မင်းပြား (သြဂတ် ၅၊ ၂၀၁၅)
ရခိုင်ပြည်၊ မင်းပြားမြို့နယ်က ရီဘေးဒုက္ခသည်တိကို ထောက်ပံ့ပစ္စည်းတိ ကူညီထောက်ပံ့ ပီးနိုင်ဖို့အတွက် "မင်းပြားမြို့နယ် ရီဘေးဒုက္ခသည် ကူညီထောက်ပံ့ရေးအဖွဲ့" ကို (၄-၈-၂၀၁၅) ရက်နိက သံဃာတော်တိ၊ ဌာနဆိုင်ရာတိ၊ လူမှုရေးအဖွဲ့အစည်းတိနန့် စုပေါင်း ဖွဲ့စည်းလိုက်တေလို့ သိရပါရေ။
ယင်းအဖွဲ့က ရီဘေးဒုက္ခကျရောက်တေ ရွာတိအတွက် ထောက်ပံ့ရေးပစ္စည်းတိကို ဖြန့်ဝီပီးနီရေလို့ သိရပါရေ။ မင်းပြားမြို့နန့် လားရ လာရ လွယ်ကူရေ ရွာတိက သက်ဆိုင်ရေ တာဝန်ဟိ လူတိကို မင်းပြားမြို့သို့ ခေါ်ယူလိုက်ပြီးကေ ခွဲတမ်းရရေ ထောက်ပံ့ပစ္စည်းတိကို ဖြန့်ဝီပီးနီရေလို့ သိရပါရေ။
မင်းပြားမြို့သို့ လာဖို့ အခက်အခဲ ဟိနီသိရေ ရွာတိကိုတော့ ထောက်ပံ့ပစ္စည်း ဖြန့်ဝီရေး ကော်မတီက အဖွဲ့တိခွဲလို့ ရွာအရောက် လားရောက် ပီးနီကတ်တေလို့ သိရပါရေ။
ဒေအဖွဲ့က ရီဘေးဒုက္ခရောက်ခရေ ရွာတိသို့ အဓိက အစားအစာဖြစ်တေ ဆန်၊ သောက်ရီ၊ ခြင်ထောင်၊ ပုဆိုး၊ အဝတ်အစား၊ အရေးပေါ် ရီသန့်စက်ကိရိယာ၊ ရီးပုံး အစဟိရေ ထောက်ပံ့ပစ္စည်းတိကို ရွာလူဦးရွီအလိုက် ခွဲဝီ ထောက်ပံ့ပီးနီရေလို့ သိရပါရေ။
ဒေအဖွဲ့က (၅-၈-၂၀၁၅) ရက်နိ ဖြန့်ဝီပီးခရေ ရွာတိနန့် ဆန်အိတ် အရွီအတွက်ကို ဖော်ပြပီးလိုက်ပါရေ။
(၁) တံခွန်တိုင် - (၁၃)အိတ်
(၂) ကေသလာပြွန်ဝ - (၁၂)အိတ်
(၃) သင်းပေါင်းချောင်း - (၁၆)အိတ်
(၄) ခွဆုံ - (၂၅)အိတ်
(၅) ဒိုင်းသား - (၇)အိတ်ခွဲ
(၆) သိန်တောင် - (၁၇)အိတ်
(၇) ပေါက်တော - (၂)အိတ်
(၈) ရွှေကျန် - (၄၂)အိတ်
(၉) ထိန်ပင် - (၄)အိတ်
(၁၀) ထိန်ပင် ခွဆုံ - (၁၂)အိတ်
(၁၁) ကြက်ယက် - (၁၁)အိတ်
(၁၂) နပဲ့ချောင်း - (၁၄)အိတ်
(၁၃) င/ပုကွ - (၂၈)အိတ်
(၁၄) ခေါင်းလောင်းသစ်- (၅)အိတ်
(၁၅) ခေါင်းလောင်းဟောင်း - (၆)အိတ်
(၁၆) ဇီးပင်ကြီး - (၁၇)အိတ်
(၁၇) အဝရွာ - (၁၃)အိတ်
(၁၈) ဆင်အိုး - (၉)အိတ်
(၁၉) ခြိတ်တောင် - (၁၁)အိတ်
(၂၀) ပြိုင်းချောင်း - (၁၉)အိတ်
ဒေဂု ခွဲဝီပီးထားရေ ဆန်အိတ် အရွီအတွက်စွာ လူတယောက်စီအတွက် ဆန်(၄)ဘူး (၂ ရက်စာ) အတွက်ရာ ပီးထားစွာ ဖြစ်ပြီးကေ အခြားကျန်ရေ ရွာတိအတွက်လေ့ ဆက်လက် ဖြန့်ဝီလားဖို့လို့ သိရပါရေ။
မင်းပြားမြို့နယ်မာ ရွာပေါင်း (၂၄၆) ရွာ ဟိပြီးကေ ရွာအားလုံးနီးပါးက လူပေါင်း (၂)သိန်းလောက် ရီဘေးဒုက္ခကို ခံစားနီကတ်ရရေအတွက် အစားအစာရိက္ခာ လိုအပ်ချက်တိ အများကြီး ဟိနီပါသိရေ။ ယင်း အတွက်နန့် ကိုယ့်အမျိုးတိ အသက်ဆက် ရပ်တည်နိုင်ဖို့ ကိုယ်ရို့ တတ်နိုင်ရေဖက်က တတ်နိုင်သလောက် ထောက်ပံ့လှူဒါန်း ပီးကတ်စီချင်ပါရေ။
မင်းပြား - သတင်း
5 - 8 - 2015
0 comments:
Speak up your mind
Tell us what you're thinking... !