မင်းပြားမြို့နယ်မှ လူငယ်တစ်ဦး ပါးစပ်အတွင်း ငပြေမဝင်သွား၍ သေဆုံး - မင်းပြား - သတင်း
Headlines News :
Home » » မင်းပြားမြို့နယ်မှ လူငယ်တစ်ဦး ပါးစပ်အတွင်း ငပြေမဝင်သွား၍ သေဆုံး

မင်းပြားမြို့နယ်မှ လူငယ်တစ်ဦး ပါးစပ်အတွင်း ငပြေမဝင်သွား၍ သေဆုံး

Written By Mong Bra's News on Monday, March 14, 2016 | 12:52 PM

မင်းပြား (March 14, 2016)

ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ ဖားပျော်(ချင်း) ကျေးရွာမှ အသက်(၂၀)ခန့်ရှိသည့် ချင်းတိုင်းရင်းသား လူငယ်တစ်ဦး၏ ပါးစပ်အတွင်းသို့ ငပြေမ ဝင်ရောက်သွား၍ သေဆုံးသွားခဲ့ရသည့် ဖြစ်ရပ်တစ်ခု (၁၄-၃-၂၀၁၆) မနေ့က ဖြစ်ပွားခဲ့သည်ဟု သိရသည်။

အဆိုပါ လူငယ်သည် ငါးရှာနေစဉ် ဖမ်းဆီးရမိသော ငပြေမတစ်ကောင်ကို ပါးစပ်အတွင်းငုံ၍ ငါးခေါင်းကို သွားဖြင့်ကိုက်ပြီး ဆက်လက် ငါးရှာနေခဲ့ရာ ထိုငါးက ရုန်းရင်းကန်ရင်းဖြင့် ထိုလူငယ်၏ လည်ချောင်းထဲသို့ ဝင်ရောက်သွားခဲ့ပြီး အသက်ရှူလမ်းကြောင်းပိတ်ကာ သေဆုံးသွားခဲ့ရခြင်းဖြစ်ကြောင်း မင်းပြားမြို့နယ် ပြည်သူ့ဆေးရုံမှ လက်ထောက်ဆရာဝန် ဒေါက်တာ တင်မြင့်ဦး၏ Facebook ၌ ဖော်ပြထားချက်အရ သိရပါသည်။

ထိုလူငယ်အား မင်းပြားမြို့ ပြည်သူ့ဆေးရုံသို့ ယူဆောင်လာချိန်တွင် အသက်ပါမလာခဲ့သောကြောင့် သေဆုံးရသည့် အကြောင်းရင်းကို သိရှိရန် ရင်ခွဲစစ်ဆေးကြည့်ရာ ပုံပါအတိုင်း လည်ချောင်းအတွင်းမှ ငပြေမကို တွေ့ရှိရကြောင်း ဖော်ပြထားသည်။

မင်းပြား - သတင်း
14 . 03 . 2016

Photo credit : Tinmyint Oo
Source: https://m.facebook.com/story.php?story_fbid=658720504268493&id=100003916485050

Share this article :

0 comments:

Speak up your mind

Tell us what you're thinking... !

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. မင်းပြား - သတင်း - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger