မင်းပြား (သြဂုတ် ၃၁၊ ၂၀၁၅)
ရခိုင်ပြည်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့အား ယခင် ရပ်ကွက် (၃)ခုဖြင့် ဖွဲ့စည်းထားရာမှ ယခု ရပ်ကွက် (၅)ခုတိုးချဲ့ကာ စုစုပေါင်းရပ်ကွက် (၈)ခုဖြင့် ပြန်လည်တိုးချဲ့ ဖွဲ့စည်းလိုက်သည်ဟု သိရပါသည်။
မင်းပြားမြို့အား ရပ်ကွက် (၈)ခုဖြင့် ပြန်လည်တိုးချဲ့ ဖွဲ့စည်းခွင့်ကို ပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာ (၇၉၉/၂၀၁၅) ဖြင့် ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။
မင်းပြားမြို့ပေါ်တွင် အောက်ရွာပိုင်းရပ်ကွက်၊ အလယ်ပိုင်းရပ်ကွက်နှင့် ဈေးဟောင်းပိုင်းရပ်ကွက် ဟူ၍ ရပ်ကွက်ကြီး (၃)ခု ရှိခဲ့သည့်အနက် ယခု နောက်ထပ် တိုးချဲ့ ဖွဲ့စည်းလိုက်သော ရပ်ကွက် (၅)ခုမှာ ဥက္ကာပျံရပ်ကွက်၊ မြို့သစ်ရပ်ကွက်၊ ဦးစိုးတင့်ရပ်ကွက်၊ ပြည်တော်လှရပ်ကွက်နှင့် မင်းဗာကြီးရပ်ကွက်တို့ ဖြစ်ကြသည်။
ယခင် ဈေးဟောင်းပိုင်းရပ်ကွက်ကို ယခု ဈေးဟောင်းပိုင်းရပ်ကွက်၊ မြို့သစ်ရပ်ကွက်နှင့် ဥက္ကာပျံရပ်ကွက် ဟူ၍လည်းကောင်း၊ အလယ်ပိုင်းရပ်ကွက်ကို အလယ်ပိုင်းရပ်ကွက်နှင့် ဦးစိုးတင့်ရပ်ကွက် ဟူ၍လည်းကောင်း၊ အောက်ရွာပိုင်းရပ်ကွက်ကိုမူ အောက်ရွာပိုင်းရပ်ကွက်ဟူ၍ မသုံးစွဲတော့ဘဲ ပြည်တော်သာရပ်ကွက်၊ ပြည်တော်လှရပ်ကွက် နှင့် မင်းဗာကြီးရပ်ကွက် ဟူ၍လည်းကောင်း၊ ရပ်ကွက် (၈)ခုဖြင့် ပြန်လည် ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်ဟု သိရသည်။
ဥက္ကာပျံရပ်ကွက်တွင် ဥက္ကာပျံ(ရခိုင်)၊ ဥက္ကာပျံ(မရမာ)၊ ဥက္ကာပျံ (အောင်မင်္ဂလာ)၊ ဂန့်ဂေါ်မြိုင်(တောင်) နှင့် ဂန့်ဂေါ်မြိုင်(မြောက်) တို့ပါဝင်သည်။ မြို့သစ်ရပ်ကွက်တွင် မြို့သစ်(ရခိုင်)၊ မြို့သစ်(မရမာ)၊ အမှုထမ်းစု၊ ဘာခံ(ရခိုင်)၊ ဘာခံ(မရမာ) တို့ပါဝင်သည်။ ဈေးဟောင်းပိုင်းရပ်ကွက်တွင် ကျွန်းညို(ရခိုင်)၊ ကျွန်းညို(ရွာသစ်)၊ ဈေးဟောင်း(အရှေ့)၊ ဈေးဟောင်း(အနောက်)၊ ခဝါသည်တန်း၊ ရဲစခန်းနှင့် ရွှေမင်းကန် တို့ပါဝင်သည်။
အလယ်ပိုင်းရပ်ကွက်တွင် အလယ်ပိုင်းတစ်ခုတည်းပါဝင်ပြီး ဦးစိုးတင့်ရပ်ကွက်တွင်လည်း ဦးစိုးတင့်တစ်ခုတည်း ပါဝင်သည်။
ပြည်တော်သာရပ်ကွက်တွင် ပြည်တော်သာ၊ ပြည်တော်အေး၊ လမ်းမတော်နှင့် ရွာသာယာတို့ ပါဝင်သည်။ ပြည်တော်လှရပ်ကွက်တွင် ပြည်တော်လှ၊ သင်္ဘောဆိပ်ရွာသစ်၊ သပြေညို တို့ပါဝင်သည်။ မင်းဗာကြီးရပ်ကွက်တွင် မင်းဗာကြီး၊ ဂမ္မရွာနှင့် အောင်သာယာ တို့ပါဝင်သည်။
ယခုအခါ မင်းပြားမြို့နယ်တွင် မြို့ပေါ်ရပ်ကွက် (၈)ခု၊ ကျေးရွာအုပ်စု (၆၂)အုပ်စုနှင့် ကျေးရွာပေါင်း (၂၄၆) ရွာ ရှိကာ လူဦးရေ
(၂-သိန်း) ခန့် နေထိုင်လျှက်ရှိသည်ဟု သိရသည်။
မင်းပြား - သတင်း
31 - 8 - 2015
0 comments:
Speak up your mind
Tell us what you're thinking... !