မင်းပြား (သြဂတ် ၃၊ ၂၀၁၅)
ရခိုင်ပြည်၊ မင်းပြားမြို့ ရီဘေးဒုက္ဂ္ခသည်တိအတွက် စစ်တွေမြို့၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့က ဦးဆောင်ပနာ ထောက်ပံ့ပစ္စည်းတိကို မင်းပြားမြို့ ရီဘေးဒုက္ခသည်များ ထောက်ပံ့ရေး အဖွဲ့သို့ (၃-၈-၂၀၁၅) ရက်နိက လာရောက်ပီးအပ်ခရေလို့ သတင်းရဟိပါရေ။
စစ်တွေမြို့၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့က ဦးဆောင်ပြီးကေ စစ်တွေမြို့မိ/ဖတိ၊ NGO တိ၊ အလှူရှင်တိ စုပေါင်းလှူဒါန်းရေ ဖေသာ ကျပ်သိန်း (၂၀၀) ကျော် တန်ဖိုးဟိရေ ပုဆိုး၊ ခြင်ထောင်၊ မုန့်ခြောက်၊ သဗုန်၊ ရီပုံး၊ ရီခွက်၊ ဆီးဝါး အစဟိရေ ပစ္စည်းအမျိုးအစား (၃၅) မျိုးကို လာရောက်ပီးအပ်ခစွာ ဖြစ်ပါရေ။
ယင်း ထောက်ပံ့ပစ္စည်းတိကို စစ်တွေမြို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့က တာဝန်ဟိပုဂ္ဂိုလ်တိက ရီဘေးဒုက္ခသည်များ ထောက်ပံ့ရေး စခန်း တည်နီရာဖြစ်တေ ကျိန်းတောင်တက်လမ်းနားက ဓမ္မိကာရုံ ဘုန်းကြီးကျောင်းမာ လွှဲပြောင်းပီးအပ်ခပြီးကေ မင်းပြား ရီဘေးဒုက္ခသည်များ ထောက်ပံ့ရေးအဖွဲ့ တာဝန်ဟိလူတိက လက်ခံခရေလို့ သိရပါရေ။
ယင်း ထောက်ပံ့ပစ္စည်းတိကို မင်းပြားမြို့နယ်က ရီဘေးသင့် ပြည်သူတိ လက်ထဲသို့ရောက်အောင် မင်းပြား ရီဘေးဒုက္ခသည်များ ထောက်ပံ့ရေးအဖွဲ့က တာဝန်ယူ ဖြန့်ဝီပီးလားဖို့ ဖြစ်ပါရေ။
အဂုပိုင် မင်းပြား ရီဘေးဒုက္ခသည်တိအတွက် ထောက်ပံ့ပစ္စည်းတိကို အပင်ပန်းခံပနာ လာရောက်ပီးအပ်ခရေ စစ်တွေမြို့၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့က တာဝန်ဟိ ပုဂ္ဂိုလ်တိနန့် စစ်တွေမြို့မိ/ဖတိ၊ NGO တိ၊ အလှူရှင်တိကို မင်းပြားမြို့သူ/သား၊ ရွာသူ/သားတိကိုယ်စား ကျေးဇူးတင်ဟိပါရေ။
မင်းပြား - သတင်း
3 - 8 - 2015
0 comments:
Speak up your mind
Tell us what you're thinking... !