မင်းပြား (သြဂတ် ၁၊ ၂၀၁၅)
- အညာရီ (၂)ပေလောက် ခမ်း။
- မြို့ထက်က အိမ်ထောင်စုတချို့ ဘုန်းကြီးကျောင်းက အိမ်သို့ပြန်ကတ်။
- မင်းပြားမြို့အစွန် ရပ်ကွက်တိနန့် ရွာတချို့ အိမ်ထောင်စုတိ မင်းပြားမြို့ထက်က ဘုန်းကြီးကျောင်းတိမာ ခိုလှုံနီကတ်ရတုန်း။
- နယ်စပ်ရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစံရွှေအောင် အလှူငွေနန့် ဦးခင်ဇော်ဝင်း ဦးဆောင်ရေ ယာယီ ရီဘေးကယ်ဆယ်ရေး ချက်ပြုတ်ရေးအဖွဲ့က ကျောင်းသစ် ဘုန်းကြီးကျောင်းမာ စခန်းချပနာ ရီဘေးဒုက္ခသည်အများစုကို ထမင်းကျွေး။
- ရခိုင်သဟာယအသင်း(ရန်ကုန်)က ယာယီ ရီဘေးကယ်ဆယ်ရေးအဖွဲ့သို့ ဆန်အိတ် (၁၀၀) လှူဒါန်း။
- မင်းပြားမြို့နယ် အုပ်ချုပ်ရေးမှူးက ယာယီ ရီဘေးကယ်ဆယ်ရေးအဖွဲ့သို့ ဆန်အိတ် (၅၀) လှူဒါန်း။
(ယင်း ဆန်အိတ် ၅၀ ကို ဒေနှစ် နီရာသီ မင်းပြား ရီအခက်အခဲကို ဖြီရှင်းဖို့ ပြည်နယ်ဝန်ကြီးချုပ်ဘားက ပီးခရေ ဖေသာ သိန်း ၁၅၀ ထဲက အသုံးပြုထားရေလို့ သိရ။)
- နယ်စပ်ရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစံရွှေအောင် မင်းပြားသို့ ဟေလီကော်ပတာနန့် ရောက်။
- မြို့ထဲမာ အညာရီ ခါးလောက်၊ ပေါင်လောက် တင်ကျန်တုန်း။
- အိမ်တိရီမြုတ်၊ ပျက်စီးလားလို့ အိမ်ပြန်ဖို့ ခက်ခဲပနာ မင်းပြားမြို့ထက်က ဘုန်းကြီးကျောင်းတိမာ သောင်တင်နီကတ်တေ အိမ်ထောင်စု (၁၀၀၀) လောက်ဟိနီ။
- မင်းပြားမာ ပေါ်ဆန်မွှီးဆန် တအိတ် ပုံမှန်ဈီး (၃၀၀၀၀ိ/-) ဝန်းကျင်က (1-8-2015) ရက်နိခါ ဆန်တအိတ် (၄၀၀၀၀ိ/-) အထက်မာဟိနီ။
မင်းပြားမြို့နယ်ရွာတိကိုထောက်ပံ့မှု
""""""""""""""""""""""""""""""""""
- ဦးခင်ဇော်ဝင်း ဦးဆောင်ရေ ယာယီကယ်ဆယ်ရေးအဖွဲ့က တောင်တိုက်၊ ကြမ်းတိုက်၊ နရမ်းရွာကြီး၊ ပြားချောင်းတောင်၊ ရွာ (၄)ရွာကို တရွာစီအတွက် ဆန်(၅)အိတ်နန့် ရီသန့်ဘူး(၆၀)စီ လားရောက် ထောက်ပံ့ခရေလို့ သိရ။
- မင်းပြားမြို့ ကျိန်းရိပ်ကရုဏာ လူမှုကူညီရေးအဖွဲ့က ဒုံးသားရွာအတွက် ဆန် (၁၅)အိတ်၊ ခြိတ်တောင်ရွာအတွက် ဆန်(၂၀)အိတ်၊ ပြားချောင်းတောင်ရွာအတွက် ဆန် (၅)အိတ်၊ ဘူးပင်ရွာအတွက် ဆန်(၁၂)အိတ်၊ တောင်မော်ဦးဘုန်းကြီးကျောင်းမာ ခိုလှုံနီကတ်ရေ ရီဘေးဒုက္ခသည်တိ အတွက် ဆန် (၃)အိတ် လားရောက် လှူဒါန်းခရေလို့ သိရ။
- မင်းပြားမြို့နယ် မြောက်ပိုင်း ရွာတိမာ အစားအစာ သောက်/သုံးရီ အခက်အခဲဟိ၊ ထမင်းငတ်နီကတ်။
- ကယ်ဆယ်ရေးအဖွဲ့ အစားအသောက် ထောက်ပံ့ရေးအဖွဲ့တိ အကူအညီ အများကြီး လိုအပ်နီ။
မင်းပြား - သတင်း
1 - 8 - 2015
0 comments:
Speak up your mind
Tell us what you're thinking... !