မင်းပြားမြို့၌ ချို့ယွင်းနေသော လျှပ်စစ်မီးစက်ကြီးကို ပြုပြင်နေစဉ်အတွင်း ရပ်ကွက်လိုက် အလှည့်ကျ မီးပေးမည်ဟုဆို - မင်းပြား - သတင်း
Headlines News :
Home » » မင်းပြားမြို့၌ ချို့ယွင်းနေသော လျှပ်စစ်မီးစက်ကြီးကို ပြုပြင်နေစဉ်အတွင်း ရပ်ကွက်လိုက် အလှည့်ကျ မီးပေးမည်ဟုဆို

မင်းပြားမြို့၌ ချို့ယွင်းနေသော လျှပ်စစ်မီးစက်ကြီးကို ပြုပြင်နေစဉ်အတွင်း ရပ်ကွက်လိုက် အလှည့်ကျ မီးပေးမည်ဟုဆို

Written By Mong Bra's News on Friday, August 21, 2015 | 5:23 AM

မင်းပြား (သြဂုတ် ၂၁၊ ၂၀၁၅)

        ရခိုင်ပြည်၊ မင်းပြားမြို့၌ လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းမှ လျှပ်စစ်မီး ပေးနေသော 550 KVA မီးစက်ကြီးမှာ စက်ချို့ယွင်းသွားသဖြင့် စက်ပြုပြင်နေစဉ်အတွင်း ရပ်ကွက်အလိုက် အလှည့်ကျစနစ်ဖြင့် လျှပ်စစ်မီး ဖြန့်ဖြူးပေးသွားမည် ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ ထုတ်ပြန်ကြော်ငြာချက် အရ သိရသည်။

        မင်းပြားမြို့၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ ရပ်ကွက် ၃ ခုသို့ လျှပ်ဓာတ်အား ဖြန့်ဖြူးပေးလျှက်ရှိရာ 550 KVA မီးစက်ဖြင့် အောက်ရွာပိုင်းရပ်ကွက်နှင့် အလယ်ပိုင်းရပ်ကွက်များသို့ လည်းကောင်း၊ 300 KVA မီးစက်ဖြင့် ဈေးဟောင်းပိုင်း ရပ်ကွက်သို့ လည်းကောင်း နေ့စဉ် ညနေ (၇)နာရီခန့်မှ (၁၀)နာရီခွဲခန့်အထိ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေး​နေခဲ့ရာ 550 KVA မီးစက်မှာ ချို့ယွင်းသွားသည့်အတွက် အဆိုပါစက်ကို ပြုပြင်နေစဉ်ကာလအတွင်း 300 KVA စက်ဖြင့် ရပ်ကွက် အလိုက် အလှည့်ကျစနစ်ဖြင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးသွားမည်ဟု သိရသည်။

        အဆိုပါ လျှပ်စစ်မီးစက်​ချို့ယွင်းမှုနှင့် ပတ်သက်၍ ယနေ့ (၂၁-၈-၂၀၁၅) နေ့လည် (၁) နာရီ အချိန်ခန့်​က ဌာနဆိုင်ရာများနှင့် မြို့သူ/သားများက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၌ ညှိနှိုင်းအစည်းအဝေး ပြုလုပ်ရာ 550 KVA မီးစက်အား ပြုပြင်နေစဉ် ကာလအတွင်း 300 KVA မီးစက်ဖြင့် ရပ်ကွက်လိုက် အလှည့်ကျ လျှပ်စစ်မီး ဖြန့်ဖြူးပေးသွားမည်ဟု ညှိနှိုင်းဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။

       "အခု ချို့ယွင်းနေတဲ့ 550 KVA မီးစက်ကို ပြည်နယ်လျှပ်စစ်ဓာတ်အား လုပ်ငန်းက စက်ပြင်ဆရာများက (၂၀-၈-၂၀၁၅) နေ့ရက်ကစပြီး ပြုပြင်နေပါတယ်။ စက်ပြင်နေစဉ်ကာလအတွင်း ညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်အရ 300 KVA စက်နဲ့ ရပ်ကွက်အလိုက် အလှည့်ကျ စနစ်နဲ့ လျှပ်စစ်မီး ဖြန့်ဖြူးပေးဖို့ ဖြစ်ပါတယ်။ စက်ပြုပြင်ပြီးသွားရင်တော့ ယခင်အတိုင်း ပုံမှန် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးသွားမှာ ဖြစ်ပါတယ်။" ဟု မင်းပြားမြို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ မြို့နယ်လျှပ်စစ်မှူး  ဦးလှထွန်းက ပြောသည်။

        "မင်းပြားမြို့မှာ အရင်က EPC က မဟုတ်ဘဲ မြို့မီးလင်းရေး ကော်မတီက မီးပေးတဲ့အချိန်က မီတာခ တစ်ယူနစ်ကို ၃၀၀ ကျပ် ပေးရတယ်။ အခုတော့ EPC က လျှပ်စစ်မီတာ တစ်ယူနစ်ကို ၃၅ ကျပ်ဆိုတော့ မီးသုံးစွဲသူတွေက အရင်ကထက်ပိုပြီး မီးသုံးစွဲမှု များလာကြတယ်။ အထူးသဖြင့် လျှပ်စစ်ထမင်းအိုး၊ မီးဖို၊ မီးပူ သုံးစွဲတာတွေ တအားများလာလို့ မကြာခဏ မီးပြတ်တောက်တာတွေ ရှိပါတယ်။ ည ၇ နာရီက ၉ နာရီ အချိန်ထိဆို လျှပ်စစ်မီးကို အများဆုံး သုံးစွဲကြတော့ အဲဒီအချိန်မှာ မီးပြတ်တောက်မှု ပိုဖြစ်ပါတယ်။" ဟု သူက ဆက်ပြောသည်။

          လက်ရှိအခြေအနေအရ မင်းပြားမြို့မှာ ၃ ရက်မှ တစ်ခါ လျှပ်စစ်ဓာတ်အား ရရှိမည်ဖြစ်ပြီး ကျောင်းသား/သူများ အနေဖြင့် ဖယောင်းတိုင်မီးဖြင့် စာဖတ်ကြရမည် ဖြစ်ကာ ဖုန်းသုံးစွဲသူများမှာ အနေဖြင့် ကိုယ်ပိုင်မီးစက်ဖြင့် လျှပ်စစ်မီးသုံးစွဲနေရသော လဘက်ရည်ဆိုင်များတွင် သူ့ထက်ငါ လက်ဦးမှုရအောင် ဖုန်းဘက်ထရီ အားသွင်းနေကြရမည် ဖြစ်ပါသည်။


မင်းပြား - သတင်း
   21 - 8 - 2015
      

Share this article :

0 comments:

Speak up your mind

Tell us what you're thinking... !

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. မင်းပြား - သတင်း - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger