မင်းပြားမြို့၌ သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးသင်တန်း ဖွင့်လှစ် - မင်းပြား - သတင်း
Headlines News :
Home » » မင်းပြားမြို့၌ သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးသင်တန်း ဖွင့်လှစ်

မင်းပြားမြို့၌ သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးသင်တန်း ဖွင့်လှစ်

Written By Mong Bra's News on Monday, March 14, 2016 | 7:18 AM

မင်းပြား (March 14, 2016)

သဘာဝဘေးအန္တရာယ် ဖြစ်လာခဲ့ပါက ​ဘေးဒုက္ခသည်များအား စနစ်တကျ ကူညီကယ်ဆယ်နိုင်ရေးအတွက် သင်တန်းတစ်ခုကို ရခိုင်ပြည်၊ မင်းပြားမြို့၊ ကျိန်းတောင်တက်လမ်းအနီး သီရိရတနာ ချောင်းရှည်ကျောင်းတိုက်၌ (၁၄-၃-၂၀၁၆) မှ (၁၈-၃-၂၀၁၆) ထိ ဖွင့်လှစ် ပို့ချလျှက်ရှိသည်ဟု သတင်းရရှိပါသည်။

အဆိုပါ သင်တန်း၌ ကြက်ခြေနီတပ်ဖွဲ့ဝင် စေတနာ့ လုပ်အားရှင် သင်တန်းသား (၂၁)ဦးနှင့် သင်တန်းသူ (၉)ဦး၊ စုစုပေါင်း (၃၀)ဦး တက်ရောက်လျှက်ရှိပြီး ကျောက်တော်မြို့နယ်မှ (၃)ဦး၊ မြောက်ဦးမြို့နယ်မှ (၃)ဦး၊ မြေပုံမြို့နယ်မှ (၃)ဦး၊ မင်းပြားမြို့ပေါ်မှ (၁၃)ဦးနှင့် မင်းပြားမြို့နယ်မှ (၉)ဦး ဖြစ်ကြောင်း သိရသည်။

၎င်းသင်တန်းကို ရခိုင်ပြည်၊ မင်းပြားမြို့မှ သင်တန်း နည်းပြတစ်ဦး၊ ကျောက်တော်မြို့မှ တစ်ဦးနှင့် ဧရာဝတီတိုင်းမှ နှစ်ဦး စုစုပေါင်း သင်တန်းနည်းပြ (၄)ဦးက (၅)ရက်တိတိ သင်ကြားပို့ချပေးသွားမည်ဟု သိရသည်။

" ဒီသင်တန်းရဲ့ အဓိက ရည်ရွယ်ချက်က သဘာဝဘေးအန္တရာယ်တစ်ခုခု ဖြစ်လာခဲ့ရင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို စနစ်တကျ ကူညီလုပ်ဆောင်နိုင်ဖို့နဲ့ ကြက်ခြေနီ တပ်ဖွဲ့ဝင်တွေ စွမ်းဆောင်ရည် မြင့်မားစေဖို့အတွက် ဖြစ်ပါတယ်။"ဟု ဤသင်တန်း၏ သင်တန်းမှူးလည်းဖြစ်သူ မင်းပြားမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ ရေးထောက်အရာရှိ မျိုးဇော်ထွန်းဦးက ပြောသည်။

ဤသင်တန်း၌ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သော ဝေါဟာရအဓိပ္ပာယ်များ၊ ကြိုတင်အသိပေးစနစ် ၊ ကူညီကယ်ဆယ်ရေး စီမံခန့်ခွဲမှု၊ အရေးပေါ် လူနာသယ်ဆောင်နည်း၊ စွမ်းဆောင်ရည် မြင့်မားရေးသင်တန်း၊ အကြို လေ့လာဆန်းစစ်ခြင်းနှင့် စာရင်းဇယား ကောက်ယူခြင်း၊ သဘာဝဘေးအန္တရာယ် သီအိုရီ၊ အရေးပေါ် ဆေးပစ္စည်းနှင့် အစားအစာ၊ ရှေးဦးပြုစုသူတစ်ဦး၏ အခြေခံစံနှုန်းများ စသော သင်ခန်းစာများကို ထည့်သွင်းကာ သင်ကြားပို့ချသွားမည်ဟု သိရသည်။

ဤသင်တန်းဖြစ်မြောက်အောင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ ရေဘေး ပြန်လည်ထူထောင်​ရေး အသက်မွေးဝမ်းကျောင်း စီမံချက်၊ အရေးပေါ် တုန့်ပြန်ကယ်ဆယ်ရေးအဖွဲ့ Emergency Response Team (ERT) မှ ကူညီပံ့ပိုးပေးခြင်းဖြစ်ကြောင်း သိရသည်။

မင်းပြား - သတင်း
14 . 03 . 2016

Share this article :

0 comments:

Speak up your mind

Tell us what you're thinking... !

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. မင်းပြား - သတင်း - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger