မင်းပြားမြို့တွင် ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာ ဆရာဖြစ်သင်တန်း ဖွင့်လှစ်မည် - မင်းပြား - သတင်း
Headlines News :
Home » » မင်းပြားမြို့တွင် ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာ ဆရာဖြစ်သင်တန်း ဖွင့်လှစ်မည်

မင်းပြားမြို့တွင် ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာ ဆရာဖြစ်သင်တန်း ဖွင့်လှစ်မည်

Written By Mong Bra's News on Thursday, March 17, 2016 | 12:12 PM

မင်းပြား (March 18, 2016)

ဓမ္မရောင်ခြည်အဖွဲ့မှ ဆရာတော်များနှင့် သင်တန်းဆရာများက ဦးဆောင်ကာ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာ ဆရာဖြစ် သင်တန်းတစ်ခုကို ရခိုင်ပြည်၊ မင်းပြားမြို့၊ ကျိန်းတောင်တက်လမ်းအနီး၊ သီရိရတနာ (ချောင်းရှည်) ကျောင်းတိုက်၌ (၂၁-၃-၂၀၁၆) မှ (၂၅-၃-၂၀၁၆) ထိ (၅)ရက်တိုင်တိုင် ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

အဆိုပါ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာ ဆရာဖြစ် သင်တန်းသို့ တက်ရောက်လိုသူများ အနေဖြင့် နယ်မှလာရ၍ နေထိုင်စရာ အခက်အခဲရှိပါက သင်တန်းကာလအတွင်း နေထိုင်စရာ စီစဉ်ပေးမည်ဖြစ်ပြီး အစားအသောက်အတွက် မိမိတို့အစီအစဉ်ဖြင့် စားသောက် တက်ရောက်ရမည်ဟု သိရသည်။

အဆိုပါ သင်တန်းသို့ တက်ရောက်လိုသူများမှာ (၂၀-၃-၂၀၁၆) ရက်နေ့ကို နောက်ဆုံးထားပြီး မင်းပြားမြို့နယ် သံဃနာယက ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တ သဇ္ဇန (သီရိရတနာ ချောင်းရှည် ကျောင်းတိုက်) သို့ လာရောက် စာရင်းပေးသွင်းနိုင်ပါကြောင်း အသိပေး နှိုးဆြော်အပ်ပါသည်။

အသေးစိတ် သိရှိလိုပါက ဖုန်းနံပါတ် ၀၉၈၅၀၈၁၃၃ နှင့်  ၀၉၂၅၀၂၄၂၁၅၁ တို့ကို ဆက်သွယ် မေးမြန်းနိုင်ကြောင်း သိရသည်။

မင်းပြား - သတင်း
18 . 03 . 2016

Share this article :

0 comments:

Speak up your mind

Tell us what you're thinking... !

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. မင်းပြား - သတင်း - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger