာ တယောက်တတိုင်စီ ချိုင်ပခပါရေ။ အေးအေးထွန်းက ထွက်ပြီးဖို့ ကြိုးစားလို့ သူ့ကို ယင်းလူထဲက တယောက်က ဓားပြက်နန့် တချိန်း သတ်ပစ်ခပါရေ။ "

        " ယပြီးကေ လယ်ပြင်တဲမာဟိရေ ကျွဲမ (၄)ကောင်ကို မြစ်ထဲမာတန့်ထားရေ ဘုတ်သို့ဆွဲချလားပါရေ။ လူအားလုံး (၇)ယောက်လောက် ဟိပါဖို့။ ရမ်းဗြဲသားစကား ပြောပါရေ။ သူရို့ ဘုတ်နန့်လာလို့ ကျွဲခိုးစွာပါ။ ကုန်းထက်ကို တက်လာရေ လူ (၇)ယောက်လောက်အပြင် ဘုတ်ထဲမာလေ့ လူတိ ဟိနိုင်ပါသိရေ။ "

         " အေးအေးထွန်းက အားနန့် ရုန်းလို့ လွတ်ဖို့ကြိုးစားခါ သူ့ကို ချိုင်ထားခရေ ခုံးတိုင်က စကေချေ တိုရေအတွက်နန့် ခုံးတိုင်က ကျွတ်ထွက်လခပါရေ။ ယင်းအတွက်နန့် သူရို့ (၂)ယောက်စလုံးက အနားမာဟိရေ အခြား လယ်စောင့်တဲက အစောင့်တိကို လားလို့နှိုးပနာ လိုက်လာချိန်ခါ ကျွဲခိုးရေလူတိဘုတ်က မြစ်ကမ်းက စလို့ထွက်ပါယာ။ သူရို့က ဓာတ်မီးထိုးကြည့်လို့ ယင်း ကျွဲခိုးအဖွဲ့က ပြန်လို့ဆဲပခပါသိရေ။ ယင်းဘုတ်စွာ သင်္ဂနက်မြစ်ကြောင်းဖက်ကို ထွက်လခပါရေ။ "

         " ကျွန်နော့မာ ကျွဲမ (၄)ကောင် ပါလခပြီးကေ ကာလတန်ဖိုးနန့် ဆိုပါကေ ဖေသာ သိန်း (၂၀)လောက် ဟိပါရေ။ ယင်းကျွန်းက ဦးအောင်သာကျော်မာလေ့ နွားအဘိုတကောင် ပါလခပါရေ။" လို့ အစောင့် (၂)ယောက် ပြောပြချက်ကို ကိုးကားပနာ ကျွဲပိုင်ရှင် ဦးမောင်ညွန့်အောင်က ပြောပါရေ။

         အဂုပိုင် အုပ်စုဖွဲ့ပနာ အစောင့်တိကို လက်ပြန်ကြိုးတုတ်၊ မျက်နှာချုပ်ထားပြီးကေ ကျွဲတိခိုးလားရေကိစ္စကို မင်းပြားမြို့နယ် သစ်ပုတ်တောင်ရဲကင်းကို အသိပီး အကြောင်းကြားထားရေ အတွက်ကြောင့် သက်ဆိုင်ရာ တာဝန်ဟိလူတိက လိုက်လို့ စုံစမ်းနီကတ်တေလို့ သိရပါရေ။


မင်းပြား - သတင်း
   15 - 7 - 2015

Share this article :

0 comments:

Speak up your mind

Tell us what you're thinking... !

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. မင်းပြား - သတင်း - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger