မင်းပြားမြို့နယ်၊ ကျားပိုက္ကေရွာတွင် မိန်းကလေး ပုံသဏ္ဍာန် ဘူးသီးမှာ ပုံစံသွင်းမှုကြောင့်သာဖြစ်ဟုဆို - မင်းပြား - သတင်း
Headlines News :
Home » » မင်းပြားမြို့နယ်၊ ကျားပိုက္ကေရွာတွင် မိန်းကလေး ပုံသဏ္ဍာန် ဘူးသီးမှာ ပုံစံသွင်းမှုကြောင့်သာဖြစ်ဟုဆို

မင်းပြားမြို့နယ်၊ ကျားပိုက္ကေရွာတွင် မိန်းကလေး ပုံသဏ္ဍာန် ဘူးသီးမှာ ပုံစံသွင်းမှုကြောင့်သာဖြစ်ဟုဆို

Written By Mong Bra's News on Thursday, December 17, 2015 | 7:51 AM

မင်းပြား (Dec 17, 2015)

ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ ကျားပိုက္ကေကျေးရွာတွင် မိန်းကလေးငယ်တစ်ဦးနှင့် ပုံသဏ္ဍာန်တူသည့် ဘူးသီးတစ်လုံး သီးသည်ဆိုပြီး ထူးခြားဆန်းပြားသည့် သတင်းတစ်ပုဒ် Facebook ၌ (၁၆-၁၂-၂၀၁၅) ရက်နေ့က စတင်ပျံ့နှံ့ခဲ့ရာ အဆိုပါ သတင်းအမှန်မှာ ပုံစံသွင်းပြုလုပ်ထားမှုကြောင့်သာ ဖြစ်ကြောင်း သိရပါသည်။

အဆိုပါ မိန်းကလေးပုံသဏ္ဍာန် ဘူးသီးဖြစ်အောင် စမ်းသပ်ပြုလုပ်ခဲ့သူမှာ မင်းပြားမြို့နယ်၊ ဖလောင်းပြင်ကျေးရွာအုပ်စု၊ ကျားပိုက္ကေကျေးရွာမှ ဦးအောင်ခိုင်ဇံ ဆိုသူဖြစ်ပါသည်။

သူသည် ရန်ကုန်မှာရှိနေစဉ် တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် လူပုံစံ သစ်သီးကို စားဖူးသောကြောင့် မိမိနေထိုင်ရာ ကျေးရွာသို့ပြန်ရောက်လာသောအခါ ဘူးသီးကို စမ်းသပ်ပြုလုပ်ရန် စိတ်ကူးရကာ ဘူးသီး သီးစအချိန်တွင် ပလပ်စတိတ် မိန်းကလေးအရုပ်ကို အောက်ခြေမှ ပိုင်းဖြတ်ပြီး ထိုအရုပ်အတွင်း ဘူးသီးကိုထည့်သွင်းကာ ဘူးသီးကြီးထွားလာအောင်ထိ အချိန်ယူကာ မိန်းကလေးငယ် ပုံသဏ္ဍာန်ဖြစ်အောင် ဖန်တီးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

သူက သူ၏စမ်းသပ်ချက်ကို အဖြစ်မှန်အတိုင်း မပြောဘဲ လူအများအံ့သြသင့်စေရန် နောက်ပြောင် ပြသခဲ့ရာ အဆိုပါ မိန်းကလေးပုံသဏ္ဍာန် ဘူးသီးသတင်းသည် အချိန်အနည်းငယ်အတွင်း Facebook ၌ ပျံ့နှံ့သွားခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ယခုအချိန်တွင် အဆိုပါ မိန်းကလေး ပုံသဏ္ဍာန် ဘူးသီးကို ပိုင်ရှင်မှတဆင့် ဘူးသီးကျော်ရောင်းသည့် အကျော်သည်အား ရောင်းချခဲ့ပြီးဖြစ်ရာ ထိုဘူးသီးမှာ ဘူးသီးကျော် အဖြစ်သို့ ရောက်ရှိသွားပြီဟု သတင်းရရှိပါသည်။

မင်းပြား - သတင်း
17 - 12 - 2015

Share this article :

0 comments:

Speak up your mind

Tell us what you're thinking... !

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. မင်းပြား - သတင်း - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger