မင်းပြား (နိုဝင်ဘာ ၅၊ ၂၀၁၅)
ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ ရခိုင်အမျိုးသားပါတီ (ANP) အောင်နိုင်ရေးအတွက် မင်းပြားမြို့နယ်ရှိ သောင်းနှင့်ချီသော မြို့လူထုက မြို့ပတ်လမ်းလျှောက် အင်အားပြမှုတစ်ရပ်ကို ယနေ့ (၅-၁၁-၂၀၁၅) နံနက် (၁၀) နာရီအချိန်ခန့်က မင်းပြားမြို့ပေါ်တွင် ပြုလုပ်ခဲ့သည်ဟု သတင်းရရှိပါသည်။
ထို (ANP) အောင်နိုင်ရေး အင်အားပြလူထုသည် မင်းပြားမြို့၊ မြို့မတောင်ကျောင်းမှ စတင်ထွက်ခွါပြီး မင်းပြားမြို့တစ်ပတ် ချီတက်အင်အားပြကာ မြို့မတောင်ကျောင်း၌ပင် အဆုံးသတ်ခဲ့သည်ဟု သိရသည်။
ထို့နောက် မြို့မတောင်ကျောင်း၌ သောင်းနှင့်ချီသော မင်းပြားမြို့လူထုကို ရခိုင်အမျိုးသားပါတီ (ANP)မှ ဦးအေးသာအောင်နှင့် ဒေါ်အေးနုစိန်တို့က (ANP) အောင်နိုင်ရေးအတွက် ဟောပြောခဲ့ကြပြီး ဟောပြောပွဲကို နေ့လည် (၂)နာရီခန့်တွင် အဆုံးသတ်ကာ လူစုခွဲခဲ့ကြသည်ဟု သိရသည်။
ယနေ့ မင်းပြားမြို့၌ ပြုလုပ်သော ရခိုင်အမျိုးသားပါတီ (ANP) အောင်နိုင်ရေး အင်အားပြ လူထုချီတက် လှုပ်ရှားမှုသည် အလွန်ပင် စည်ကားခဲ့ကာ မြို့လူထု၏ ထောက်ခံအားပေးမှုကို ရရှိခဲ့သည်ဟု ဆိုရမည် ဖြစ်ပေသည်။
မင်းပြား - သတင်း
5 - 11 - 2015
0 comments:
Speak up your mind
Tell us what you're thinking... !