မင်းပြားတွင် လျှပ်စစ်မီးမလင်းသောကြောင့် မြို့လူထုအုံကြွဆန္ဒပြ - မင်းပြား - သတင်း
Headlines News :
Home » » မင်းပြားတွင် လျှပ်စစ်မီးမလင်းသောကြောင့် မြို့လူထုအုံကြွဆန္ဒပြ

မင်းပြားတွင် လျှပ်စစ်မီးမလင်းသောကြောင့် မြို့လူထုအုံကြွဆန္ဒပြ

Written By Mong Bra's News on Thursday, August 20, 2015 | 8:09 AM

မင်းပြား (သြဂုတ် ၂၀၊ ၂၀၁၅)

       ရခိုင်ပြည်၊ မင်းပြားမြို့တွင် လျှပ်စစ်မီး မရရှိသောကြောင့် ယနေ့ (၂၀-၈-၂၀၁၅) ရက် ညည့် (၈)နာရီ အချိန်ခန့်က မြို့လူထု အုံကြွ ဆန္ဒပြမှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။

        မင်းပြားမြို့ရှိ လျှပ်စစ်မီးစက်မှ လျှပ်စစ်မီး အဆင်ပြေ ကောင်းမွန်စွာမရရှိဘဲ လျှပ်​စစ်​မီး မကြာခဏ ပြတ်​​တောက်​မှုဒဏ်ကို သည်းခံနေကြရသော မင်းပြားမြို့လူထု (၁၀၀၀) ကျော်ခန့်က ယနေ့ညတွင် တပြိုင်တည်း အုံကြွဆန္ဒပြခြင်းဖြစ်ကြောင်း သိရသည်။

        မင်းပြားမြို့၊ လျှပ်စစ်မီးစက်ကြီးရှေ့တွင် လျှပ်စစ်မီး ကောင်းမွန်စွာရရှိရေးအတွက် မြို့လူထုက အုံကြွတောင်းဆို ဆန္ဒဖော်ထုတ်ကြသောကြောင့် မြို့နယ်ရဲတပ်ဖွဲ့မှူးက လာရောက် ထိန်းသိမ်း ညှိနှိုင်းခဲ့ရသည်ဟု သိရသည်။

        ဆန္ဒပြလူထုသည် ထိုမှတဆင့် မြို့နယ် အုပ်ချုပ်ရေးမှူး နေအိမ်ရှေ့၌ လျှပ်စစ်မီးရရှိရေးအတွက် ဆန္ဒဖော်ထုတ်ကြသောကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူးက မနက်ဖြန် တာဝန်ရှိသူများနှင့် ညှိနှိုင်းကာ လျှပ်စစ်မီးကိစ္စနှင့် ပတ်သက်၍ အကောင်းဆုံး ဖြစ်အောင် စီစဉ်ဆောင်ရွက်ပေးမည်ဟု ပြောကာ လူစုခွဲစေခဲ့သည်ဟု သိရသည်။

        မင်းပြားမြို့တွင် မြို့ပေါ် ရပ်ကွက်ကြီး (၃)ခုသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ 500 KVA နှင့် 300 KVA မီးစက်ကြီး (၂) လုံးဖြင့် နေ့စဉ် ညနေ (၇)နာရီခန့်မှ (၁၀)နာရီခွဲခန့်အထိ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးလျှက်ရှိရာ လျှပ်စစ်ဓာတ်အား သုံးစွဲမှုများလာသောကြောင့် လျှပ်စစ်မီးများ မကြာခဏ ပြတ်တောက်နေရသည်ဟု မြို့နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

       မိမိတို့ ရခိုင်ပြည်မှ ထွက်ရှိသော ရွှေသဘာဝဓာတ်ငွေ့ကို အသုံးပြုခွင့်မရရှိဘဲ ပြည်မမှလာသော မဟာဓာတ်အားလိုင်းသည် မင်းပြားမြို့နယ်အတွင်းမှ ဖြတ်သန်းသွား​သော်​လည်း မင်းပြားမြို့ပေါ်၌မူ စုတ်ပြတ်သတ်နေသော မီးစက်ဖြင့် (၄)နာရီကြာကြာခန့် ရရှိပြီး မကြာခဏ ပြတ်တောက်နေသော လျှပ်စစ်ဓာတ်အားကို သုံးစွဲနေကြရသည်ဟု သိရသည်။

မင်းပြား - သတင်း
  20 - 8 - 2015

Share this article :

0 comments:

Speak up your mind

Tell us what you're thinking... !

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. မင်းပြား - သတင်း - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger